Breaking News

စိတ်တိုဒေါသထွက်လွယ်သူတွေ နားထောင်သင့်တဲ့ ဒေါသတစ်ဝက်မက လျှော့ချပေးမယ့် ရှစ်မိနစ်ကြာသီချင်း Love



အလွယ်တကူ စိတ်တိုဒေါသထွက်လွယ်သူတွေဟာ ဒါကိုကုစားဖို့ တရားထိုင်တာမျိုးတွေ၊ ကုထုံးတွေနဲ့ကုသတာမျိုးတွေ ရှိကြသလို တစ်ချို့ကျတော့လည်း ဒါကို လျစ်လျူရှုနေလိုက်တာမျိုးတွေ ရှိကြပါတယ်။  အပေါ်ကပြောသွားတဲ့အချက်မှာ ရှေ့နှစ်ချက်က ထိုက်သင့်သလောက် သင့်ကိုအကျိုးကျေးဇူးတွေ ရရှိခံစားစေမှာဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ အလွယ်တကူ ဒေါသထွက်လွယ်တဲ့သူဆိုရင်တော့ တစ်ရက်လောက် ကုသလိုက်ရုံနဲ့ လွယ်လွယ်ကူကူ ပျောက်သွားမှာတော့ မဟုတ်ပါဘူး။

ဒါ့ကြောင့် သုတသနပညာရှင်တွေဟာ စိတ်တိုဒေါသထွက်လွယ်သူတွေ နားထောင်ဖို့ဆိုပြီး ဒေါသမီးကို ၆၇ရာခိုင်နှုန်းလျှော့ချ ပေးနိုင်တဲ့ သီချင်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြပါတယ်။ ယူကေက သုတေသနပညာရှင်တွေဟာ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီး စိတ်ဖိစီးမှုတွေ၊ ဒေါသတွေလျော့နည်းသွားအောင် ဘယ်လိုသီချင်းမျိုး ဖန်တီးရမယ်ဆိုတာ သိရှိခဲ့ပါတယ်။

အဖွဲ့ဝင်သုံးဦးဖွဲ့စည်းထားတဲ့ Marconi Union က အနုပညာရှင်တွေနဲ့  သုတေသနပညာရှင်တွေ ဆွေးနွေးကာ နှလုံးခုန်နှုန်းပိုနှေးသွားအောင်၊ စိတ်ဖိစီးမှုမြင့်မားစေတဲ့ ဟိုမုန်း cortisol ကို နည်းပါးသွားအောင်၊ သွေးပေါင်ချိန် ပုံမှန်ဖြစ်သွားအောင် Weightless ဆိုတဲ့ သီချင်းကို ဖန်တီးခဲ့ပြီး ဒီသီချင်းဟာ ရှစ်မိနစ် ကြာမြင့်တယ်လို့ သိရပါတယ်။ သီချင်းလင့်ခ်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ တစ်ချက်သတိထားရမှာက ကားတွေဘာတွေမောင်းနေရင်းတော့ ဒီသီချင်းကို နားမထောင်တာ ကောင်းတယ်ဆိုတာပါပဲ။


Credit :Trend Myanmar