Breaking News

ချစ်သူများနေ့ အထိမ်းအမှတ် ချစ်သူနဲ့ နေ့လည်စာ ထွက်စားခဲ့တဲ့ ဂိုးသမား ဒီဂီယာ Love,

မန်ယူအသင်း ဂိုးသမား ဒီဂီယာဟာ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ်ချစ်သူ ဂါစီယာကိုခေါ်ပြီး နေ့လည်စာထွက်စားခဲ့ကြောင်း သိရပါတယ်။
play

ချစ်သူများနေ့မရောက်ခင်တစ်ရက်အလို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သူတို့နှစ်ဦးဟာ မန်ချက်စတာမြို့တွင်းက နာမည်ကျော်အကင်ဆိုင်မှာ နေ့လည်စာသွားစားကြတာဖြစ်ပါတယ်။ တကယ်တမ်းချစ်သူများနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဒီဂီယာက ယခုတစ်ပတ်အတွင်းကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်အတွက် ပြင်ဆင်ရမှာဖြစ်တာကြောင့် မအားလပ်တာမို့ ချစ်သူများနေ့ အကြိုးစားနေ့လည်စာသွားစားခဲ့တာပါ။ ဒီဂီယာတို့စုံတွဲ သွားရောက်စားသောက်ခဲ့တဲ့ အကင်ဆိုင်ဟာ Bem Brasil လို့အမည်ရပြီး မကြာသေးခင်ကမှ နာမည်ကျော်ဘောလုံးသမားတွေအုပ်စုအတွင်း နာမည်ကျော်ပိုပြီးကျော်ကြားလာတာဖြစ်ပါတယ်။
play

ဒီအကင်ဆိုင်ကို ဒီဂီယာမတိုင်ခင်က ဇလေတန်အီဘရာဟီမိုဗစ်ခ်ျနဲ့ မက်ခီတာယန်းတို့လည်းသွားရောက်စားသောက်ခဲ့ကြပါသေးတယ်။ စပိန်က Got Talent  ဖျော်ဖြေရေးအစီအစဉ်ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဂါစီယာဟာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ဒီဂီယာနဲ့အတူ အပြင်ထွက်လာခဲ့တာပါ။

ဒီဂီယာရဲ့ချစ်သူ ဆယ်လီတစ်ဦးဖြစ်တဲ့ ဂါစီယာဟာ ၂၀၁၅ ခုနှစ်တုန်းက စပိန်ကိုကိုယ်စားပြုပြီး သီချင်းဆိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးပေမယ့်အောင်မြင်မှုတော့ မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ စနေနေ့တုန်းက ဝက်ဖို့ဒ်ကို ၂-၀ ဂိုးနဲ့ မန်ယူက အနိုင်ရတဲ့ပွဲစဉ်မှာ ဒီဂီယာဟာ လက်စွမ်းပြပြီး ကူညီပေးနိုင်ခဲ့ပါသေးတယ်။ မန်ယူအသင်းက အခုတပတ် ကြာသပတေးနေ့မှာ စိန့်အက်တီယန်အသင်းနဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပြိုင်ပွဲ ပထမအကျော့အဝေးကွင်းသွားရောက်ကစားရမှာဖြစ်ပါတယ်။

အခုတစ်လောမှာ မန်ယူအသင်းဂိုးသမား ဒီဂီယာကိုရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ပြန်လည်ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ မန်ယူအသင်း ဂိုးသမားဒီဂီယာဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော် ၂၀၁၅ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ရုံသာမက အသင်းပြောင်းဖို့ သဘောတူညီမှုပါ ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူအသင်းဘက်က အချိန်ဆွဲခဲ့တာကြောင့် အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်၊ နောက်ဆုံးအချိန်မှာ အချိန်မမီပဲ ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။ အခု လက်ရှိဥရောပချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂိုးသမားနာဗက်စ်နေရာမှာ အခြားထိပ်သီးဂိုးသမားတစ်ဦးဦးနဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။
Source : The Sun   Credit :duwun