Breaking News

ရည်းစားမရှိသူတွေအတွက် သောကြာညနေမှာ ပြုလုပ်စရာ (၅) ခု Love,


play

သောကြာနေ့ကို ရောက်လာပါပြီ။ တစ်ပတ်လုံးလုံး အလုပ်ပင်ပန်းသမျှ ခေါင်းဆေးရမယ့်နေ့ပေါ့။ သူများတွေ TGIF လုပ်နေပေမဲ့ ကိုယ့်မှာ ရည်းစားလေးတစ်ယောက်မှ မရှိဘူးဆိုရင်တော့ ပျင်းစရာကောင်းရတယ်မဟုတ်ပါလား။ Single တွေ သောကြာညနေကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ အိုင်ဒီယာနည်းနည်းလောက် ပေးပါ့မယ်။
၁။ ဘော်ဒါတွေ
ဘော်ဒါတွေစုပြီး တစ်နေရာရာသွားပေါ့။ ကချင်၊ ခုန်ချင်ရင်လည်း နိုက်ကလပ်ကို သွားလို့ရမယ်။ သောက်ချင်စားချင်ရင်လည်း ဆိုင်တစ်ဆိုင်မှာ စုကြဆုံကြရင်း စကားပြောကြတာ ကောင်းပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ အားလုံးစုပြီး ဆုံကြတာလည်း ကောင်းပါတယ်။
၂။ လေ့ကျင့်ခန်း
အားကစားခန်းမ (Gym) သွားတာက အညောင်းထိုင်ရသူတွေအတွက်ပါ။ ကိုယ်လက် လှုပ်ရှားရင်း အာရုံကြောတွေ လန်းဆန်းသွားမှာပေါ့။ ချွေးလေးဘာလေးထွက်သွားတော့ လူလည်း ပေါ့ပါးသွားမယ်လေ။
၃။ ရုပ်ရှင်
ရုပ်ရှင်ရုံမှာ အေးအေးဆေးဆေး ညပွဲ သွားကြည့်ဖို့ကိုလည်း အကြံပေးလိုက်ပါတယ်။ ညဘက်ဆိုတော့ လူလည်းမများတော့ဘူး။ ဇာတ်လမ်းအပေါ် အပြည့်အဝ အာရုံစိုက် ခံစားနိုင်မှာဖြစ်ပါတယ်။
၎။ ပြပွဲ/ ရှိုးပွဲ
ကိုယ်က အေးအေးဆေးဆေးသမားဆိုရင်တော့ ဓာတ်ပုံပြပွဲ၊ ပန်းချီပြပွဲတွေ အခမ်းအနားတွေကိုလည်း တက်ရောက်ကြည့်ရှုပါ။ သောကြာညနေလိုမျိုးမှာ ပြပွဲတွေက လူရှင်းတတ်ပါတယ်။ ကိုယ့်အတွက် ပိုပြီး အခွင့်အရေးရတာပေါ့။ ရှိုးပွဲတွေဘာတွေ သွားချင်လည်း သွားလိုက်ပေါ့။ ခုန်ပေါက် အော်ဟစ်လို့ မောသွားလည်း ကိစ္စမရှိပါဘူး။ နက်ဖြန် စောစောမထရဘူးလေ။
play

၅။ တစ်ယောက်ယောက်ကိုချိန်းတွေ့
ရည်းစားရှာနေသူ ဆိုရင်တော့ မမြင်ဖူးသေးတဲ့လူ တစ်ယောက်လောက်နဲ့ ချိန်းတွေ့လိုက်ပါ။ ရိုမန့်တစ်ဆန်ဆန် ညစာစားရင်း စကားပြောကြည့်ပေါ့။ သောကြာညနေနေ့ဟာ လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖို့အတွက် အချိန်အခါကောင်းတစ်ခုပါပဲ။

Credit :duwun