Breaking News

"စေ့စပ်လက်စွပ်ဝတ်ထားပြီဖြစ်တဲ့ မင်းသားဟယ်ရီရဲ့ရည်းစား Love

play

အမေရိကန်မင်းသမီး မီဂန်မာကယ်ရဲ့ညာဘက်လက်သူကြွယ်မှာ H ဆိုတဲ့ စာလုံးပုံပါတဲ့ ရွှေလက်စွပ်တစ်ကွင်းဝတ်ထားတာကို မြင်တွေ့ရတာဖြစ်တဲ့အတွက် သူမနဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီတို့ရဲ့အချစ်ရေးက နောက်တစ်ဆင့်တက်လှမ်းနေပြီ ထင်ပါတယ်။
စေ့စပ်လက်စွပ်ဆိုတာ ပုံမှန်အားဖြင့် ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်ဆင်တာဖြစ်ပေမဲ့ ညာဘက်လက်သူကြွယ်မှာ ဝတ်ဆင်ခြင်းက နှစ်ဦးတည်း ကတိကဝတ်ပြုထားတယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ တချို့ကျတော့ တရားဝင်စေ့စပ်ခြင်းမပြုမီမှာ ဝတ်ဆင်ကြတာပါ။
မီဂန်မာကယ်ရဲ့လက်က လက်စွပ်ကြောင့် သူတို့နှစ်ဦးဟာ ဒီနှစ်ထဲမှာ တရားဝင်စေ့စပ်ကြတော့မယ်လို့ အားလုံးက ထင်မြင်နေကြပါတယ်။
play

အခု မီဂန်နဲ့ ဟယ်ရီတို့က အတူတကွ နေထိုင်နေကြပြီဖြစ်ပြီး သူတို့နေထိုင်တဲ့ အိမ်လေးအတွက် ပန်းစည်းတွေကို မီဂန်က သယ်ဆောင်လာတာကို မြင်တွေ့လိုက်ရပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ သူတို့နှစ်ဦး လူကြားထဲမှာ လက်တွဲပြီးသွားတာကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါတယ်။
အသက် ၃၂ နှစ်အရွယ် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အသက် ၃၅ နှစ်အရွယ် မီဂန်မာကယ်လ်တို့ တွဲနေတာ ၇ လကျော်ရှိပြီဖြစ်ကာ ဘုရင်မကြီး အဲလိဇဘက်ကလည်း သူတို့ကို သဘောတူတယ်လို့ သိရပါတယ်။


Source &  Photos: Mirror  Credit :duwun