Breaking News

ချစ်လျှက်နဲ့ ခွဲခွာလိုက်ရတဲ့ ချစ်သူတွေ ဆိုတာ Love,


၁။ တစ်သက်တာ မေ့မရတဲ့ သူတွေပေါ့

ချစ်သော်လည်း မပေါင်းဖက် ရတဲ့ သူတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိနေပါတယ်။ အဲဒီလို ချစ်လျှက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မပေါင်းဖက်ရတဲ့ သူတွေဟာ တစ်ယောက်ကို တစ်ယောက် တစ်သက်တာ မေ့မရကြပါဘူး။ တိုက်ဆိုင်မှု ရှိတိုင်း သတိရရုံသာမက လွမ်းမိတိုင်းလည်း ရင်ထဲကပါ လွမ်းဆွတ်နေပါလိမ့်မယ်။

၂။ တစ်ယောက်ကို တစ်ယောက် မမုန်းဘူး

မချစ်လို့ လမ်းခွဲတာ မဟုတ်လို့ ဘယ်ချိန် သူ့အကြောင်းတွေးတွေး မမုန်းပါဘူး။ ချစ်သေးလားလို့ မေးမယ်ဆိုရင် နှလုံးသားမှာပဲ ရှိပြီး ဦးနှောက်ထဲမှာတော့ မစဉ်းစားချင်တော့ပါဘူး။ အတိတ်က အချိန်ဟာ အမှတ်ရစရာတွေသာ ဖြစ်ပြီး ပြန်တွေ့ခဲ့မယ် ဆိုရင် မိတ်ဆွေ တစ်ယောက် အနေနဲ့သာ ရှိနေပါတော့မယ်။

၃။ သူ့အကြောင်း တွေးတိုင်း ပျော်စရာ

နှစ်တွေ ဘယ်လောက်ကြာကြာ ဝေးနေပါသော်လည်း သူ့အကြောင်းကို တွေးမိလိုက်တိုင်း ပျော်စရာလေးတွေ၊ လွမ်းစရာလေးတွေ၊ ဆွေးစရာလေးတွေ အပြည့် လုံးဝ မလျော့ဘဲ ရှိနေပါသေးတယ်။

၎။ သူနဲ့ ပတ်သက်တဲ့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း

တကယ်လို့ သူနဲ့ ပတ်သက်တဲ့ မိတ်ဆွေတွေ တွေ့တိုင်း သူအကြောင်းကို မိမိကိုယ် လာပြောရင်လည်း ရင်ဘတ်ထဲက အလွမ်းဒဏ်ရာကို လာလာဆွသလို ဖြစ်နေပါလိမ့်မယ်။ မေ့ထားတာ ကြာသော်လည်း သတိရမိရင်တော့ ဦးနှောက်ထဲကနေ ဖယ်မရတာဟာ ချစ်လျှက်နဲ့ လွမ်းခွဲကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။

ကျော်လင်းနိုင် (ပစ်တိုင်းထောင်)