Breaking News

ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် အဓိကသော့ချက်Love,





ည ၁၁ နာရီ အိပ်ရာဝင်ပေမယ့် နောက်ဆုံး အိပ်မောကျသွားချိန်အထိ ၃ နာရီလောက်က အိပ်ရာထဲမှာအမြဲ ဟိုလှိမ့် ဒီလှိမ့်လုပ်ရင်း အချိန်ကုန်ဆုံးလေ့ ရှိပါသလား။ ကျွန်ုပ်တို့အများစုအတွက်တော့ အိပ်မောကျဖို့နဲ့ အိပ်ပျော်ဖို့က ပြသနာတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ညအိပ်ရာဝင်ချိန် ဒီအခက်အခဲဒုက္ခတွေအတွက် လွယ်ကူတဲ့ဖြေရှင်းနည်းလမ်းသစ်တစ်ခု ရှိပါတယ်။

လျှပ်စစ်မီးအလင်းရောင်နဲ့ ထိတွေ့မှု ပိုများပြီး နေရောင်နဲ့ ထိတွေ့မှုနည်းတာက အိပ်ပျော်ဖို့နဲ့ မနက်အိပ်ရာထဖို့ အခက်အခဲ ဖြစ်စေကြောင်း Current Biology မှာ ဖော်ပြထားတဲ့ သုတေသနသစ်တစ်ခုက လေ့လာတွေ့ရှိခဲ့ပါတယ်။ ပါဝင်စမ်းသပ်ခံသူတွေ camping အပျော်စခန်းချ ခရီးထွက်တဲ့အခါ သူတို့ circadian rhythms တစ်မျိုးပြောင်းပြီး melatonin ပမာဏတွေဟာ မနက်အိပ်ရာထ ပိုစောပြီး ညဘက် အိပ်မောကျ ပိုမြန်စေပါတယ်။

သဘာဝအလင်းရောင်နဲ့ ထိတွေ့မှု ပိုများခြင်းက ကိုယ်တွင်းနာရီ internal clock ကို အချိန်အလိုက် ပြုမူပြောင်းလဲစေပြီး ပိုမိုလျင်မြန်စွာ အိပ်မောကျပြီး မနက်ထတာ ပိုစောစေပါတယ်။

နောက်တစ်ကြိမ် အခန်းထဲ မလွတ်မလပ် ကျပ်ကျပ်တည်းတည်းနေတဲ့အခါ မိနစ် ၃၀ ခန့် အပြင်ထွက်လမ်းလျှောက်၊ လေကောင်းလေသန့်ရှူရှိုက်ပြီး ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် လုပ်ယူနိုင်ပါတယ်။

Credit :Trend Myanmar