Breaking News

ထားခဲ့သင့်သူကို ထားခဲ့လိုက်ကြရအောင်Love

morning sunshine girl

လူတစ်ယောက်ကို ချစ်မိတာက မျက်လုံးက စတယ်တဲ့။ သူများတွေ အတွက်ကတော့ ဒီသဘောတရားအကြောင်းအရာက မှန်ကောင်းမှန်နိုင်ပါတယ် ။ကျွန်မအတွက်ကတော့ အချစ်ဆိုတာ အထင်ကြီးမှုက စတယ် ပဲ ပြောရမယ်။ ကျွန်မမှ မဟုတ်ဘူး မိန်းကလေးတိုင်းဟာ အထင်ကြီးမှုလေးက စလို့ အချစ်လို့သတ်မှတ်သူတွေလည်း ရှိမှာပါ။

ဦနှောက်နဲ့ မစဉ်းစားဘဲ အချစ်ကို ရွေးချယ်သူတွေထဲမှာ ကျွန်မလည်း အပါအဝင်ပေါ့။ အထင်ကြီးစရာတစ်ကွက်မှ မရှိဘူး သူမှ သူပဲ ဖြစ်ခဲ့ဖူးတယ်။ အားကိုးစရာ လမ်းစမမြင်ခဲ့ပေမဲ့လည်း သူမှ သူဖြစ်ခဲ့ဖူးတယ်။
ရှေ့ရေးကို မတွေးခေါ် ပေတေတေနေတဲ့ သူ သူ့ကိုမှ သူမှ သူဖြစ်ခဲ့ဖူးတယ်။သူများဘဲတွေလို စတိုင်မကျ စွာ နေတတ်သူဖြစ်နေခဲ့လည်း သူမှ သူဖြစ်ခဲ့ဖူးတယ်။ သူငယ်ချင်းတွေ ဝိုင်းလို့တားလည်း သူမှ သူဖြစ်ခဲ့ဖူးတယ်။

အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့စကားကို လူကြီးတွေပြောတာကြားလည်း ကိုယ်နဲ့မဆိုင်သလို နေခဲ့ဖူးတယ်။
အများက မြင်တဲ့ အမြင်နဲ့ ကိုယ့်အမြင်ဟာ တက်တက်စင်အောင်လွဲနေပြီဆိုရင် ပြန်စဉ်းစားသင့်တယ် ဆိုတဲ့ အကြောင်းကိုလည်း ကျွန်မ နာမူနာယူခဲ့ရပြန်တယ်။ဘယ်သူတွေ ဘာတွေပြောနေပါစေ ကိုယ့်စိတ်ကိုပဲ ဦးစားပေးမိတဲ့ အထဲ ကျွန်မပါခဲ့ပြန်တယ်။

စပါပြီ RSတစ်ခုရဲ့ မြုပ်ကွက်တွေ၊ လမ်းလျှာက်ရင်ဖြစ်ဖြစ် ထိုင်လျက်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကိုမတ်နေအောင် လျှောက်တတ်သူ နေထိုင်တတ်သူကျွန်မက လမ်းလျှောက်ရင် မြေကြီးထဲ ငုတ်ဝင်မတတ်လမ်းလျှောက်တတ်သူကို ထားပစ်ခဲ့တာ မှန်ကန်တဲ့လုပ်ရပ်ပါ။

အလုပ်နဲ့ပက်သက်ရင် အမြဲ Active ဖြစ်နေသူကအလုပ်တစ်ခုမှ ဖြစ်မြှောက်အောင် မလုပ်နိုင်သူ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့လုပ်ရပ်ပါ။ ဝယ်သင့်တာဆို ဝယ် ပစ်သင့်တာကို ပစ်တတ်သူက ကော်တစ်ရာ ကပ်စီးနဲ တစ်ပြားကို နှစ်ပြားဖြစ်အောင် ခွာနေသူ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့လုပ်ရပ်ပါ။

အစားအစားကို သန့်မှ စားတတ်သူ၊ မစားရင် မစားဘူး စားရင်လည်း ကောင်းမှ စားတတ်သူက ဈေးနည်းတာကိုမှ စားစရာလို့ထင်တဲ့ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့လုပ်ရပ်ပါ။ သွားစရာရှိတာသွား ပြောစရာရှိပြီဆိုပြောတတ် ဆိုတတ်သူ အားမနာတမ်းပြောတတ်သူက ပြောသင့်တဲ့စကားမပြောရဲ လူတောမတိုးတဲ့ ခပ်ချာချာ ငနာတစ်ကောင်ကို ထားပစ်ခဲ့တာလည်း မှန်ကန်တဲ့လုပ်ရပ်ပါ။

အလှအပဆိုတာကို ဒုတိယဦးစားပေးထားတတ်သူ၊ နားလည်ထားသူကျွန်မက ယောက်ျားတန်မဲ့ အလှကြိုက်သူကို ထားပစ်ခဲ့တာ မှန်ကန်တဲ့ လုပ်ရပ်ပါ။ ဝီရိယ အားကိုးရင် ဖြစ်တန်သလောက်တော့ ဖြစ်တယ်လို့ အမြဲယုံကြည်သူက ကံ ကိုပဲ ယုံကြည်သူ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့ လုပ်ရပ်ပါ။ အတတ်ပညာတစ်ခုခုရှိမှ အဆင်ပြေမယ်ဆိုတာနားလည်ထားသူက လက်ကြောမတင်းသူ ဒီအလုပ်ဆိုအဆင်မပြေလောက်ဘူးလို့ ပညာတစ်ခုတန်ဖိုး မသိသူ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့လုပ်ရပ်ပါ။

ကိုယ့်အခွင့်အရေးလို့ ယုံကြည်ထားတာကို မလွတ်စတမ်း လို့ ကြွေးကြော်ထားသူက ကိုယ့်အတွက်အခွင့်အရေးဆိုတာ ဘယ်လိုအရာမှန်း မစဉ်းတတ်တဲ့ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့ လုပ်ရပ်ပါ။ ပညာရေးနဲ့ပက်သက်ရင် မာန ဆိုတာမရှိသူက ကိုယ့်ဘွဲ့ သူဘွဲ့ လာ လာယှဉ်သူကို အမြဲနှစ်သိမ့်ပေးနေရလာတော့ အားငယ်စရာမရှိ ကျန်ဖန်အားငယ်နေသူ သူ့ကိုထားပစ်ခဲ့တာ မှန်ကန်တဲ့ လုပ်ရပ်ပါ။

ကိုယ်သဒ္ဒါလို့ပေးလိုက်တဲ့ အရာဝတ္ထု မှန်သမျှ စိတ်လွတ်ကိုယ်လွတ်ပေးတတ်တဲ့ အကျင့်ရှိသူက အရာရာကို နှမြောတွန့်တို နေတတ်သူ ပြန်တောင်းတတ်သူ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့ လုပ်ရပ်ပါ။ ကိုယ်နားမလည် သဘောမပေါက်တာကို လွယ်လွယ်မလုပ်တတ်သူက ဘာလုပ်လုပ် အားနာလို့ လုပ်ပေးနေတာ ကူနေတာလို့ အမြဲ ပြောနေသူ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့လုပ်ရပ်ပါ။

ငါ့ကို ဘာလို့ချစ်တာလဲဆိုတဲ့စကားကို မိန်းကလေးအများစုမေးတတ်ကျပေမဲ့ ကိုယ့်ကြောင့်တစ်ဖက်သား ချောင်ပိတ်သလိုဖြစ်သွားမှာ ဆိုးလို့ဘယ်တော့မှ မမေးသူက ဂေါက်ကြောင်ကြောင်မေးခွန်းကို ယောက်ျားလေးဘက်ကခဏ ခဏ စမေးလာတော့ ကျွန်မထားပစ်ခဲ့တာလည်း မှန်ကန်တဲ့လုပ်ရပ်ပါ။

ပျော်ပွဲရွှင်ပွဲတွေမှန်သမျှ လက်မလွတ်တတ်သူ ကျွန်မက လူများတဲ့နေရာဆို မသွားရဲ မလာရဲ တတ်သူ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့ လုပ်ရပ်ပါ။ အချစ်က အချစ်ပဲလို့နားလည်ထားသူ ကျွန်မကို why မေးခွန်း ခဏ ခဏ မေးတတ်သူ ကိုယ့်အချစ်က သူနဲ့ မထိုက်တန်သူဆိုတာ အမြဲဖော်ပြပေးနေသူ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့ လုပ်ရပ်ပါ။

တစ်ခြားRSတွေလို fb passwardတောင်းလည်း ဒါက ငါ့ personal ပါ ဆိုပြီး ပိတ်ပြောတတ်သူကျွန်မက လက်တွဲဖို့သေချာလား မသိ မသေချာလား မသိတဲ့ ယောက်ျားတစ်ယောက်ကို passward မပေးတာ မှန်ကန်တဲ့လုပ်ရပ်ပါ။

ကိုယ်စိတ်ညစ်နေ အားငယ်စရာတွေ့လည်း ကိုယ့်ကိုယ်ကိုယ်ကြံဖန်အားတင်းတတ်သူက
လုပ်မကြည့်ရသေးဘူးဖြစ်ပါ့မလား ဟုတ်ကော ဟုတ်ပမလား သူ့ကိုယ်သူတောင် မယုံသူ သူ့ကို ထားပစ်ခဲ့တာ မှန်ကန်တဲ့ လုပ်ရပ်ပါ။

RSတွေ ရေ ရှည်လက်တွဲဖို့က နားလည်မှုလည်း လိုကောင်းလိုပါလိမ့်မယ်။ကိုယ်အထင်ကြီးလောက်စရာ အကွက်ကလေးတော့ ရှိထားမှလည်း ဒီ RSကိစ္စက ဆက်လက် လက်တွဲနိုင်မှာပါ။

လူလွတ်ဘဝမှာတင် ကိုယ့်အတွက် စိတ်အနှောက်အယှက်အရမ်းဖြစ်နေရင်တော့ ဒါက နည်းနည်းတော့ ပြန်စဉ်းစားသင့်နေပြီလို့ သတိပေးချင်ပါတယ်။ကိုယ့်ကိုယ် မျက်ရည်ကျအောင်လုပ်တာတွေက ထားပါအုံး
ဘာမဟုတ်တာလေးတွေက အစ ကိုယ့်ဘဝင်မကျသလိုဖြစ်ရင်လည်း ပြန်စဉ်းစားမိကျမှာပါ။

စွန့်လွှတ်သင့်သူကို စွန့်လွှတ်ဖို့ ဘယ်တော့မှ ဝန်မလေးကျပါနဲ့။
ထားပစ်ခဲ့သင့်သူကို ထားပစ်ခဲ့ရင် ကျွန်မတို့ ဘဝအတွက် အိမ်မက်တွေကို ဆက်ပြီး အကောင်အထည်ဖော်ရအောင်လား။

Credit : For Her Myanmar