Breaking News

ခန္ဓာကိုယ်ကို ပိုမိုခွန်အားပြည့်စေမယ့် မိနစ် ၉၀ ရေမိုးချိုးနည်း Love



တစ်နေ့တာလုံး အားအင်တွေရဖို့ ကြိုးပမ်းနေတယ်၊ ပြီးတော့ ကော်ဖီတွေ တောက်လျောက်သောက်နေတယ်ဆိုရင် ဒီမိနစ် ၉၀ ရေမိုးချိုးနည်းကို စမ်းလုပ်ချင်မိပါလိမ့်မယ်။ ဒီနည်းက အားအင်တိုးမြင့်စေပြီး တစ်နေ့လုံး တက်ကြွလန်းဆန်းဖို့ အထောက်အကူပြုတယ်လို့ ကျွမ်းကျင်သူတွေ ယုံကြည်ကြပါတယ်။

ဒီတော့ မနက်စောစော ရေနွေးဖြင့် ရေမိုးချိုးခြင်းထက် မိနစ် ၃၀ ကြာ ရေအေးဖြင့် ချိုးပေးပါ။ ပြီးတော့ ရေနွေးဖြင့် မိနစ် ၃၀။ ပြီးတော့ နောက်ဆုံး အရမ်းအေးတဲ့  ရေနဲ့ မိနစ် ၃၀ ချိုးပေးရပါမယ်။ ဒါကို ပုံမှန်လုပ်နေကျသန့်ရှင်းရေးအပြီး ပြုလုပ်ပြီး နောက်ဆုံး ရေအေးအေးနဲ့ အဆုံးသတ်ရပါမယ်။

အပူချိန်ရုတ်ချည်းပြောင်းလဲမှုက သွေးကြောတွေ ပွင့်၊ သွေးလည်ပတ်မှု တိုးမြင့်စေပြီး စိတ်အာရုံနိုးကြားတက်ကြွစေပါလိမ့်မယ်။

ဒါက ဗစ်တိုးရီးယားဘက်ခမ်း နေ့တိုင်းအသုံးပြုတဲ့ နည်းလမ်းတစ်ခုလို့ သိရပါတယ်။ ကလေး ၄ယောက်ကြည့်ရှုစောင့်ရှောက်ပြီး လူမှုရေးအလုပ်မျိုးစုံ လုပ်ကိုင်ရင်း ဖက်ရှင်အင်ပါယာတစ်ခု နိုင်နိုင်နင်းနင်း ထူထောင်လုပ်ကိုင်နိုင်တဲ့အချိန်ကစလို့ သူ့မရဲ့ ခံနိုင်ရည်ကို ကျွန်ုပ်တို့ အတုယူချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။

ခွန်အားတွေတိုးမြင့်စေတဲ့အပြင် ဒီနည်းစနစ်က တခြားကျန်းမာရေးအကျိုးကျေးဇူးများစွာလည်း ရရှိစေမယ်လို့ ယုံကြည်ထားပါတယ်။ ဒီရေမိုးချိုးနည်းက စိတ်ဖိစီးမှု လျှော့နည်းစေမယ်၊ ကိုယ်ခံအား ပိုကောင်းစေမယ်လို့ ဆိုပါတယ်။

Credit :Trend Myanmar