Breaking News

ချစ်သူများနေ့နီးလာလို့ လိင်စိတ်ကြွဆေးတွေ ဖမ်းဆီးတာအရှိန်မြှင့် Love,


ဖေဖ်ာဝါရီလ ၁၄ ရက်မှာ ကျရောက်မယ့် ချစ်သူများနေ့နီးလာလို့ ရန်ကုန်မြို့ထဲက စိတ်ကြွဆေးတွေရောင်းချနေတာတွေကို ဖမ်းဆီးမှုအရှိန်မြှင့်တင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
သက်ဆိုင်ရာမြို့နယ်တွေမှာ ရောင်းချနေတဲ့ ဆေးဆိုင်တွေမှာ တားမြစ်ဆေး၊ လိင်စိတ်ကြွဆေးဝါးတွေ ရောင်းချမှုတွေ့ရှိရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားချက်ရထားတယ်လို့ စမ်းချောင်းမြို့နယ်ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စမ်းချောင်းမြို့နယ်ထဲက ဆေးဆိုင်တွေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစပြီး သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့  ဆေးဝါးတွေ၊ တားမြစ်ဆေးတွေ ၊ လိင်စိတ်ကြွဆေးဝါးတွေ မရောင်းချဖို့ ပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပြီး အဆိုပါဆိုင်တွေမှာရောင်းချပြီး ဝယ်ယူရရှိတယ်လို့ စစ်ဆေး တွေ့ရှိရင်  ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှညွှန်ကြားထားတယ်လို့  ဒုရဲမှူးမီမီအေး ပြောပါတယ်။
play

“ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေအတွက် ရည်ရွယ်တာပါ၊ ဆေးဆိုင်တွေကို အရေးမယူခင်အရင်ဆုံး အသိပညာ ပေးပြီးပြီ၊ အဲဒါကိုစစ်ဆေးတွေ့ရှိတာပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်လာရောက်တိုင်ကြားတာပဲဖြစ်ဖြစ်ရှိခဲ့ရင်ထိရောက်စွာ အရေးယူသွားမယ်”လို့ ဒုရဲမှူးမီမီအေးက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်ချစ်သူများနေ့မတိုင်မီ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကိုလည်း အရွယ်မရောက်သေးသူစုံတွဲတွေကို လက်ခံတည်းခိုခွင့် မပြုဖို့ အသိပညာပေးထားပြီးဖြစ်လို့ ဝင်ရောက်စစ်ဆေးတွေ့ရှိရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့  စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
Source : The Voice
Photos : ebay,kofie