Breaking News

ချစ်တတ်သူတွေရဲ့ ဗယ်လင်တိုင်းLove,



နှစ်စဉ်သည်လိုအချိန်ဆို လျှင် မြို့တွင်းလမ်းမ များနှင့် စတိုးဆိုင် ကုန်တိုက်များတွင် အမွေးပွအရုပ် များ၊ ချောကလက်ဘူးများနှင့် ပန်းစည်းများက နေရာယူနေကြ မြဲဖြစ်သည်။ မြို့တွင်းလမ်း၏ ဘယ်နေရာကို ကြည့်ကြည့် စုံတွဲ များနှင့် လိုချင်စဖွယ်လက်ဆောင် များရှိနေသည်ကိုတွေ့ရမည်ဖြစ် ၏။ ဖေဖော်ဝါရီ ၁၄ ရက်သည် Valentine's day (ချစ်သူများနေ့)ဖြစ်ပြီး သည်လိုရက်မျိုးမှာ ချစ်သူ ခင်သူကြား အထိမ်းအမှတ်တစ်ခုအဖြစ် သတ်သတ်မှတ်မှတ်ဖြင့် ချစ်ကြခင်ကြ ကြင်နာကြသည်မှာလည်း ၁၀စုနှစ်တစ်ခုပင်မကတော့ပေ။


လမ်းမများပေါ်တွင် စုံတွဲ အင်္ကျီလေးများကိုယ်စီ၊ အရုပ်လေးတွေပိုက်၊ ချောကလက်လေးတွေ ကိုက်လျက် ကြင်နာနိုင်သူများ၊ လမ်းတစ်ဖက်တစ်ချက်၌ တစ်ကိုယ်တည်းသမားများကလည်း ခပ်သုတ်သုတ် လျှောက်ကြ ဟိုငေးသည်ငေးဆွေးကြပေါ့။ သို့ သော် သတိထားမိသည်က သည် နှစ် စုံတွဲများအတော်ပါးသွားကြ သည်ဟု ထင်သည်။ ဒီနှစ် Valentine က ယခင်နှစ်တွေလို မြို့ တွင်းလမ်းတွေပေါ် မြိုင်မြိုင်ဆိုင် ဆိုင်မဟုတ်သလိုပင်။ ယခင်နှစ် Valentine ဒီအချိန်ဆိုလျှင် အ တော်မြိုင်ခဲ့သည်ကို သတိရမိ၏။ သို့တိုင် အင်္ကျီဆင်တူစုံတွဲများ လက်ညိုးထိုးမလွဲ။ ဘတ်စ်ကား ပေါ်မှာ၊ မှတ်တိုင်မှာ။ ကန်ပေါင် မှာ၊ ဘုရားမှာ။ နေရာအနှံ့ရှိတတ် သည့် ပုရွက်ဆိတ်သတ္တ၀ါတွေလို ပင်။

တံတားဖြူကန်ပေါင်တွင် လည်း စုံတွဲများကိုယ်စီနှင့် မုန့်စား သူများ။ ကိတ်ခွဲသူများနှင့် ချစ်သူ များနေ့ကို တစ်မျိုးစီ အမှတ်တရ ဖြစ်အောင် ဖြတ်သန်းနေသည်ကို တွေ့ရသည်။ သည်နှစ်တွင်တော့ လူတစ်ရပ်ခန့်ရှိသည့် အမွေးပွရုပ် ကြီများ ခေတ်စားသည့်နှစ်ဖြစ် သည်။ ကန်ပေါင်တွင်ရှိသည့် စုံတွဲအချို့၌ ထိုအရုပ်ကြီးမျိုး ပိုင်ဆိုင်ထားကြသူ ကောင်မလေး တော်တော်များများရှိ၏။ ပြည်သူ့ ရင်ပြင်တွင်လည်း အရောင်အ သွေးစုံသည့် စုံတွဲတို့က တဖွဲဖွဲ ဖြင့် နံနက်ခင်းကစ၍ ၀င်ရောက် လျက်ရှိပြန်သည်။ ဂစ်တာကိုင် လျက် စုံတွဲများစု၍ အုပ်စုလိုက် လာသည်များလည်းရှိပြန်သည်။ အချို့ကလည်း ရောင်စုံ ဘောလုံး များကိုင်လျက်။

သည်နှစ်တွင် ထူးထူးခြား ခြားအနေဖြင့် တွေ့ရသည်က လိင်တူချစ်သူစုံတွဲများဖြစ်သည်။ အမျိုးသားအချင်းချင်းတွဲဖက်၍ သွားသည့် စုံတွဲများကိုလည်းသည်နှစ်တွင် အရေအတွက် များများ မြင်တွေ့သည်။ သူတို့မှာလည်း အရုပ်များနှင့် ပန်းစည်းများပါပြန် သည်။ ထို့အပြင် လူဦးရေများပြား သော ရန်ကုန်တွင် နိုင်ငံခြားသား စုံတွဲများကိုလည်း အရေအတွက် များများ တွေ့ရပြန်သည်။ အများ အားဖြင့် ရွှေတိဂုံဘုရားနှင့် ပြည် သူ့ရင်ပြင်တို့တွင် ပျော်ရွှင်လျက် စုံတွဲများကို အများဆုံးတွေ့ရ သည်။ သည်နေ့က Valentine ဆိုတော့ လူမှုကွန်ရက်တွင်လည်း Valentine တော့မည်ကို ကြိုသိ ၏။

‘‘တီးတောင်ဆိုပြီး တံခါး ဘဲလ်မြည်တော့ ကြည့်လိုက်တော့ အရုပ်အကြီးကြီးရယ်၊ နှင်းဆီပန်း တွေရယ် ပျော်လိုက်တာ ကိုကို ရယ်’’ဟု ဆယ်ကျော်သက်ကောင် မလေးတစ်ယောက်၏ ဖေ့စ် ဘွတ်ခ်ပေါ်တင်ထားသည့်ပို့စ်။ ကိုယ့်တစ်ရပ်အရုပ်ကြီးနှင့် ပန်း စည်းလေးနှင့် တယ်ချစ်တတ်ကြ သည်ကိုး။

‘‘တစ်သက်လုံးမှာ အပျော် ဆုံးပါပဲ။ ကျေးဇူးတင်လိုက်တာ’’ နောက်ကောင်မလေးတစ်ယောက်လည်း ဘယ်လောက်ချစ်တတ်ကြကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် ကြေညာမောင်းခတ်သည့်ပို့စ်။ ဟုတ်ပါပြီ ချစ်နိုင်သူတို့ရယ်။

ဒီမျှနှင့်ပင် လူမှုကွန်ရက် Valentineက ရပ်မသွားသေး။ မြိုင်မြိုင်ဆိုင်ဆိုင်မရှိဟု ထင်ခဲ့သ မျှ လမ်းမပေါ်ပျောက်နေခဲ့သော စုံတွဲတို့က လူမှုကွန်ရက်ပေါ် ရောက်နေသည်ကိုး။ သည်တော့ ဖေ့စ်ဘွတ်ခ် Valentineက ပုံစံ တစ်မျိုးဖြစ်လာပြန်သည်။ ချစ်ရ သူမှ ဘယ်လိုလက်ဆောင်များ ပေးကြောင်း၊ အရုပ်ဘယ်လောက် ကြီး၍ နှင်းဆီဘယ်နှပွင့်ပါကြောင်းကစ၍ ချောကလက် သွားကြားညပ်သည့်အထိ ဖေ့စ်ဘွတ်ခ်ပေါ် မောင်းခတ်သည့်အပြိုင်အဆိုင်ကြည်နူးစရာဖြစ်၍လာပြန်သည်။ ယမန်နှစ်ကလည်း လူမှုကွန်ရက်တွင် Valentine အကြောင်း ရေးသားကြသော်လည်း သည်နှစ်လောက်မမြိုင်ဆိုင်ခဲ့။ သည်နှစ်တော့ဖြင့် လမ်းမများပေါ်ထက် လူမှုကွန်ရက်တွင်ပို၍ တွေ့လာရသည်။ ဤသို့ဖြင့် ဖေ့စ်ဘွတ်ခ် Valentine's Day ၏ အဓိက ဇာတ်ဆောင်နှစ်ဦးမှာ ချစ်သူနှစ်ဦးအစား အမွေးပွဝက်ဝံရုပ်ကြီးများနှင့် နှင်းဆီပန်းများဖြစ်၍လာခြင်းဖြစ်သည်။

‘‘ပန်းစည်းတွေကတော့ မနေ့က စရောင်းတာ။ တစ်ရက် တည်းမှာပဲ ပန်းစည်းအစည်း ခြောက်ရာကျော်ရောင်းရတယ်။  အများစုကတော့ တကယ့်ပန်းအ စစ် နှင်းဆီအနီရဲရဲတွေကိုသဘော ကျတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူ ကတော့ ပန်းအပွင့်အများကြီးနဲ့  လုပ်ခိုင်းတယ်။ တချို့ကျတော့ အနည်းဆုံးဆယ်ပွင့်လောက်က စပြီး အော်ဒါတင်ကြတယ်။ ပန်း စည်းတွေကိုတော့ ဈေးအနည်း ဆုံး ငါးထောင်ကျပ်ကနေ အများ ဆုံး ငါးသောင်းကျပ်အတွင်း ရောင်းချပေးနေပါတယ်’’ဟု Forever Floral Service ပန်းဆိုင်မှ အရောင်းဝန်ထမ်းအမျိုးသမီးက ပြောသည်။

‘‘ဒီနှစ်မှာ မွှေးပွရုပ်အကြီး ကြီးတွေ လာပြီး ၀ယ်ယူတဲ့သူတွေ များတယ်။ တချို့ကျတော့ ချစ်သူ များနေ့ မတိုင်ခင်ကတည်းက ကိုယ့်ချစ်သူကောင်မလေးတွေအ တွက် မွှေးပွရုပ်အကြီးကြီးတွေကို အွန်လိုင်းကနေ အော်ဒါမှာပေး ထားကြတယ်။ အများစုကတော့ ကျပ်သုံးသောင်းဝန်းကျင်အရုပ် တွေကိုဝယ်ယူကြတယ်။ တချို့ ကောင်မလေးတွေလည်း ကိုယ် တိုင်လာဝယ်ကြတယ်။ ဈေးနှုန်း ကတော့ အနည်းဆုံး နှစ်ထောင့်ငါးရာကျပ်ကနေ သုံးသိန်းတန်အရုပ်တွေအထိ ရှိပါတယ်’’ဟု Harmony အရုပ်အရောင်းဆိုင်မှ ကိုမင်းမင်းထိုက်ကပြောသည်။

သည်အတိုင်းဆိုလျှင် ခေတ်စားနေသလို ဖေ့စ်ဘွတ်ခ် Valen-tine ဖို့က သိပ်မလွယ်။ အရုပ်နှင့်ပန်းစည်းတန်ဖိုးတင် မနည်းလှ။ ထိုကြားထဲ ဖေ့စ်ဘွတ်ခ် Valen-tine ဖို့ ပူဆာနေသည့်အတွဲများ လည်း တွေ့ရသည်။ သည်နှစ် လူမှုကွန်ရက်တွင် မျက်စိနောက်စရာက စုံတွဲများသာမက တစ်ကိုယ် ရေသမားများကလည်း ဝင်၍နွှဲကြသောကြောင့်ပင်။ အထီးကျန်ကြောင်း၊ ချောကလက်ကျွေးသူ မရှိကြောင်း ရေးကြသားကြသည်။ သူတို့အတွက်လည်း လူမှုကွန်ရက်က စိတ်ဖျော်ဖြေစရာဖြစ်သည် ကိုး။

ညနေ အိမ်အပြန်တွင်လည်း စုံတွဲများ ကွက်ကျားတွေ့မြင်ရပြန်သည်။ ဆင်တူစုံတွဲ အင်္ကျီများနှင့် နံနက်က မြင်ကွင်းအတိုင်းပင် အရုပ်လေးများကိုင်လျက်။ လက်

တစ်ဖက်ကလည်း ဖုန်းကိုပွတ် လျက်။ ဓာတ်ပုံရိုက်လျက်ပင်။ လူမှုကွန်ရက်အသုံးပြုသူများ တစ်စစနှင့် များပြားလာသည့်နည်းတူ အထိမ်းအမှတ်နေ့များအပေါ် လူမှုကွန်ရက်၏ ဖုံးလွှမ်းမှုက ကြီးမားလာခဲ့သည်။ သည်နှစ်၏ Val-entine ကိုလည်း လူမှုကွန်ရက် Valentine ဟုပင် အမည်ပေးချင်ပါသည်။

Credit :7Day News Journal