Breaking News

အန္တရာယ်ကြုံလာရင် အသိပေးသွားမယ့် စမတ်လုံခြုံရေးလက်စွပ်များ Love


စမတ်ထုတ်ကုန်တွေကို နေ့ စဉ်လူမှုဘဝထဲမှာ သုံးဖို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေနေကြပါတယ်။ဒီတစ်ခုကတော့ ဒီနေ့ ခေတ်ကြီးနဲ့ အလိုက်ဖက်ဆုံး အသုံးတည့်တဲ့ တီထွင်ချက်တစ်ခု ဖြစ်တယ်လို့ ဆိုရမှာပါ။
တကယ်လို့ သာ အရေးပေါ် အန္တရာယ် တစ်စုံတစ်ရာ ကြုံနေပြီ ဆိုရင် အကူအညီတစ်ခုခု တောင်းဖို့ အတွက် ဖုန်းကို ဖွင့်ဖို့ message app ကနေ မက်ဆေ့ပို့ ဖို့ ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။ ပို့ ဖို့ တောင် အချိန်မရတာမျိုး ဖြစ်တတ်သလို အကူအညီတောင်းရင်း တစ်ဖက်ကို ဖုန်းမဝင်တာ ၊ မက်ဆေ့ မဖတ်မိတာမျိုးတွေဟာလည်း ဖြစ်တတ်ပါတယ်။ ဒီအတွက် စိတ်ကူးသစ်နဲ့ တီထွင်မှုတစ်ခုကို မကြာခင် မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။ ဒါကတော့ သွားလေရာ ပါလာတဲ့ ကိုယ့်ရဲ့ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ လက်စွပ်ထဲမှာ အရေးပေါ်အကူအညီတောင်းလို့ ရမယ့် ခလုတ်တစ်ခု ထည့်သွင်းထားပြီး ခလုတ်ကို နှိပ်လိုက်တာနဲ့ အမြန်အကူအညီပေးနိုင်သွားမှာပါ။ ဒီစမတ်လုံခြုံရေး လက်စွပ်ကို အရေးပေါ် အခြေအနေအတွက် တစ်ကိုယ်ရေ လုံခြုံရေးစနစ်ထုတ်လုပ်ပေးတဲ့ Nimb ကုမ္ပဏီကနေ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။
play

ဒီလက်စွပ်ဟာ ကိုယ့်ရဲ့ ဖုန်းထဲမှာ ရှိတဲ့ သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေ ၊ ကိုယ့်အနီးအနားက လူတွေနဲ့ တစ်ခြားတစ်ခြားက ကိုယ်နဲ့ သိတဲ့လူတွေရဲ့ contact list ကို Bluetooth ကနေ ချိတ်ဆက်ထားပြီး အရေးပေါ် အခြေအနေကြုံလာပါက လက်စွပ်ရဲ့ ခလုတ်ကို နှိပ်လိုက်ခြင်းအားဖြင့် အန္တရာယ်ရှိနေကြောင်း အသိပေးသွားမှာပါ။ တစ်ခုရှိတာက မတော်တဆ နှိပ်မိသွားမှာ စိုးလို့ ခလုတ်ကို မဖိမိစေမယ့် နေရာကို ပြန်ပြောင်းထားနိုင်ပါတယ်။ တကယ်လို့ ဖိမိသွားရင် လက်စွပ်ဟာ မသိမသာ တုန်ခါလာပြီး Nimb app ကို အချက်ပြဖို့ အတည်ပြုသွားမှာ ဖြစ်ပြီး အချက်ပြပြီးတာနဲ့ Nimb app ဟာ ကိုယ်ချိတ်ဆက်ထားတဲ့ contact list တွေဆီကို သင့်ရဲ့ GPS တည်နေရာနဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်နဲ့ တကွ မက်ဆေ့ပို့ ပေးသွားမှာပါ။
တကယ်လို့ မတော်တဆ မှားပြီး အသိပေးမိတယ်ဆိုရင် ဒါကို ပြန်ဖြုတ်ဖို့ alert လုပ်ပြီးနောက် pass-code သုံးပြီး စက္ကန့်  ၃၀ အတွင်း ပြန်ဖယ်ရှားနိုင်ပါတယ်။ ဒီလိုမျိုး ပြန်ပြီး ပယ်ဖျက်ဖို့ အတွက် လျှို့ ဝှက် pass-code ကို သုံးနိုင်ပါတယ်။Nimb ကုမ္ပဏီအနေနဲ့ တစ်ကမ္ဘာလုံးမှ အရေးပေါ်အကူအညီလိုသူများအတွက် သုံးနိုင်တဲ့ အမြန်ဆုံးနဲ့ အကောင်းဆုံး အကူအညီပေးသွားနိုင်တဲ့ ပလက်ဖောင်းဖြစ်အောင် စီစဉ်ဖန်တီးနေပါတယ်။ ဒီလက်စွပ်ကို ဝတ်ဆင်ထားသူအနေနဲ့ ကိုယ်နဲ့ ဆက်သွယ်မယ့် လူစာရင်းကို စိတ်ကြိုက် ထည့်ချင်သလောက် ထည့်နိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ ကို အချိန်ပြည့်စောင့်ကြည့် ပေးပြီး ဖုန်းခေါ်ပေးဖို့ လုပ်နေတဲ့ ဒီပလက်ဖောင်းကိုတော့ လစဉ်အပိုကြေးပေးသွားရမှာပါ။

Nimb ရဲ့ စမတ်လက်စွပ်မှာ သုံးထားတဲ့ ဘက်ထရီဟာ အားအပြည့်သွင်းထားရင် နှစ်ပတ်ခံမှာ ဖြစ်ပေမယ့် သုံးတဲ့အပေါ်မူတည်ပြီး တစ်လအထိ အသုံးခံနိုင်မှာ ဖြစ်ပါတယ်။ ဒီစမတ်လုံခြုံရေးလက်စွပ်တွေကို ၁၂၉ ဒေါ်လာနဲ့ အခုကို မှာယူနိုင်ပါတယ်။ တကယ်လို့ ဈေးကွက်မှာ ရောင်းချသွားရင်တော့ လက်လီဈေး ၁၄၉ ဒေါ်လာလာ ကြသင့်မှာ ဖြစ်ပြီး အမေရိကန် size အရွယ်အနေနဲ့ ၃ ကနေ ၁၂ အထိ အစားစားရှိပြီး အဖြုရောင် အနက်ရောင်ဆိုပြီး အရောင်နှစ်မျိုးနဲ့ လာတာ ဖြစ်ပါတယ်။ သူနဲ့ ချိတ်ဆက်မယ့် ဖုန်းများမှာ Apple iOS ဆိုရင် 7 နဲ့ နောက်ပိုင်း ဗားရှင်းများ ၊ အန်းဒရိုက်တွေမှာတော့ 4.0 နဲ့ အထက် ဖုန်းများမှာ သုံးလို့ ရမှာပါ။
အရေးပေါ်အခြေအနေမှာ ကိုက် ၃၀၀ အတွင်းမှာ ရှိတဲ့ အနီးအနားက ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်လို့ ရပြီး မိတ်ဆွေ သူငယ်ချင်းများ ၊ လူမှုအဖွဲ့ အစည်းများသာမက ရဲစခန်း ၊ ဆေးရုံစတာတွေနဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုများကိုပါ အကူအညီတောင်းခံနိုင်ပါတယ်။
play

လက်ရှိမှာတော့ စမတ်လက်စွပ်ပေါင်း ၂၅၀၀ ကျော် အော်ဒါမှာယူထားတာရှိပြီး ဒီထဲကမှ လက်စွပ် ၅၀၀ ကို Kickstarter Campaign မှာ ရောင်းချထားပါတယ်။ Nimbe ကုမ္ပဏီအနေနဲ့  ယခုလက်စွပ်မှာ နောက်ထပ်လည်း လုပ်ဆောင်ချက်အသစ်များကို ထည့်သွင်းသွားမှာ ဖြစ်လို့ အနာဂါတ်မှာ ဒီလက်စွပ်ကို လူတွေ ဘယ်လောက်လိုအပ်မယ် ၊ ဘယ်လောက် အသုံးဝင်ပြီး လူကြိုက်များမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Source: Tech Crunch