Breaking News

ဗိုက်သားပြားချပ်လိုပါက အဆာပြေစားဖို့ အသင့်တော်ဆုံး အစားအစာ Love,



သင့်တော်မှန်ကန်တဲ့ အစားအစာတွေကို အဆာပြေအဖြစ် သုံးဆောင်ခြင်းက ဗိုက်သားအဆီပိုတွေ လျှော့ချရာမှာ ပြောင်းလဲမှု ဖြစ်စေနိုင်ပါတယ်။ ဒီတော့ မိမိရည်မှန်းထားတဲ့ ခန္ဓာကိုယ်အချိုးအစားရရှိလိုပါက ထမင်းစားချိန်တစ်ခုနဲ့တစ်ခုကြားမှာ အဆာပြေလေး သုံးဆောင်ဖို့ အသင့်တော်ဆုံးက ဘာဖြစ်မလဲ။

အဖြေက မက်မွန်စေ့ပဲ ဖြစ်ပါတယ်။ မက်မွန်စေ့က ပရိုတိန်းဓာတ် အလွန့်အလွန်ကြွယ်ဝပြီး အံ့မခန်းဖွယ်ဓာတ်ဆန့််ကျင်ပစ္စည်းဖြစ်တဲ့ ဗီတာမင် E ပါဝင်ပါတယ်။

အဲဒါတွေက သွေးတွင်း သကြားဓာတ်ပါဝင်မှုလည်း ပုံမှန်ဖြစ်စေကာ အစားအသောက်အလွန်အကျွံစားသုံးခြင်းနဲ့ ကိုယ်အလေးချိုန်တက်မှု ဖြစ်စေနိုင်တဲ့ မလိုလားအပ်တဲ့ အာသာပြင်းပြမှုတွေကို ထိန်းချုပ်ပေးပါတယ်။ နောက်တစ်ကြိမ်ဈေးသွားပါက မက်မွန်စေ့တွေ ဝယ်ပြီး ဗိုက်သားအတွက် အဆာပြေသုံးဆောင်ပေးဖို့ မမေ့နဲ့နော်။

Credit :Trend Myanmar