Breaking News

သင့်စိတ်တွေပြန်လည်လန်းဆန်းလာအောင် ဒီလွယ်ကူတဲ့ နည်းလမ်း(၄)ခုက ကူညီပေးနိုင် Love,



သင်ဟာ နေ့လည်လောက်ရောက်လာပြီဆိုတာနဲ့ စိတ်ထဲမှာ ပင်ပန်းနွမ်းနယ်သလို ခံစားလာရတယ် ဆိုတာနဲ့ ကော်ဖီတစ်ခွက် သောက်လိုက်ရင်ရပြီလို့ အမြဲတွေးထင်တတ်တယ်မဟုတ်လား။ ဒီနေ့ ထမင်းစားပြီးချိန်မှာ အဲ့ဒီလို ခံစားနေရရင် ကော်ဖီသောက်မနေတော့ပဲ ခုပြောပြမယ့် နည်းလမ်း (၄)ခုကို စမ်းသပ်ကြည့်လိုက်ပါ။ သင့်စိတ်တွေ ပြန်လည်လန်းဆန်းလာစေဖို့ အသေအချာကို အာမခံနိုင်ပါတယ်။

၁။ နံရံကိုမှီပြီး ကြမ်းပြင်ကိုလက်နဲ့ထောက်ကာ ခြေထောက်ကို အပေါ်ထောင်လိုက်ပါ။

ဒီနည်းက အူကြောင်ကြောင်နိုင်တယ်လို့ တွေးမိပါလိမ့်မယ်။ သင်က အိမ်မှာမဟုတ်ပဲ ရုံးမှာဆိုရင် ခုလိုလုပ်ဖို့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ ပြေရင်တော့ စမ်းကြည့်စေချင်ပါတယ်။ ကြမ်းကို လက်နဲ့ထောက်ပြီး နံရံကိုမှီကာ ခြေထောက်ကို အပေါ်ထောင်တာမျိုး ငယ်ငယ်တုန်းက ကစားခဲ့ဖူးတယ်ဟုတ်။ ခုလည်းအဲ့ဒီအတိုင်း လုပ်ဆောင်ရမှာပါ။ဒီလို လုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲက သွေးတွေဟာ ဦးနှောက်ကို တိုက်ရိုက်စီးသွားမှာ ဖြစ်ပါတယ်။ ခဏနေလို့ သင်ဟာ ပုံမှန်အတိုင်း ပြန်နေလိုက်တာနဲ့ သင့်စိတ်ထဲ ပေါ့ပါးလန်းဆန်းနေသလို ခံစားရမှာ အသေအချာပါပဲ။

၂။ အနီရောင်ပါတဲ့ အရာတစ်ခုခုကို စိုက်ကြည့်ပါ။

လေ့လာမှုတွေအရ အနီရောင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးမြှင့်ပေးနိုင်တဲ့ အရောင်ဖြစ်တဲ့အပြင် စိတ်လှုပ်ရှားမှုကို တိုးမြှင့်ပေးနိုင်တဲ့အရောင်လည်း ဖြစ်ပါတယ်။ ဒီတော့ သင့်အနီးအနားမှာ အနီရောင်နဲ့ပတ်သက်တာ တစ်ခုခုရှိရင် ကြည့်လိုက်ပါ။ မဟုတ်ရင်တော့ google ကနေ အနီရောင်ပါတဲ့ပုံတစ်ပုံကို ရှာပြီး စိုက်ကြည့်နေလိုက်ရုံပါပဲ။

၃။ ပီကေ၀ါးပါ။

ဒါလည်း သိပ္ပံနည်းရ သိရတဲ့အချက်ပါပဲ။ သင့်အာရုံကြောတွေနှိုးဆွနိုင်ဖို့အတွက် ပီကေ၀ါးပေးလိုက်ရုံနဲ့ အဆင်ပြေပါတယ်။ ပါးစပ်က လှုပ်ဝါးနေတာက သွေးကြောတွေ ဦးနှောက်ထဲရောက်ရှိဖို့ ပို့လွှတ်ပေးလိုက်သလို ဖြစ်တာမို့ ဒီနည်းကလည်း လွယ်ကူပြီး အကျိုးသက်ရောက်မှုရှိစေတာပါပဲ။

၎။ တစ်စုံတစ်ယောက်ကို ကော်ဖီဝယ်တိုက်ပါ။

သင်ဟာ တခြားလူတစ်ယောက်ကို ကြင်နာမှုပေးတယ်ဆိုတဲ့သဘောဟာ တခြားလူတစ်ယောက်အတွက်တင် မကပါဘူး။ သင့်စိတ်တွေလည်း ပြန်လည်လန်းဆန်းလာစေတယ်ဆိုတာ အသေအချာပါပဲ။ သင်ဟာ စိတ်ကျေနပ်မှုချက်ချင်းရသွားသလို ဒီအရာကနေ အင်အားတွေတိုးပွာလာပါလိမ့်မယ်။

Credit :Trend Myanmar