Breaking News

MHM တပါတ်စာ(၅ ရက်​​မှ ၁၁ ရက်​​နေ့အထိ)တားရော့ဟောစာတမ်း




တနင်္ဂ​နွေသားသမီးများအတွက်
~~~~~~~~~~~~~~~~
ဒီတစ်​ပတ်​တွင်​ ကံ 75 % ရှိ​နေမည်​ ။ သင်​သည်​ အတိတ်​ကံ၏ အ​ကောင်းအဆိုးကို ရရှိခံစားနိုင်​မည်​ ။ ​ကောင်း​သော အ​ပြောင်းအလဲကို ရရှိဖို့ မိမိပြု လုပ်ခဲ့
တဲ့ ကုသိုလ်​တစ်​ခုကို အာရုံပြု ပြီး အမျှ​ဝေ​ပေးလိုက်​ပါ ။ ထူးခြားမှုကို ​တွေ့လာပါလိမ့်​မည်​ ။
အလုပ်​ကံ 70 % ရှိ​နေမည်​ ။ ​ရှေ့ဆက်​မရ နောက်​လှည့်
မရတဲ့ အ​ခြေ​အ​နေမျိုးနှင့်​ ကြုံ ​တွေ့​နေရတတ်​သည်​ ။
ခရီးသွားခြင်း ရှိ​နေတတ်​ပြီး စိတ်​ရှုတ်​ရမည်​ ။
ငွေကံ 50 % ရှိ​နေမည်​ ။
ပိုက်​ဆံအတွက်​ ပူပန်​​နေရမည်​ ။
ပညာ​ရေးကံ 50 % ရှိ​နေပြီး ၊ သတိပြု သင့်​သည်​ ။
သွားကိုက်​ခြင်း ၊ အပူနာ​ပေါက်​ခြင်း ၊ နှာပိတ်​ခြင်း
ဖြစ်​​တတ်​သည်​ ။
ကျား - အချစ်​က မိမိသ​ဘောအတိုင်းဖြစ်​​နေမည်​ ။
အိမ်​​ထောင်​​သည်​များအချစ်​က နားလည်​မှု​တွေလွဲ​နေ
တတ်​လို့ စိတ်​ညစ်​ရမည်​ ။
မ - အချစ်​က သူကအဖြူ ဆို ကိုယ်​ကအမည်းဖြစ်​​နေမည်​ ။ ဘာမှဟုတ်​တာ​လေးနှင့်​ စကားများ​နေရ တတ်​သည်​။အိမ်​​ထောင်​သည်​များအချစ်​က အနားရှိ​နေ​ပေမယ့်​လည်း အထီးကျန်​သလို လွမ်း​နေရတတ်​သည်​ ။
ကံ​ကောင်း​စေရန်​ - ငှက်​ လွှတ်​ပါ ။ အစာ​ကျွေးပါ ။
================================
တနင်္လာသားသမီးများအတွက်
~~~~~~~~~~~~~~~~
ဒီတစ်​ပတ်​တွင်​ ကံ 80 % ရှိ​နေမည်​ ။ မိမိ​မျှော်​လင့်​ထားသလို ဖြစ်​​နေတတ်​သည်​ ။ ထူးခြားတဲ့ အခွင့်
အ​ရေးများ ၊ မိတ်​​ဆွေသစ်​များ ၊ လုပ်​ပိုင်​ခွင့်​များ ရလာတတ်​သည်​ ။ လူမျိုးခြားများ အကျိုး​ပေးမည်​ ။
အလုပ်​ကံ 80 % ရှိ​နေမည်​ ။ ​ရောင်းဝယ်​လုပ်​ငန်း ၊
အမျိုးသမီးအသုံး​ဆောင်​လုပ်​ငန်းများ အကျိုး​ပေးမည်​။
အိုးသစ်​အိမ်​သစ်​သို့​ ပြောင်းရတတ်​သည်​ ။
ငွေကံ 50 % ရှိ​နေမည်​ ။
သူများအတွက်​ ​ငွေကုန်​တတ်​သည်​ ။
ပညာ​ရေးကံ 40 % ရှိ​နေမည်​ ။ အထူးသတိပြု ပါ ။
ခေါင်းကိုက်​ခြင်း ၊ ကိုယ်လက်​မအီမသာဖြစ်​ခြင်း ၊
အ​အေးပတ်​ဖျားနာခြင်း ဖြစ်​တတ်​သည်​ ။
ကျား - အချစ်​က နားလည်​မှု​တွေ ​ဝေး​နေမည်​ ။
ခွဲခွာခြင်း ၊ မနာလိုသူ​ ​သွေးထိုးခြင်းများ ရှိ​နေတတ်​သည်​။ အိမ်​​ထောင်​သည်​များ ရတာမလို လ်ိုတာမရ ဖြစ်​​နေတတ်​သည်​ ။
မ - အချစ်​က အရမ်းလန်း​နေမည်​ ။ ​ပျော်​ရွှင်​စရာ များနှင့်​သာ ကြုံ​နေရမည်​ ။ အိမ်​​ထောင်​သည်​များ အချစ်​​တွေ အသစ်​တဖန်​ ပြန်​လည်​ရှင်​သန်​ခြင်း​တွေရှိလာလို့ ​ပျော်​​နေရမည်။
ကံ​ကောင်း​စေရန်​ - မိတ်​​ဆွေတစ်​​ယောက်​အား
အ​အေးဖြင့်​ ဒါနပြု ​ပေးပါ ။
================================
အင်္ဂါသားသမီိးများအတွက်
~~~~~~~~~~~~~~
ဒီတစ်​ပတ်​တွင်​ ကံ 70 % ရှိ​နေမည်​ ။ သင်​သည်
အ​ပြောင်းလဲများကြားမှ ရှင်​သန်​​နေရမည်​ ။ မိမိလုပ်​နိုင်​သ​လောက်​ အဆင်​​ပြေ​နေမည်​ ။ ပုံမှန်​ထက်​ ထူးခြားဆန်းသစ်​တဲ့ အ​တွေးအ​ခေါ်​များဖြင့်​လုပ်​ကိုင်
ဆောင်​ရွက်​ပါမှ ပို​အောင်​မြင်​မည်​ ။ အခွင့်​အ​ရေး နှစ်​ခု
တပြိုင်​တည်း ရလာတတ်​သည်​ ။ အလုပ်​ကံ 85 % ရှိ​နေမည်​ ။ ​ငွေကံ 70 % ရှိ​နေမည်​ ။
ရသင့်​တဲ့ ငွေ . ​မရ - စောင့်​​နေရတတ်​သည်​ ။
ပညာ​ရေးကံ 70 % ရှိ​နေမည်​ ။ စာကျက်​ရာတွင်​ စိတ်​မပါသလို ဖြစ်​​နေတတ်​သည်​ ။ အိပ်​မ​ပျော်​ခြင်း ၊
မျက်​နှာအဖုအပိန့်​များထွက်​ခြင်း ၊ ​ခေါင်းမူးခြင်း ၊
ခြေအနာတရဖြစ်​ခြင်း ဖြစ်​တတ်​သည်​ ။
ကျား - အချစ်​က အနားမရှိသလို ဖြစ်​​နေမည်​ ။ လွမ်း​နေရတတ်​သည်​ ။ အိမ်​​ထောင်​သည်​များအချစ်​က နားလည်​မှုများနဲ့ ခရီးဆက်​​နေရမည်​ ။ ​ပျှော်​ရွှင်​​နေရ
မည်​ ။
မ - အချစ်​က မိမိစိတ်​တိုင်းကျ ဖြစ်​​နေမည်​ ။ အလိုက်​သိတတ်​လွန်းတဲ့ အချစ်​​ကြောင့်​ ​ပျော်​​နေရ
မည်​ ။အိမ်​​ထောင်​သည်​များအချစ်​က မိသားစုပြဿ နာ​လေးများ​ကြောင့်​ စိတ်​ရှုတ်​​နေရမည်​ ။
ကံ​ကောင်းစေရန်​ - ၂ ရက်​တိတိ အနားရှိ
မိတ်​​ဆွေအား အ​အေး ဖြင့်​ဒါနပြုပါ ။
================================
ဗုဒ္ဓဟူး / ရာဟု သားသမီးမျးအတွက်
~~~~~~~~~~~~~~~~~~~~
ဒီတစ်​ပတ်​တွင်​ ကံ 75 % ရှိ​နေမည်​ ။ သင်​သည်​ မယုံကြည်​မှု ၊ မသင်္ကာမှု​တွေကို ​ဖြေရှင်းရလိမ့်​မည်​။
တစ်​ဦးတစ်​​ယောက်​ကိုမှ အားမကိုးရခြင်း ၊ ထင်​မှတ်​မထားသူ၏ကူညီ​ပေးခြင်းကိုသာ ရရှိတတ်​သည်​ ။ သင်​ ယုံကြည်​သူများကပါ သင့်​အ​ပေါ်​ နားလည်​မှုလွဲမှား​နေ​ပေလိမ့်​မည်​ ။ ဘာပဲဖြစ်​ဖြစ်​ သင်​က​တော့ အရာရာကို ရင်​ဆိုင်​မည့်​သူတစ်​ဦိးဖြစ်​​နေမည်​ ။
အလုပ်​ကံ 75 % ရှိ​နေမည်​ ။
ထူးခြားတဲ့ အမျိုးသမိီး၏ အကူညီရရှိတတ်​သည်​ ။ ​ငွေကံ 70 % ရှိ​​နေမည်​ ။ ပညာ​ရေးကံ 75 % ရှိ​နေမည်​ ။ ဆီး​ရောဂါ ၊ ​သွေးတိုး​ရောဂါ ၊ လည်​ပင်းနာ ခြင်းဖြစ်​တတ်​သည်​ ။
ကျား - အချစ်​က ရန်​ဖြစ်​လိုက်​ ပြန်​ချစ်​လိုက်​နှင့်​ ခရီးဆက်​​နေမည်​ ။ အိမ်​​ထောင်​သည်​များအချစ်​က ချစ်​​နေရင်း ၊ ဖြည့်​ဆည်း​ပေး​နေရင်း ၊ အလိုမကျမှု​တွေ
နဲ့ စိတ်​တို​နေရတတ်​သည်​ ။
မ - အချစ်​က မချစ်​သင့်​သူကိုမှ ချစ်​မိ​နေတတ်​သည်​ ။
ရှေ့ဆက်​မရတဲ့ လူတစ်​​ယောက်​ကို စွဲလန်း​နေမိတဲ့
အပြစ်​က ဝမ်းနည်းခြင်းကို ဖြစ်​​စေ​မည်​ ။ အိမ်​​ထောင်
သည်​များ လူခြင်းနီး​နေ​ပေမယ့်​ စိတ်​ခြင်း​တော့ ​​ဝေး​နေမည်​ ။ နားလည်​မှုမရှိတဲ့ အချစ်​​​ကြောင့်​ ရန်​လို​နေမည်​ ။
ကံ​ကောင်း​စေရန်​ ငါးလွှတ်​​ပေးပါ ။
နေ့လည်​စာဖြင့်​ဒါနပြု ​ပေးပါ ။
================================
ကြာသပ​တေးသားသမီးများအတွက်
~~~~~~~~~~~~~~~~~~~
ဒီတစ်​ပတ်​တွင်​ ကံ 70 % ရှိ​နေမည်​ ။ သင်​သည်​ ပင်​ပန်းခြင်းများဖြင့်​သာ ခရီးဆက်​​နေရမည့်​ သူတစ်
ယောက်​ဖြစ်​​နေမည်​ ။ ဘာလာလာ ​ဒေါင်း မည့်​သူပါ ။
ရဲရင့်​သူ ၊ ခိုင်​မာ​သော စိတ်​ဓာတ်​ရှိသူ ၊ စိန်​​ခေါ်​ရင်​ တိမ်​​ပေါ်​ထိ လိုက်​မည့်​သူတစ်​​ယောက်အဖြစ်​ ကံနိမိတ်
က​ဖော်​ပြ​နေသည်​ ။ အလုပ်​ကံ 70 % ရှိ​နေမည်​ ။
အ​တိုက်​များ ရှိ​နေ​မည်​ ။ တတ်​နိုင်​သမျှစကားနည်းပါ ။
တည်​တည်ငြိမ်​ငြိမ်​ဖြင့်​သာ လုပ်​ကိုင်​​ဆောင်​ရွက်​ပါ ။
ငွေကံ 75 % ရှိ​နေမည်​ ။ ​ငွေဝင်​မည်​ ။
ပညာ​ရေးကံ 75 % ရှိ​နေမည်​ ။
သွားကိုက်​ခြင်း ၊ လျှာအပူ​လောင်​ခြင်း ၊ ​ခေါင်းကိုက်​ခြင်း ၊ခလုတ်​တိုက်​ခြင်း ဖြစ်​​​တတ်​သည်​ ။
ကျား - အချစ်​က အသစ်​အသစ်​​တွေ ဖြစ်​​နေလို့ ​ပျော်
နေရမည်​ ။ ချစ်​သူခင်​သူများ​နေမည်​ ။အိမ်​​ထောင်​သည်​များ ​ဘေး​သွေးထိုးမှု​ကြောင့်​ စကားများ​နေရတတ်​သည်​ ။ မိသားစု အပူများ ရှိ​နေမည်​ ။
မ - အချစ်​က နားလည်​မှု​ရှိတဲ့ အချစ်​​တွေနဲ့ ​​အေးချမ်း​နေမည်​ ။ ကွဲကွာ​နေ​သော ချစ်​သူနဲ့ ပြန်​​တွေ့ရတတ်
သည်​ ။ အိမ်​​ထောင်​သည်​များအချစ်​က အလိုမကျမှု​တွေ
နဲ့ အတူ စိတ်​ပျက်​​နေရတတ်​သည်​ ။
ကံ​ကောင်း​စေရန်​ ဓားတစ်​​ချောင်း လှူ ​ပေးပါ ။( သို့ )
ငှက်​​ပျောသီး တစ်​ဖီးလှူ ​ပေးပါ ။
================================
သောကြာသားသမီးများအတွက်
~~~~~~~~~~~~~~~~~
ဒီတစ်​ပတ်​တွင်​ ကံ 70 % ရှိ​နေမည်​ ။ သင်​သည်
ဗဟုသုတအသစ်​​တွေ ၊ ကျွမ်းကျင်​မှုအသစ်​​တွေ​ ​လေ့​လာသင်​ယူခွင့်​ရှိ​နေပြီး ၊ စွမ်းရည်​အသစ်​​တွေကိုလည်း
အသုံးချခွင့်​ရှိ​နေမည်​ ။ စိတ်​ရှည်​သည်းခံခြင်းသည်
အောင်​မြင်​ခြင်းရဲ့ မှတ်​တိုင်​ဖြစ်​​နေမည်​ ။
အလုပ်​ကံ 70 % ရှိ​နေမည်​ ။ အလုပ်​ကိစ္စနှင့်​ ခရီး
သွားခြင်း ရှိလာပါက အမည်း​ရောင်​အကျီ င်္ကို မဝတ်
သင့်​ပါ ။ ​ငွေကံ 70 % ရှိ​နေမည်​ ။ ​ငွေ အကုန်​ကျ
များ​နေတတ်​သည်​ ။ ပညာ​ရေးကံ 75 % ရှိ​နေမည်။
နှလုံး​ရောဂါ ၊ ​သွေးကျခြင်း ၊ ရင်​​အောင့်​ခြင်း
ဖြစ်​တတ်​သည်​ ။
ကျား - အချစ်​က အထင်​လွဲမှား​ခံနေရတတ်​သည်​ ။
သဝန်​တိုတတ်​တဲ့ ချစ်​​သူ​လေး​ကြောင့်​ စိတ်​ရှုတ်​​နေရ
တတ်​သည်​ ။ အိမ်​​ထောင်​သည်​များ ​သာသာယာယာ
ရှိ​နေမည်​ ။
မ - အချစ်​က မိမိသ​ဘောကျ အရာရာဖြည့်​ဆည်း
ပေး​နေတတ်​တဲ့ ချစ်​သူ​လေး​ကြောင့်​ ​ပျော်​ရွှင်​​နေရ
မည်​ ။ အိမ်​​ထောင်​သည်​များ စကားများ​နေရတတ်
သည်​ ။
ကံ​ကောင်း​စေရန်​ - ပိုက်​ဆံ ၁၀၀၀ ကျပ်​ လှူ​ပေးပါ ။
================================
စ​နေသားသမီးများအတွက်
~~~~~~~~~~~~~~
ဒီတစ်​ပတ်​တွင်​ ကံ 70 % ရှိ​နေမည်​ ။ သင်​သည်
ပင်​ကိုယ်​စွမ်းရည်​​များစွာရှိပြီး ပ​ဟေဌိဆန်​တဲ့ အလုပ်
မျိုးကို လုပ်​​ကိုင်​​ချင်​​နေမည်​ ။ ​ဘေးကျပ်​နံကျပ်​ အ​ခြေ
အ​နေများလည်း ရှိ​နေမည်​ ။ အလျင်​လိုတတ်​တာ ၊ ​ဒေါသကြီးတတ်​တာကို သတိပြုပါ ။ မနာလိုသူ ​ချောက်​ချသူများ ရှိ​နေမည်​ ။ အလုပ်​ကံ 70 % ရှိ​နေ
မည်​ ။ ​ငွေကံ 80 % ရှိ​နေမည်​ ။ ​ငွေ ဝင်​မည်​ ။
ပညာ​ရေးကံ 69 % ရှိ​နေမည်​ ။ သတိပြု ပါ ။
အ​အေးပတ်​ခြင်း ၊ နှာပိတ်​ခြင်း ၊ ​လေ​အောင့်​ခြင်း ၊
သွေးတိုးခြင်း ဖြစ်​​နေတတ်​သည်​ ။
ကျား - အချစ်​က အေး​ဆေးရှိ​နေမည်​ သာယာ​နေ ပါမည်​။ အိမ်​​ထောင်​သည်​များ သ​ဘောထားကွဲလွဲမှု​များ ၊ မိသားစုပြဿ နာ​တွေ ရှိ​နေတတ်​သည်​ ။
မ - အချစ်​က ​ပျော်​ရွှင်​​နေမည်​ ။ အ​ဝေးမှ ချစ်​သူ​လေးရဲ့ သတိရလွမ်းဆွတ်​ခြင်း​တွေ​ကြောင့်​ ​​ကျေနပ်​​နေမည်​ ။ အိမ်​​ထောင်​သည်​များ သူ့အပူ ကိုယ့်​အပူ​တွေ​ကြောင့်​ စိတ်​ရှုတ်​​နေရတတ်​သည်​ ။
ကံ​ကောင်း​စေရန်​ - ချစ်​ခင်​သူတစ်​​ယောက်​အားမျက်​နှာသုတ်​ပဝါ ( သို့ ) ကြိုက်​ရာ လက်​​ဆောင်​​ပေးလိုက်​ပါ ။

Credit to:​ နေခြည်​ - တား​​ရော့