Breaking News

ချစ်ကြိုက်ခန်းတွေမှာ ဘယ်တော့မှ လူစားမထိုးဘူးဆိုတဲ့ ဒက်ကိုတာဂျွန်ဆင် Move


ဟောလိဝုဒ်မင်းသမီး ဒက်ကိုတာဂျွန်ဆင်ဟာ Fify Shades ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
play

သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ Fifty Shaes of Grey ဇာတ်ကားကိုတော့ လူတိုင်းလိုလို သိကြပါတယ်။ E.L. James ရဲ့အရောင်းရဆုံးစာအုပ်တွေကို အသက်သွင်းပြီး လွန်ခဲ့တဲ့ ၂ နှစ်က ရုံတင်ပြသချိန်မှာ ဒေါ်လာသန်း ၅၀၀ ဝင်ငွေရခဲ့ပါတယ်။ ဝင်ငွေ ယင်းပမာဏကို ရောက်ရှိခဲ့တဲ့ ဇာတ်ကား စုစုပေါင်းဟာ ၆ ကားသာရှိတဲ့အတွက် Fifty Shaes of Grey ဟာ လူကြိုက်များတဲ့ဇာတ်ကားဆိုတာ ငြင်းမရပါဘူး။
ချစ်စရာကောင်းလှတဲ့ ဒက်ကိုတာဂျွန်ဆင်ဟာ အန်နက်စတေးရှားစတီးလ်အဖြစ် သရုပ်ဆောင်ခဲ့ကာ သူမဟာ ချစ်ခန်းကြိုက်ခန်းတွေ ရိုက်ကူးစဉ်မှာ ကြာပွတ်နဲ့ အရိုက်ခံရတာ၊ သံကြိုးနဲ့ တုတ်နှောင်ခံရတာတွေကို ကြည့်ရှုခဲ့ရပါတယ်။
Fifty Shaes of Grey ရဲ့နောက်ဆက်တွဲဇာတ်ကားထဲမှာလည်း သူမနဲ့ သူမရဲ့တွဲဖက်သရုပ်ဆောင် ဂျေမီဒေါ်နယ်တို့ရဲ့ ချစ်ကြိုက်ခန်းတွေကို ထပ်မံမြင်တွေ့ရဦးမှာပါ။
play

ချစ်ကြိုက်ခန်းတွေ ရိုက်ကူးရတာနဲ့ ပတ်သက်ပြီး သူမကို မေးမြန်းစဉ်မှာတော့ "အစမှာတော့ နည်းနည်းလန့်တာပေါ့။ နာရီပေါင်းများစွာကြာတယ်။ အလုပ်ကိုပဲ လုပ်နေပြီး ဘာတွေဖြစ်မယ်ဆိုတာ တွေးမနေဖို့လိုတယ်" လို့ သူမက ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဘာပဲလုပ်လုပ် ရာနှုန်းပြည့်ကြိုးစားချင်တဲ့အတွက် သူမဟာ ဘယ်တော့မှ လူစားထိုးခြင်းမပြုဘူးလို့ ဆိုပါတယ်။
play

"အဲဒီလိုလုပ်မိရင် ခေါင်းရှောင်တယ်လို့ ခံစားရလိမ့်မယ်။ ကျွန်မ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ရာနှုန်းပြည့်လုပ်မယ်၊ အပြည့်အဝကြိုးစားမယ်။ ဒီနေရာအတွက် ကျွန်မအစစ်အမှန်ဖြစ်ချင်သလို ရိုးသားချင်တယ်။ ကိုယ်လုံးတီးနေရတာ ပြဿနာမရှိပါဘူး။ လှတယ်လို့ ထင်တယ်။ ကျွန်မအတွက် အိုကေပါတယ်" လို့ ဒက်ကိုတာဂျွန်ဆင်က ပြန်ဖြေခဲ့ပါတယ်။
Fifty Shades Darker ဇာတ်ကားကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ကတည်းက အမေရိကက ရုပ်ရှင်ရုံတွေမှာ စတင်ပြသနေပါပြီ။
Source & Photos : Mirror