Breaking News

စင်ရော်မောင်မောင် ကျန်းမာရေးပြန်ကောင်းသွားပြီNews,

play

ဘန်ကောက်မှာ အရေးပေါ်ဆေးကုသမှု ခံယူလိုက်ရတဲ့ စင်ရော်မောင်မောင်တစ်ယောက် ကျန်းမာရေး ပြန်လည်ကောင်းမွန် သွားပြီလို့ သိရပါတယ်။ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ(၁၄)ရက်နေ့ ညက ဘန်ကောက်မြို့ရှိ Banrumgrad ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနာရီကျော်လောက်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်သွားပြီဖြစ်သလို ဆက်လက်ပြီး ကျန်းမာရေးကောင်းမွန်အောင် ထိန်းသိမ်းဖို့အတွက်ကိုလည်း လိုအပ်တဲ့ အချက်အလက်တွေကို ယခုလို ရေးသားထားပါတယ်။
play

ညအိပ်သည့်အခါတွင် နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ အသက်ရှုလမ်းကြောင်း အနည်းငယ်ပိတ်စို့ခြင်းများ ဖြစ်ပေါ်ကြောင်း တွေ့ရှိခဲ့ရပါသည်။ သို့ဖြစ်ပါ၍ အသက်ရှုလမ်းကြောင်း ကောင်းမွန်ရန်အတွက်
(၁) ဝိတ်လျော့ခြင်း
(၂) လေ့ကျင့်ခန်းလုပ်ခြင်း
(၃) တစ်နေ့လျှင် အနည်းဆုံး၇နာရီ အိပ်စက်ခြင်း အပြင် ဖော်ပြပါစက်ကို အိပ်သည့်အခါတွင် တပ်ဆင်ပြီး အိပ်လျှင် ကောင်းမွန်စွာ အိပ်စက်နိုင်မည်ဖြစ်ပါသည်။ တခြားစိုးရိမ်စရာရောဂါ မရှိပါခင်ဗျာ။
ကျွန်တော်ရဲ့ ခံစားရသည့်အတွေ့အကြုံများအား fb ရှိ မိတ်ဆွေများအတွက် ဗဟုသုတအဖြစ် share ခြင်းဖြစ်ပါသည်။ အစစအရာရာ ဆုတောင်းပေးခဲ့ကြသော မိတ်ဆွေများ၊ ဆွေမျိုးများ၊ ချစ်ပရိတ်သတ်များ အား အထူးလေးစား ကျေးဇူးတင်ပါသည်ခင်ဗျာ"လို့လည်း ရေးသားထားပါတယ်။
play

ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ နာမည်ကြီး ဒါရိုက်တာ တစ်ဦးဖြစ်ကာ အကယ်ဒမီသရုပ်ဆောင် မေသန်းနုနဲ့ လက်ထပ်ခဲ့ပြီး ၁၉၉၇ခုနှစ် ဇူလိုင်၃ရက်နေ့မှာ မင်းသန့်မောင်မောင်ကို မွေးဖွားခဲ့ပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ၁၉၉၄ခုနှစ်မှာ တပြည်သူမရွှေထား ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆု ၊၂၀၀၄ခုနှစ်က လျှို့ဝှက်သောနှင်း ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
Photo : စင်ရော်မောင်မောင်ဖေ့စ်ဘွတ် Credit :duwun