Breaking News

မိန်းကလေး ၃ ယောက်ကို ၁၀ နှစ်ကြာ ဖမ်းဆီးနှိပ်စက် အဓမ္မကျင့်ခဲ့တဲ့ ကျောင်းကားမောင်းသမား News,


အိုဟိုင်းအိုးက ကလီဗာလန်းမှာနေထိုင်တဲ့ အေရီရယ်ကက်စထရိုက လူတွေအမြင်မှာတော့ ပျော်ပျော်ပါးပါးနေတတ်တဲ့ ကျောင်းကားမောင်းသမားတစ်ယောက်ပါ။ သူဟာ မိန်းကလေး ၃ ယောက်ကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ မုဒိမ်းကောင်ကြီးဆိုတာကို ၂၀၁၃ ခုနှစ်အထိ ဘယ်သူမှ မသိခဲ့ကြပါဘူး။
၂၀၀၂ ခုနှစ်မှာ ကက်စထရိုက အသက် ၂၁ နှစ်အရွယ် မီရှယ်နိုက်ကို သွေးဆောင်ဖြားယောင်းပြီး သူ့အိမ်မှာ ခေါ်ဆောင်ဖမ်းဆီးထားခဲ့ပါတယ်။ တစ်နှစ်အကြာမှာ အသက် ၁၆ နှစ်အရွယ် အမန်ဒါဘာရီကို ဖမ်းဆီးတယ်။ ၂၀၀၄ ခုနှစ်မှာလည်း အသက် ၁၄ နှစ်အရွယ် ဂျီနာဒီဂျီးဆက်ကို လမ်းကြုံခေါ်တင်တယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြန်ပါတယ်။
play
အမန်ဒါဘာရီ (ဝဲ) နဲ့ ဂျီနာဒိဂျီးဆက် (ယာ) တို့ရဲ့ ဖမ်းဆီးခေါ်ဆောင်မသွားခံရခင် ရိုက်ထားတဲ့ ဓာတ်ပုံများ

အဲဒီမိန်းကလေး ၃ ယောက်ကို သူ့ရဲ့အိမ်ထဲက အခန်းနှစ်ခန်းထဲမှာ သံကြိုးနဲ့ တုပ်ထားတယ်။ ပြီးတော့ သူတို့ကို ရိုက်နှက်တယ်၊ အဓမ္မကျင့်တယ်။ ကောင်မလေးတွေ မထွက်ပြေးနိုင်အောင် ပြတင်းပေါက်တွေကို ပျဉ်ပြားတွေနဲ့ ပိတ်ဆို့ပြီး  အချက်ပေးစနစ်တွေတပ်၊ တံခါးတွေကိုလည်း သော့ခလောက်တွေနဲ့ ခတ်ထားခဲ့တယ်။
ဒီလိုနဲ့ အမန်ဒါမှာ ကိုယ်ဝန်ရှိသွားခဲ့ပြီး မီရှယ်တို့က ကလေးကို မွေးဖွားပေးခဲ့ရတယ်။ နောက် ၆ နှစ်အကြာမှာတော့ အဲဒီသမီးလေးဟာ သူတို့ရဲ့ ကယ်တင်ရှင်ကြီး ဖြစ်လာခဲ့ပါတယ်။
၂၀၁၃ ခုနှစ် မေလ ၆ ရက်မှာ သမီးလေးက "ဒယ်ဒီ့ကား ထွက်သွားပြီ" လို့ သူ့အမေကို လာပြောတယ်။
ကက်စထရိုဟာ အိပ်ခန်းတံခါးတွေကို သော့မခတ်ဘဲ ထွက်သွားတာပါ။ အမန်ဒါဟာ အောက်ထပ်ကို ပြေးဆင်း၊ တံခါးတစ်ခုကို ဖျက်ပြီး အကူအညီအော်တောင်းခဲ့ပါတယ်။ အိမ်နီးချင်းတစ်ယောက်ဆီက မိုဘိုင်းဖုန်းနဲ့ ရဲကို ဆက်သွယ်နိုင်ခဲ့ပါတယ်။
play
တရားရုံးမှာ အမိန့်ချမှတ်တာကို နားထောင်နေတဲ့ မီရှယ်နိုက်ခ်

နောက်ဆုံးမှာ မိန်းကလေးအားလုံးဟာ မိသားစုနဲ့ ပြန်နေခွင့်ရခဲ့ပြီး သူတို့ဘဝကို ပြန်တည်ဆောက်ခွင့် ရခဲ့ပါတယ်။
ကက်စထရိုကိုတောာ့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ထောင်ဒဏ်တစ်သက်အပြင် နောက်ထပ် ထောင်ဒဏ် နှစ် ၁,၀၀၀ ချမှတ်ခဲ့ပါတယ်။
အပြစ်မဲ့ မိန်းကလေးတွေကို ဖမ်းဆီးနှိပ်စက်အဓမ္မကျင့်ခဲ့တဲ့ ကက်စထရိုဟာ သူကိုယ်တိုင်တော့ အခန်းကျဉ်းလေးထဲမှာ နေရရုံနဲ့တောင် သည်းခံနိုင်ပုံမရပါဘူး။ ထောင်ကျပြီး တစ်လအကြာမှာ သူ့ရဲ့ အကျဉ်းခန်းထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။
Source & Photos : Life