Breaking News

ကလေးငယ်တစ်ဦး မီးရှို့သတ်သည့် အမျိုးသမီးကို လူအုပ်ကြီးက မီးရှို့နှိပ်စက်ညှင်းပန်း News,




နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိခံရတဲ့ အမျိုးသမီးတစ်ဦးကို ဒေသခံတွေက ဝိုင်းဝန်းရိုက်နှက်ကာ မီးရှို့ပစ်ဖို့ ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။
play

ဘရာဇီးနိုင်ငံ နိုဗိုအေရီပွာနာအရပ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ပွားခဲ့တာပါ။ နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး သံသယရှိခံရတဲ့အဆိုပါအမျိုးသမီးဟာ ဒေသရဲစခန်းအတွင်း ချုပ်နှောင်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါသထွက်နေတဲ့ ဒေသခ ၅၀၀ ခန့်ဟာ  ရဲစခန်းခြံစည်းရိုးနဲ့ အကာအရံတွေကို ရိုက်ချိုးပြီး အတင်းဝင်ရောက်ကာ  အဆိုပါအမျိုးသမီးကို အချုပ်ခန်းထဲ ခေါ်ထုတ်သွားခဲ့ကြပါတယ်။ အဲဒီနောက် ယင်းအမျိုးသမီးကို ရိုက်နှက်ကာ မီးရှို့ဖို့ ကြိုးစားခဲ့ကြကြောင်း မြင်တွေ့ရပါတယ်။ အပြင်ဘက်လမ်းဘေးတစ်နေရာမှာ ကားတစ်စီးအပါအဝင် အရာဝတ္ထုတွေကို မီးရှို့ထားတဲ့မီးပုံထဲ အဆိုပါအမျိုးသမီးကို သွင်းဖို့ ကြိုးစားခဲ့ကြတာပါ။
play

မီးပုံထဲက လွတ်မြောက်အောင် ကြိုးစားနေတဲ့အမျိုးသမီးဟာ လူအုပ်ထဲကနေ ခဲတွေနဲ့ပေါက်တာ ခံခဲ့ရပြီး ဆံပင်ဆွဲနှိပ်စက်မှုတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ လူအုပ်ကြီးဟာ များပြားလွန်းတဲ့အတွက် ရဲတပ်ဖွဲ့ဟာ စစ်တပ်အကူအညီခေါ်ခဲ့ရပြီး ယင်းအမျိုးသမီးကို ကယ်ဆယ်ကာ လူစုခွဲခဲ့ရပါတယ်။
play

အဆိုပါဗီဒီယိုဖိုင်ထဲမှာ ပါဝင်ခဲ့ပြီး အမျိုးသမီးကို ဥပဒေမဲ့နှိပ်စက်ခဲ့သူတွေကိုလည်းအရေးယူဖို့ ပြည်တွင်းရဲတပ်ဖွဲ့က စုံစမ်းနေပြီလို့ သိရပါတယ်။ ရိုက်နှက်နှိပ်စက်ခံရတဲ့အမျိုးသမီးကိုတော့ ဆေးရုံပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ အဲဒီဒေသက အိမ်တစ်လုံးမီးလောင်မှုဟာ အဆိုပါအမျိုးသမီးလက်ချက်ဖြစ်တယ်လို့ သံသယရှိခံရတဲ့အတွက် အခုလိုအဖမ်းခံနေရတဲ့အချိန် ဒေသခံတွေရဲ့ လက်တုန့်ပြန်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင် ကလေးသုံးဦးအပါအဝင် လူ ခုနှစ်ဦးရှိတဲ့ အိမ်တစ်လုံး မီးရှိုခံခဲ့ရတာဖြစ်ပြီး နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦး အရှင်လတ်လတ်မီးလောင်သေဆုံးခဲ့ပါတယ်။ အဲဒီမီးရှိုမှုဟာ ဒီအမျိုးသမီးလက်ချက်လို့ အများစုက ထင်နေကြတာပါ။

Credit :duwun