Breaking News

ဦးနေ၀င်းမိသားစုအတွက် စေတနာရှင်တစ်စု လှူဒါန်းတဲ့ကျပ်သိန်း ၉၇၀ထဲကနေ၂၅ရာခိုင်နူန်းကိုသမီးအကြီးဖြစ်သူကို ခွဲဝေပေးမည် News


ဖဖော်ဝါရီ ၇။ရန်ကုန်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို လုပ်ကြံတဲ့ တရားခံကို ဖမ်းဆီးပေးရာမှ သေဆုံးခဲ့တဲ့ ဦးနေ၀င်းရဲ့ မိသားစုကိုထောက်ပံ့ဖို့ စေတနာအလှူရှင်တစ်စု စုပေါင်းပြီး လှူဒါန်းတဲ့ငွေ ကျပ်သိန်း ၉၇၀ ထဲကနေ ၂၅ရာခိုင်နူန်းကို သမီးအကြီးဖြစ်သူကို ခွဲဝေပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါစေတနာရှင်တစ်စုရဲ့ အလှူငွေကိုကူညီကောက်ခံပေးသူ Dream Boat အဖွဲ့ရဲ့ ဒါရိုက်တာနဲ့တင်ဆက်သူ ဦးမောင်မောင်အေးက“ဦးနေ၀င်းမှာသားသမီး လေးယောက်ရှိတဲ့ အတွက် တစ်ယောက်ကို ၂၅ရာခိုင်နှုန်း ပေးအပ်ဖို့ငွေလှူဒါန်းသူတွေက ဆန္ဒရှိကြတယ်။ ကျန်တဲ့ ကလေးသုံးယောက်ကငယ်သေးတဲ့ အတွက် အခုနေထိုင်တဲ့ နေရာနဲ့နီးတဲ့ နေရာမှာမြေညီထပ် မှာ ကလေးတွေနာမည်နဲ့တိုက်ခန်းဝယ်ပေးဖို့ စီစဉ်ထားတယ်။”လို့ ပြောပါတယ်။

အလှူငွေကောက်ခံဖြစ်ပုံနဲ့ပတ်သတ်ပြီး ဦးမောင်မောင်အေးက“ဦးကိုနီ သတင်းကြားတော့ ကျွန်တော်က ဘန်ကောက်ရောက်နေတယ်။ပြီးတော့ ကူညီပေးတဲ့လူ သေသွားတယ် ၄၅ရက် သားလေးလည်းရှိတယ်ဆိုတာ သိရတယ်။ပြီးတော့ လှူချင်တဲ့ လူတွေက လဲဆက်သွယ်တယ်။”လို့ ဆက်ပြောပါတယ်။

ဇန်န၀ါရီ ၂၉ရက် နေ့က စပြီး အလှူငွေစတင်ကောက်ခံခဲ့ရာသည်ကနေ့ အထိ စုစုပေါင်း သိန်း ၉၇၀နီးပါး ရရှိခဲ့ ပြီး ဧရာဝတီဘဏ်မှာ အပ်နှံထားတယ်လို့ သိရပါတယ်။

ဦးနေ၀င်းရဲ့ ဇနီးဖြစ်သူဒေါ်စုသက်ခိုင်က “ ကိုမောင်မောင်အေးက အဲ့လိုလေး စီစဉ်ထားတယ်ဆိုတော့ လက်ခံ လိုက်တယ်။”လို့ပြောပါတယ်။

ဒေါ်စုသက်ခိုင်နဲ့ကလေးသုံးယောက်ကိုလည်း သီးသန့်စေတနာရှင်တွေက အိမ်တိုင်ရာရောက်သွားရောက် လှူဒါန်းနေတာတွေလည်းရှိပြီး သမီးအကြီးဖြစ်သူကိုလည်းသီးသန့်လှူဒါန်းသူတွေ လည်းရှိတယ်လို့သိရပါတယ်။