Breaking News

အင်္ဂလန်၌ စာသင်ကျောင်းများတွင် ဆိုက်ဘာ လုံခြုံရေးသင်ခန်းစာများထည့်သွင်းသင်ကြား News,



UK တွင် ဆိုက်ဘာတိုက်ခိုက်မှုများကိုတန်ပြန်တွန်းလှန်နိုင်ရန် လူတော်များမွေးထုတ်ရေးစီမံချက်ဖြင့် စာသင်ကျောင်းများတွင် ဆိုက်ဘာလုံခြုံရေးသင်ခန်းစာများကိုထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် အသက် ၁၄ နှစ်အောက်အရွယ် ကျောင်းသူကျောင်းသား ၅၇၀၀ ထက်မနည်းတို့  က ရက်သတ္တပတ်တစ်ပတ်လျင် ဆိုက်ဘာလုံခြုံရေးနည်းပညာကို ၄-နာရီကြာ ဆည်းပူးရမည်ဖြစ်ကြောင်း၊ ၄င်းစီမံချက်ကို ၅-နှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်ကြားသွားမည့်သင်ခန်းစာများတွင် တစ်ကယ့် အပြင်ကမ္ဘာ၌ ကြုံတွေ့ ရနိုင်သည့် စိန်ခေါ်မှုများကိုကိုင်တွယ်ဖြေရှင်းသွားနိုင်ရန် သင်ကြားပို့ ချလေ့ကျင့် ပေးသွားမည်ဖြစ်ပြီးလက်တွေ့ ဆောင်ရွက်မှုများကိုလည်းယခုနှစ်စက်တ်ဘာလမှစတင်ကာ ပြုလုပ် လေ့ကျင့်သွားရမည်ဖြစ်ကြောင်းသိရသည်။
UK တွင် ဆိုက်ဘာကာကွယ်ရေးအတွက် ကျွမ်းကျင်ပညာရှင်များလုံလောက်မှုမရှိကြောင်း၊ ထို့ အတွက် စီမံကိန်းဖြင့် ကျွမ်းကျင်ပညာရှင်များမွေးထုတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ UK ၏ အမျိုးသားလုံခြုံရေးဌာနကြီးကအထူးဦးစားပေးကာကွယ်နေရသောအန္တရာယ်ကြီး (၄)ရပ်တွင် ပြည်တွင်းပြည်ပ မှ ဆိုက်ဘာတိုက်ခိုက်ခံရမှုသည် တစ်ခုအပါအ၀င်ဖြစ်ကြောင်းသိရသည်။ သို့ သော် UK တွင် ဆိုက်ဘာလုံခြုံရေးတာဝန်ကိုထမ်းဆောင်နေသော ကျွမ်းကျင်ပညာရှင် ၅၈၀၀၀ ဦးထက်မနည်းရှိကြောင်း၊ သို့ သော်အနာဂါတ်တွင် ကြီးထွားလာမည့်တိုက်ခိုက်မှုများအတွက် လူသစ်မွေးထားခြင်းမရှိလျင် တိုက်ခိုက်မှုအ၀၀ကိုရင်ဆိုင်ရန်လွယ်ကူမည်မဟုတ်ကြောင်းယူကေ၏အင်တာနက် လုံခြုံရေးကိုဆောင်ရွက်လျက်ရှိသော Public Accounts Committee မှ သတိပေးချက်ထုတ်ပြန်ထားသည်နှင့်အညီယခုဖော်ပြပါ ၅-နှစ်စီမံကိနုးကိုဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ဒီလိုအနာဂါတ်ကိုမှန်းမျှော်ကြည့်တဲ့စီမံချက်ကောင်းတွေကြောင့် အိုင်တီနည်းပညာမှာထူးချွန်တဲ့လူငယ် မျိုးဆက်သစ်တွေကိုမွေးထုတ်ပေးနိုင်လိမ့်မယ်လို့  မျှော်လင့်ပါတယ်။ UK ရဲ့ ဆိုက်ဘာလုံခြုံရေးကို UK က ပဲအပြည့်အ၀ဆောင်ရွက်သွားနိုင်ဖို့  ကြိုးပမ်းသွားပါမယ် ဟု Public Accounts Committee မှ တာဝန် ရှိသူတစ်ဦးကပြောပြသည်။ အဆိုပါသင်ခန်းစာများအတွက် ယဉ်ကျေးမှု၊မီဒီယာနှင့်အားကစားဝန်ကြီးဌာနက ပေါင်သန်း၂၀ ပံ့ပိုးပေးထားကြောင်း၊ ကျောင်းသူကျောင်းသားများအနေဖြင့် လက်ရှိသင်ရိုးပါသင်ခန်းစာနှင့်စာမေးပွဲများအပြင် အဆိုပါ ဆိုက်ဘာသင်ခန်းစာများကိုလည်းပေါင်းစပ်သင်ကြားသွားရန်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လက်ရွေးစင်ရွေးချယ်ထားသောကျောင်းသူကျောင်းသားများကိုသာကနဦးစမ်းသပ်ကာလအနေဖြင့် သင်ကြားပို့ ချသွားရန် စီစဉ်ထားရှိကြောင်းသိရသည်။
Credit: ရတနာပုံ သတင်းစာ