Breaking News

သင့်ကို ပိုဆွဲဆောင်မှုရှိသွားစေမယ့် အပြင်အဆင် (၁၀) မျိုးNews

WhoWhatWear ရဲ့ စစ်တမ်းကောက်ချက်အရ အမျိုးသားများ သဘောခွေ့တဲ့ဖက်ရှင်တွေကို ပြောရမယ်ဆိုရင် အနက်ရောင်ဂါဝန်၊ ပခုံးဖော်ထားတဲ့အင်္ကျီတွေအပြင် ဒီအရာတွေကလည်း သူတို့ကို ဖမ်းစားနိုင်တယ်လို့ ဆိုပါတယ်။ ဒီ (၁၀) မျိုးထဲက တစ်ချို့ဟာတွေက သင့်ဗီဒိုထဲမှာ ရှာကြည့်ရင်တောင် ရှိနေနိုင်ပါသေးတယ်။ ဘာတွေများ ဖြစ်မလဲ စပ်စုကြည့်ရအောင်။

အနက်ရောင်ဂါဝန်
play

အနက်ရောင်ကိုယ်လုံးပေါ် ကိုယ်ကျပ် ဂါဝန်နဲ့ အနက်ရောင်ပွဲသွားပွဲလာဂါဝန်တွေက အမျိုးသမီးတွေကို နဂိုထက်ပိုပြီး ရင်ခုန်စွဲမက်ချင်စရာကောင်းသွားအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

ဒေါက်ဖိနပ်
play
ခန္ဓာကိုယ်ကောက်ကြောင်း ပိုပေါ်လွင်စေတဲ့အရာတစ်ခုဖြစ်တာမို့ အမျိုးသမီးအများစုက ကြိုက်နှစ်သက်ကြတဲ့အပြင် ဒေါက်ဖိနပ်စီးထားတဲ့ အမျိုးသမီးတစ်ယောက် လမ်းလျှောက်သွားရင် စမတ်ကျပြီး ရှိုက်ဖိုကြီးငယ်ပေါ်လွင်တာမို့ တစ်ခေါက်တော့ အနည်းဆုံးလှည့်ကြည့်မိတာပါပဲလို့ အမျိုးသားတွေက ပြောခဲ့ပါတယ်။

အနီရောင်ပါတဲ့အသုံးအဆောင်တွေ
play
နှုတ်ခမ်းနီနီရဲရဲဆိုးထားတာ၊ ကိုယ်ကျပ်အင်္ကျင်္ီအနီဝတ်ဆင်ထားတာ၊ ခြေသည်းလက်သည်းနီနီ ဆိုးခြယ်ထားတာ၊ လက်ကိုင်အိတ်အနီရောင်၊ အနီရောင်ဒေါက်မြင့်ဖိနပ်စီးထားတာစတဲ့အနီရောင်ပါတဲ့ ပြင်ဆင်ဝတ်စားမှုက သင့်ကိုအမြဲတမ်း လူကြားထဲမှာ ထင်းထင်းကြီး ဆွဲဆောင်မှုအပြည့်နဲ့ ထင်ပေါ်နေစေမှာပါ။

ပခုံးဖော်ထားတဲ့အင်္ကျီ
play

ပုခုံးသားပြည့်ပြည့်လေးရှိတယ်ဆိုရင် ဒီအလှကို ပေါ်လွင်အောင်ဝတ်စားလိုက်ပါ။ ပခုံးကနေ လက်မောင်းထိ အသားအရေလေး ချောမွေ့ပျော့ပျောင်းပြီး ပြည့်ပြည့်လေးဖြစ်နေတာက အလွန်အားရပါးရ ဖက်ချင်စဖွယ် အလှတစ်ရပ်ဖြစ်ပြီး ဒီလိုနေရာမျိုးကအသားက နုနယ်ပြီး အိစက်နေတာကို မြင်ရတဲ့ အမျိုးသားတစ်ယောက်က သူမရဲ့ တစ်ကိုယ်လုံးကို ခြုံငုံပြီး စိတ်ကူးယဉ်မိတတ်ကြပါတယ်။

ဇာနဲ့ချုပ်ထားတဲ့အဝတ်အထည်
play
ဇာအနားလေးပါတဲ့ အဝတ်အစား၊ ဇာနားနဲ့ ကွပ်ထားတဲ့ အင်္ကျီတွေက တစ်မျိုးလေး ချစ်စရာကောင်းနေတတ်ပြီး ငယ်ရွယ်ပျိုမြစ်တဲ့အသွင်ကို ရစေပါတယ်။

နောက်ကျောပြောင်အင်္ကျီ
play

နောက်ကျောသားကို လှစ်ဟပြထားတဲ့ အဝတ်အစားတွေက တကယ်ကို ညှို့အားအပြည့်နဲ့ ပြီးပြည့်စုံတဲ့အလှတွေပေါင်းစပ်ပေးနိုင်ပါတယ်။

အားကစားအဝတ်အစား
play

မြန်မာအမျိုးသမီးအများစုက အားကစားဝတ်စုံဝတ်ပြီး လေ့ကျင့်ခန်းကို ပေါ်ပေါ်ထင်ထင်လုပ်ရတာမျိုးကို ရှက်တတ်၊ ကြောက်တတ်ကြပါတယ်။ တကယ်က သင်ဒီလို ဝတ်ထားပြီး အားရပါးရ ကိုယ်လက်လှုပ်ရှားနေတာက အမျိုးသားတွေကို အားအင်အပြည့်ရှိစေပြီး ကျန်းမာသန်စွမ်းပြီး မိမိကိုယ်ကိုယ်တန်ဖိုးထားတဲ့ အမျိုးသမီးတစ်ယောက်လို့ ယူဆမှတ်ယူလေ့ရှိကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
play

နောက်ဆုံးတစ်ခုကတော့ အမျိုသားတိုင်းရဲ့ မျက်လုံးထဲမှာ သင့်ကို အလှဆုံးဖြစ်နေစေမယ့် အဆင်တန်ဆာတစ်ခုပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝနဲ့သာ ခြုံလွှမ်းပြီး ခြေလှမ်းတိုင်းကို ကြွားကြွားဝံ့ဝံ့နဲ့ မိမိ ကိုယ်ပိုင်စတိုင်လ်၊ ကိုယ်ပိုင် နေချင်တဲ့ ဘဝကိုသာ ဖြတ်သန်းနေလိုက်ပါ။ ဒီ အဝတ်တန်ဆာကတော့ အမျိုးသမီးတိုင်း မရှိမဖြစ် ပိုင်ဆိုင်ထားသင့်တဲ့ အလှတစ်ခုပါပဲ။
Source : WhoWhatWear Credit :duwun