Breaking News

ပရီးမီးယားလိဂ်မှာ စံချိန်သစ် တင်သွားပြန်တဲ့ အီဘရာဟီမိုဗစ်ခ်ျ News

မန်ယူအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျဟာ ပရီးမီးယားလိဂ်မှာ စံချိန်သစ်တစ်ခု ချိုးဖျက်လိုက်ကြောင်း သိရပါတယ်။ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက အသက် ၃၅ နှစ်အရွယ်မှာ လက်ရှိပရီးမီးယားလိဂ်ဘောလုံးရာသီအတွက် ၃၅ ဂိုးသွင်းယူခဲ့ပေးပြီးပြီဖြစ်ပါတယ်။
play

ပရီးမီးယားလိဂ်မှာ အသက် ၃၅ နှစ်အရွယ်နဲ့ ၁၅ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်အပါအဝင် အီဘရာဟီမိုဗစ်ချက် ဒီရာသီမှာအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၂၀ သွင်းယူပေးထားသူဖြစ်ပါတယ်။ မန်ယူအသင်းကို စတင်ရောက်ရှိလာပြီးနောက် အသင်းအတွက် ပထမဆုံးသုံးပွဲ ဂိုးသွင်းနိုင်ခဲ့လို့ စံချိန်ချိုးခဲ့ပါသေးတယ်။ မန်ယူအသင်းသမိုင်းတစ်လျှောက် ကစားသမားသစ်တစ်ဦးက ပထမဆုံးသုံးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တယ်ဆိုတာ အီဘရာဟီမိုဗစ်ခ်ျမတိုင်ခင် မရှိခဲ့ပါဘူး။
ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်ခ်ျဟာ မန်ယူအသင်းထံကို ပြီးခဲ့တဲ့နွေရာသီက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတာဖြစ်ပြီး လက်ရှိအချိန်မှာ  အသက် ၃၅ နှစ်နဲ့ ၁၂၅ ရက် ရှိနေပြီဖြစ်ပါတယ်။ လက်ရှိဂိုးသွင်းနှုန်းအတိုင်းဆိုရင် ဖာဂူဆန်လက်ထက်က တိုက်စစ်မှူးဗန်ပါစီဂိုး၂၀ သွင်းနိုင်ခဲ့ပြီးနောက်ပိုင်း မန်ယူအသင်းမှာ တစ်ရာသီ ဂိုး ၂၀ သွင်းနိုင်သူမရှိတော့တဲ့ စံချိန်ကို ချိုးဖျက်မယ်လို့ ယူဆရပါတယ်။
play

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လက်စတာအသင်းနဲ့ပွဲစဉ်မှာ အီဘရာဟီမိုဗစ်ချက် မန်ယူအသင်းအတွက် ဂိုးကို ရက်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ဘောကတဆင့် သွင်းယူလိုက်တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ နောက်ဆုံးဘောလုံးရာသီမှာလည်း အီဘရာဟီမိုဗစ်ခ်ျဟာ ၃၈ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကို စတင်ရောက်ရှိတဲ့ ၂၀၁၂-၁၃ ဘောလုံးရာသီမှာလည်း အီဘရာဟီမိုဗစ်ချစ်ဟာ လိဂ်ဂိုး ၃၀ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။
အီဘရာဟီမိုဗစ်ခ်ျ သွင်းဂိုးများ

၂၀၁၅-၁၆     ပီအက်စ်ဂျီ      ၃၈
၂၀၁၄-၁၅     ပီအက်စ်ဂျီ      ၁၉
၂၀၁၄-၁၃     ပီအက်စ်ဂျီ      ၂၆
၂၀၁၃-၁၂     ပီအက်စ်ဂျီ      ၃၀
၂၀၁၁-၁၂     အေစီမီလန်     ၂၈
၂၀၁၀-၁၁     အေစီမီလန်     ၂၈
ှSource : Sky Sports  

Credit :duwun