Breaking News

မြေအိုးနဲ့ ထည့်ထားတဲ့ ၃၅ ကျပ်သားကျော် ရှေးဟောင်းရွှေပြားတွေကို မြောက်ဦးဒေသမှာ တွေ့ရှိ News

play

 မြောက်ဦးမြို့နယ် စေတီတောင်ကျေးရွာ အရှေ့ဘက် ဂါယာတောင်တန်းတောထဲသို့ ရွာသားလေးဦးက နွားကျောင်းသွားစဉ် မြေအိုးတစ်လုံးတွေ့ရှိခဲ့ပြီး အဆိုပါ မြေအိုးထဲက စုစုပေါင်းအလေးချိန် ၃၇ ကျပ်သားရှိ ရွှေပြားတွေကို ရှေးဟောင်းသုတေသနဌာနသို့ ဖေဖော်ဝါရီ ၉ ရက်က အပ်နှံခဲ့တယ်လို့ သိရပါတယ်။
ရှေးဟောင်းပစ္စည်းလို့ ယူဆရတဲ့အတွက် ရှေးဟောင်းသုတေသနဌာနကို သွားရောက် အပ်နှံခဲ့တာဖြစ်ပြီး  ရွာသားတွေ လာရောက်အပ်နှံရာကတစ်ဆင့် ရှေးဟောင်းသုတေသနကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ မြောက်ဦးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောထားပါတယ်။
play

အဆိုပါ ရွှေပြားများကို ပြီးခဲ့တဲ့ ခြောက်လခန့်က တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ တွေ့ရှိသူတစ်ဦးက ပြောထားပါတယ်။
စေတီတောင်ကျေးရွာမှ ကျော်ကျော်လိုင်၊ ထွန်းသိန်းလိုင်၊ မောင်အောင်သာနဲ့ မောင်စိုးတို့ဟာ ဦးဂေါက်ရအောင် ပျောက်ဆုံးနေတဲ့ နွားကို လွန်ခဲ့တဲ့ တော်သလင်းလပြည့်နေ့က လိုက်ရှာရာမှ ရွာအနီးရှိ တောင်ကုန်းမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မြေအိုးဟာ မြေကြီးပေါ်ကို ထိုးထွက်နေတာဖြစ်ပြီး အစပိုင်းမှာ ဗုံးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းတူးဖော်တဲ့အခါ ရွှေအိုးဖြစ်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
play

မြောက်ဦးမြို့နယ်မှာ အဖိုးတန် ရှေးဟောင်းပစ္စည်းတွေကို နေရာအသီးသီးမှာ မကြာခဏတူးဖော်ရရှိနေပြီး ရရှိခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေကို ရှေးဟောင်းသုတေသနဌာနသို့ အပ်နှံထိန်းသိမ်းကြောင်း မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောထားပါတယ်။
Photos & Source: 7Day Daily, Narinjara