Breaking News

ဦးလေးတော်စပ်သူက ညအိပ်ခေါ်ဆောင်ကာ ဓမ္မတာနှင့်ဆန့် ကျင်စွာ ပြုမူခဲ့ဟုဆိုNews,


တနင်္သာရီတိုင်းဒေသကြီးတွင် ဦးလေးတော်စပ်သူက ညအိပ်ခေါ်ဆောင်ကာ ဓမ္မတာနှင့် ဆန့်ကျင်စွာ
ပြုမူခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အမှုဖွင့် အရေးယူထားသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၊
မင်းထိန်းကျေးရွာနေ အမျိုးသမီးကြီးသည် အိမ်နီးချင်းနေအိမ်တွင် ရှိနေစဉ် မိခင်ဖြစ်သူ ရောက်ရှိ
လာပြီး အသက် ၃ နှစ် ၇ လအရွယ် မြေးဖြစ်သူကို ဦးလေးတော်စပ်သည်ဟု ပြောသော လူတစ်ဦး
က ညအိပ်ခေါ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုနေစဉ် မြေး ဖြစ်သူနှင့်အတူ အဆိုပါလူရောက်လာပြီး ခေါ်သွားမည်ဟု ပြောဆိုကာ
ခေါ်ဆောင်သွားခဲ့သည်။ တိုင်ကြားသူအမျိုးသမီးက ကလေးငယ်၏ မိခင်ဖြစ်သူ နေထိုင်ရာ သင်္ကန်း
တောကျေးရွာရှိ ဆွေမျိုးများထံ သွားရောက်စုံစမ်းခဲ့ရာ မြေးဖြစ်သူကို ခေါ်ဆောင်သွားသူမှာ ထမင်း
မစား ကျေးရွာနေ အောင်မိုး (၃၄)နှစ် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် တိုင်ကြားသူနှင့် ကလေးငယ်၏ မိခင်တို့က
ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြား၍ အောင်မိုး၏ နေအိမ်သို့ သွားရောက်ကာ မြေးဖြစ်သူ
အား ခေါ်ဆောင်ခဲ့သည်။

နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် မြေးဖြစ်သူက ၄င်းလိုက်သွားသည့် ညက အောင်မိုးနှင့်အတူ
အိပ်ရပြီး ၄င်းက မိန်းမကိုယ်ကို လက်ဖြင့် မဖွယ်မရာ ပြုလုပ်ကြောင်း ပြောပြသဖြင့် ကြည့်ရှုကာ
အရေးယူပေးရန် တိုင်ကြားခဲ့မှုကြောင့် ပုလောမြို့မရဲစခန်း(ပ)၃၂/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇
အရ အမှုဖွင့်အရေးယူထားသည်။

Credit :The Myanmar Times