Breaking News

တောင်ငူမှာ ပထွေးဖြစ်သူက သုံးနှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့် News

child-rape

တောင်ငူမြို့နယ်၊ထမင်းမစားကျေးရွာမှာ ပထွေးဖြစ်သူက အသက် ၃နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြစ်ပွားပြီး တောင်ငူမြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။
ကလေးငယ်ကို အဓမ္မ ပြုကျင့်ခဲ့သူအသက်၃၄ နှစ်အရွယ် ကိုအောင်မိုး ဟာ ကလေးငယ်ရဲ့မိခင်ဖြစ်သူမနှင်းပွင့်ဖြူနဲ့ အိမ်ထောင်ကျခဲ့တာနှစ်နှစ်ကျော်ကြာမြင့်ပြီလို့သိရပါတယ်။
မနှင်းပွင့်ဖြူ၊ကိုအောင်မိုးနဲ့ ကလေးငယ်ဟာ ကလေးအသက်နှစ်နှစ်အထိတစ်အိမ်ထဲမှာ အတူနေခဲ့ကြတယ်။ မနှင်းပွင့်ဖြူဟာလက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေပြီးထိုင်းမသွားခင်သမီးငယ်ကို အရင်ယောက်ကျား(ဖခင်အရင်း)ရဲ့ မိခင်ဒေါ်တင်နွဲ့ထံမှာ အပ်ထားခဲ့တယ်လို့သိရပါတယ်။
အခင်းဖြစ်ပွားတဲ့ဖေဖော်ဝါရီ ၁၃ရက်နေ့ နေ့ခင်းမှာ မနှင်းပွင့်ဖြူရဲ့နောက်အိမ်ထောင်ဖြစ်တဲ့ကိုအောင်မိုးဟာ ဒေါ်တင်နွဲ့ဆီကကလေးကိုညအိပ်ဖို့လာရောက်ခေါ်ယူခဲ့တယ်လို့ဆိုပါတယ်။
” ဒေါ်တင်နွယ်က ခေါ်သွားလို့မဖြစ်ဘူးလို့ပြောတဲ့အခါမှာ ကိုအောင်မိုးက ကလေးရဲ့ ဦးလေးပါလို့ပြောတဲ့အတွက် ကလေးကို ကိုအောင်မိုးအိမ်မှာ အိပ်ဖို့ထည့်လိုက်တယ်“တောင်ငူမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဲဒီနောက်မှာတော့ဒေါ်တင်နွယ်က ကိုအောင်မိုးဟာ ကလေးရဲ့ဦးလေးမဟုတ်တဲ့အကြောင်းသိပြီး ၁၄ရက်နေ့မနက်ပိုင်းမှာ ထမင်းမစားကျေးရွာက အုပ်ချုပ်မှူးအိမ်ကိုသွားတယ်။အုပ်ချုပ်ရေးမှူးအိမ်ကနေ တဆင့် ကိုအောင်မိုးရဲ့နေ အိမ်ကိုလိုက်သွားတဲ့အခါမှာ ကလေးငယ်ကိုဖေဖော်ဝါရီ၁၃ရက်နေ့ ညကအဓမ္မပြုကျင့်ခဲ့ တယ်ဆိုတဲ့အမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ကိုအောင်မိုးကို တောင်ငူမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃/၂၀၁၇ မဖွယ်မရာပြုကျင့်မူ ၃၃၇နဲ့ အမူဖွင့်ထားတယ်လို့လည်းသိရပါတယ်။
Author နှင်းနှင်း
Credit: Kumudra