Breaking News

ဘီယွန်းဆေးကို ပေးဖို့ ဂရမ်မီဆုကို ထက်ပိုင်းချိုးလိုက်တဲ့ အဒဲလ်News,


ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညမှာ လော့ဆန်းဂျလိစ်ရှိ Staple Centre မှာ ကျင်းပခဲ့တဲ့ ၅၉ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ အဒဲလ်ဟာ ဂရမ်မီဆု ၅ ဆုရရှိခဲ့ပေမဲ့ သူမဟာ အကောင်းဆုံးအယ်လ်ဘမ်ဆု (Album of the Year) ဆုကိုတော့ ဘီယွန်းဆေးကသာ ရသင့်တယ်လို့ ထင်ခဲ့ပါတယ်။
play

ယင်းဆုကို လက်ခံရယူစဉ်မှာ အဒဲလ်ဟာ မျက်ရည်လည်ရွဲနဲ့ ဘီယွန်းဆေးကို ချီးကျူးခဲ့ပါတယ်။
"ဒီဆုကို ကျွန်မလက်မခံနိုင်ဘူး။ ကျွန်မဟာ အရမ်းကျိုးနွံ၊ ကျေးဇူးသိတတ်ပြီး ယဉ်ကျေးသူပါ။ ဒါပေမဲ့ ဘီယွန်းဆေးက ကျွန်မဘဝပါ။ Lemonade အယ်လ်ဘမ်ဟာ ကျွန်မအတွက် အရမ်းကို ကြီးကျယ်ခမ်းနားပါတယ်။ အရမ်းကို တွေးစရာတွေ များပါတယ်။ ပြီးတော့ အရမ်းလည်းလှပတယ်။ ကျွန်မတို့အားလုံး ရှင့်ကို မမြင်ခဲ့ရတဲ့ ရှင့်ရဲ့တခြားတစ်ဖက်ကို ကောင်းကောင်းမြင်လိုက်ရတယ်။ အရမ်းသဘောကျပါတယ်။ ကျွန်မတို့ အနုပညာရှင်တွေအားလုံး ရှင့်ကို နှစ်ခြိုက်တယ်။ ရှင်က ကျွန်မတို့ရဲ့အလင်းရောင်ပါ။ ကျွန်မနဲ့ ကျွန်မမိတ်ဆွေတွေကို ရှင်ခံစားစေလိုက်တဲ့ပုံစံ၊ ကျွန်မရဲ့လူမည်းမိတ်ဆွေတွေကို ရှင်ပြုလုပ်ခဲ့တဲ့ပုံစံက အရမ်းကို အင်အားကြီးပါတယ်။ သူတို့အတွက်သူ ရပ်တည်နိုင်အောင် ရှင်လုပ်ပေးခဲ့တယ်" လို့ အဒဲလ်က ဘီယွန်းဆေးအကြောင်းကိုသာ တဖွဖွပြောနေခဲ့ပါတယ်။
play

"ကျွန်မ ရှင့်ကိုချစ်တယ်။ အမြဲတမ်းလည်း ချစ်ပါတယ်။ နောက်လည်း ချစ်နေမှာပါ" လို့ အဒဲလ်က ငိုရင်းပြောကြားခဲ့သလို ဘီယွန်းဆေးကလည်း သူမကိုကြည့်ရင်း ကျေးဇူးတင်ပါတယ်လို့ နှုတ်ခမ်းလှုပ်ရုံအကြိမ်ပြောရင်း မျက်ရည်တွေ ဝဲနေခဲ့ပါတယ်။
အဲဒီနောက် သူမဟာ ဆုပေးပွဲဂရမ်မီဆုကို ထက်ပိုင်းချိုးခဲ့ပါတယ်။
play

အဒဲလ်ရဲ့ 25 အယ်လ်ဘမ်ဟာ ဘီယွန်းဆေးရဲ့ Lemonade၊ ဂျက်စတင်ဘီဘာရဲ့ Purpose၊ ဒရိတ်ခ်ရဲ့ Veiws နဲ့ Sturgill Simpson ရဲ့A Sailor’s Guide to Earth တို့နဲ့အတူ Album of the Year ဆုအတွက် ယှဉ်ပြိုင်ခဲ့ရပါတယ်။
အဒဲလ်ရဲ့ 25 အယ်လ်ဘမ်ဟာ Album of the Year နဲ့ Best Pop Vocal Album ဆုတွေ ရရှိခဲ့ပြီး Hello သီချင်းက Song of the Year, Record of the Year နဲ့ Best Pop Solo Performance ဆုတို့ကို ရရှိခဲ့ပါတယ်။
play

ဆု ၉ ဆုနဲ့ စံချိန်တင်ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ ဘီယွန်းဆေးကတော့ Formation သီချင်းနဲ့ Best Music Video ဆုနဲ့ Lemonade အယ်လ်ဘမ်နဲ့ Best Urban Contemporary Album ဆု ၂ ဆုသာ ရရှိခဲ့ပါတယ်။
Source &  Photos : Mirror  

Credit :duwun