Breaking News

နီကိုလာတက်စ်လာရဲ့ လျှပ်စစ်နဲ့ ကာသွားမယ့် ထရမ့်ရဲ့ခေတ်သစ်မဟာတံတိုင်းကြီး News

ဘီစီ ၇ ရာစုအစောပိုင်းက တရုတ်ဧကရာဇ် ရှီဟွမ်တီရဲ့လက်ထက်မှာ နယ်ခြားရန်ကာကွယ်ရေးအစီအစဉ်အဖြစ် မိုင်ပေါင်း ၂၄၀၀ ကျော်ရှည်လျားတဲ့ မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့ပါတယ်။ သရဲခို ပြအိုး ကင်းမျှော်စင်များနဲ့  ခန့် ညားထည်ဝါလှတဲ့ မဟာတံတိုင်းကြီးဟာ ကမ္ဘာ့အံ့ဖွယ်တစ်ခု ဖြစ်သလို တရုတ်နိုင်ငံရဲ့ အမှတ်သင်္ကေတတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၂၇၀၀ ကြာပြီဖြစ်တဲ့ ဒီနေ့ ခေတ်မှာတော့ အမေရိကန်-မက္ကဆီကန် နယ်စပ်မှာ ဒုတိယအံ့ဖွယ်တံတိုင်းတစ်ခုကို ခေတ်မီနည်းပညာများနဲ့ အတူ မြင်ရဖို့ ရှိပါတယ်။
play

အမေရိကန် သမ္မသစ် ဒေါ်နယ်ထရမ့်ဟာ နယ်ခြားခိုးဝင်များကို တားဆီးဖို့ အမေရိကန် - မက္ကဆီကို နယ်စပ်မှာ လျှပ်စစ်ဓါတ်အားလွှတ်ထားတဲ့ တံတိုင်းကြီးတစ်ခု တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ဇွန်လ ၁၆ ရက်နေ့ ကတည်းက ထရမ့်ဟာ နိုင်ငံ့တောင်ပိုင်း မက္ကဆီကို နယ်စပ်မှာ တံတိုင်းကြီးတစ်ခုဆောက်လုပ်သွားမှာ ဖြစ်ပြီး သူ့ စကားကို သူတည်သွားမယ်လို့ လည်း ပြောကြားခဲ့တာပါ။သူ သမ္မတဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ နယ်စပ်လုံခြုံရေးဆိုင်ရာ အမိန့် သစ်တစ်ခုမှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့် အရ တောင်ပိုင်းနယ်စပ်မှာ ဆောက်လုပ်မယ့် တံတိုင်းအတွက် သုံးထားမယ့် နည်းပညာများ ပစ္စည်းပစ္စယများကို ဒီဇိုင်းရေးဆွဲပြီး စီမံကိန်း ချနေပြီ ဖြစ်ပါတယ်။
ပေ ၄၀ အထိ အမြင့်ရှိပြီး အနည်းဆုံး မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားမယ့် ဒီတံတိုင်းကြီးအတွက် ဒီဇိုင်းထုတ်ထားပြီ ဖြစ်ပြီး ယခုဒီဇိုင်းမှာ ကမ္ဘာကျော် တက်စ်လာကွိုင်ကို တီထွင်ခဲ့သူ ဆားဘီးယား-အမေရိကန်နွယ်ဖွား တီထွင်ပညာရှင် နီကိုလာတက်စ်လာရဲ့ လျှပ်စီးများ တပ်ဆင်သွားဖို့ စဉ်းစားထားပါတယ်။ တက်စ်လာဟာ AC လျှပ်စီးကို တီထွင်ခဲ့ခြင်းနဲ့ နာမည်ကျော်ခဲ့သူ ပညာရှင်ဖြစ်ပြီး ကမ္ဘာ့လျှပ်စစ်နည်းပညာမှာ စံထားရတဲ့ နည်းပညာတစ်ရပ် ဖြစ်ပါတယ်။ သူဟာ AC လျှပ်စစ်မော်တာ ဖြစ်တဲ့ Induction motor ၊ တက်စ်လာကွိုင်ကို ပစ်တဲ့ လျှပ်စစ်bolt များနဲ့ တာဝေးရေဒီယို လှိုင်းလွှတ်ခြင်း များကိုလည်း တီထွင်ကြံဆခဲ့ပါတယ်။၁၉၃၄ ခုနှစ်မှာ Time မဂ္ဂဇင်းမှာ သူဟာ death ray လို့ ခေါ်တဲ့ သေမင်းတမန်ရောင်ခြည်လှိုင်းများအကြောင်း စာတမ်းရေးသားခဲ့ပေမယ့် ဒီအကြောင်းကို စိတ်ဝင်စားသူ နည်းခဲ့ပါတယ်။

လျှပ်စစ်ပါရမီရှင် တက်စ်လာရဲ့ တွေ့ ရှိမှုစာတမ်းများကို အမေရိကန်အစိုးရဟာ သိမ်းဆည်းထားခဲ့ပါတယ်။ FBI မှ ထောက်လှမ်းရေးများနဲ့ ကျွမ်းကျင်ပညာရှင်များဟာ ဒီစာရွက်စာတမ်းတွေကို စစ်ဆေးပြီး မိုက်ခရိုဖလင်များ နဲ့ မှတ်တမ်းတင်ခဲ့ရာမှာ စာမျက်နှာ ၂၅၀ ကျော်ထိ ထွက်လာပါတယ်။ ဒီထဲမှာ စစ်ဆင်ရေးသုံးတံတိုင်းများကို တက်စ်လာ ကြံဆခဲ့တဲ့ အကြောင်းကို တွေ့ ရှိခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်ကတည်းက သူဟာ ဘယ်လိုမှ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိတဲ့ စစ်ရေးသုံးတံတိုင်းစီမံကိန်းများ ချမှတ်ခဲ့ပြီး ဒါကို ဂျနီဗာကွန်ဖရင့်မှာ တင်ပြခဲ့ပေမယ့် ပယ်ချခံရပါတယ်။
လူများမသိတဲ့ တက်စ်လာရဲ့ မထိုးဖောက်နိုင်တဲ့ တံတိုင်း သုတေသနထဲမှာ teleforce လို့ ခေါ်တဲ့ လျှို့ ဝှက်စီမံကိန်းတစ်ခုပါရှိပါတယ်။ ဒီစီမံကိန်းအရ လေကြောင်းတိုက်ခိုက်မှု ရန်များကို မိုင်နှစ်ရာ့ငါးဆယ်အကွာကနေ လေယာဉ်ကျည်ကာပေးနိုင်ဖို့  နိုင်ငံနယ်စပ်နားမှာ မမြင်နိုင်တဲ့ တရုတ်ကာကွယ်ရေးတံတိုင်းမျိုး တည်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။ teleforce ဟာ ရူပဗေဒစည်းမျဉ်းသစ်တွေနဲ့ ချည်း ဖွဲ့ စည်းသွားတာပါ။ ဒီထဲမှာ ဘယ်သူမှ မစဉ်းစားဖူးတဲ့ တီထွင်ချက်ဖြစ်တဲ့ အကွာအဝေးတစ်ခုခုကနေ လျှပ်စစ်စွမ်းအင်ပစ်လွှတ်ပြီး ကာထားနိုင်တဲ့ နည်းလမ်းများပါရှိပါတယ်။
play

တက်စ်လာရဲ့ ဒီနည်းကို ပြန်လည် ဖော်ထုတ်သူကတော့ လျှပ်စစ်အင်ဂျင်နီယာနဲ့ စစ်ရေးနည်းပညာသုတေသနပညာရှင် ဂျွန် ဂျီ ထရမ့် ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီလထဲမှာ သူ့ ရဲ့ တွေ့ ရှိမှုကို FBI ကို တင်ပြအစီရင်ခံခဲ့ပါတယ်။ ဒီလိုမျိုးတံတိုင်းတည်ဆောက်ဖို့ ကွန်ဂရက်အဖွဲ့ ဝင် ရီပတ်ဗလေကန်များကတော့ ဒေါ်လာ ၁၂ ဘီလျံကနေ ၁၅ ဘီလျံအထိ ကုန်ကျနိုင်တယ်လို့ ခန့် မှန်းထားပေမယ့် တကယ့်ကျွမ်းကျင်ပညာရှင်များကတော့ ဒီပရောဂျက်သာအကောင်အထည်ဖော်ရင် ခန့် မှန်းခြေ ဒေါ်လာ ၂၅ ဘီလျံအထိ ကုန်ကျမယ်လို့ သုံးသပ်နေကြပါတယ်။ ယခုတံတိုင်း စီမံကိန်းအတွက် ကုန်ကျစရိတ်ကို မက္ကဆီကိုသမ္မတ အန်ရီကူး ပန်နာနီယက်တိုကတော့ လုံးဝမပေးနိုင်ဘူးလို့ သဘောထားထုတ်ပြန်ထားပါတယ်။ ဒီတံတိုင်းကြီး တည်ဆောက်ဖို့ အတွက် ၁၆ နှစ်ခန့် ကြာမြင့်မှာ ဖြစ်လို့ ဒါဟာ ဒုတိယမျိုးဆက် ရှီဟွမ်တီရဲ့ လုပ်ရပ်လို သမိုင်းတွင်သွားမလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
Source: Business Insider