Breaking News

ငယ်ငယ်ကတည်းက ပြန်ပေးဆွဲခံခဲ့ရပြီး (၂၂)နှစ်ကြာမှ မိသားစုနဲ့ ပြန်ဆုံနိုင်ခဲ့တဲ့ အမျိုးသား News



By netsetaw - February 9, 2017

လက်ရှိအချိန်မှာ အသက် 24 နှစ်အရွယ်သာ ရှိသေးတဲ့ Zhang Jinhua အမည်ရ အမျိုးသားဟာ အသက် 2 နှစ်သားအရွယ်မှာ ပြန်ပေးဆွဲတဲ့သူတွေနောက်ကို ပါသွားခဲ့ပါတယ်။ သူဟာ 22 အတွင်းမှာ Xu Hui ဆိုတဲ့ အမည်နဲ့ နေထိုင်ခဲ့ရပြီး၊ ဒီနာမည်ကိုတော့ သူ့ကို ထိန်းသိမ်းထားတဲ့ မိသားစုက ပေးခဲ့တာပါ။
1995 ခုနှစ် အောက်တိုဘာလမှာ လူကုန်ကူးဂိုဏ်းတစ်ခုဆီကနေ အိမ်တစ်အိမ်ဆီကို ရောင်းစားခံခဲ့ရပါတယ်။ Zhang ရဲ့ ဇာတိဟာ ရုတ်နိုင်ငံတောင်ပိုင်း Guangdong Province ပြည်နယ်ရဲ့ မြို့တော် Guangzhou မြို့ဖြစ်ပါတယ်။ သူ့ရဲ့ပြောပြချက်အရ မရေတွက်နိုင်တဲ့ တစ်ခြားကလေးငယ်တွေလဲ သူနဲ့အတူ လူကုန်ကူးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုစဉ်က Zhang ဟာ အစ်မဖြစ်သူ Xuemin နဲ့အတူ အပြင်ကို ထွက်ချိန်မှာ ကလေးကို လုယူခံခဲ့ရတာပါ။ အဲဒီအချိန်တုန်းက အစ်မ Xuemin ဟာ လေးနှစ်သမီးအရွယ်သာ ရှိသေးပြီး၊ အပြင်ကိုသာ ခေါ်မသွားခဲ့ရင် သူ့မောင်လေး ဒီလိုအဖြစ်ဆိုးနဲ့ ကြုံမှာမဟုတ်ဖူးလို့ ပြောခဲ့ပါတယ်။
Zhang က သူ့ကို ပြန်ပေးဆွဲသွားတဲ့ သူကို မထုတ်ဖော်လိုကြောင်း ငြင်းဆိုခဲ့ပါတယ်။ သူဟာ လူဖန်မြို့က သားသမီးမထွန်းကားတဲ့ ဇနီးမောင်နှံဆီမှာ ရောင်းစားခံခဲ့ရပါတယ်။ ၎င်းမိသားစုက သူ့ကို တကယ့်သားအရင်းလို စောင့်ရှောက်ခဲ့ပြီး၊ နာမည်ကိုလည်း Xu Hui လို့ ပေးခဲ့ပါတယ်။ သူ့အသက် 10 နှစ်သား အရွယ်မှာ သူ့မှာ မိဘအရင်းတွေရှိကြောင်း မွေးစားအမေက ထုတ်ဖော်ခဲ့ပါတယ်။
အဲဒီနောက် Zhang ဟာ မိဘအရင်းတွေကို လိုက်လံစုံစမ်းခဲ့ပါတယ်။ Zhang ရဲ့ မိဘတွေကလည်း သူတို့သားကို ပြန်ရနိုင်မလားလို့ နှစ်ပေါင်းများစွာ NGO တွေကို အကူအညီတောင်းကာ ရှာဖွေခဲ့ပေမယ့် လက်လျှော့ခဲ့ရပါတယ်။ ဒါပေမယ့် မိဘနှစ်ဦးရဲ့ DNA ကိုတော့ ဖြန့်ဝေနိုင်ခဲ့ပြီး ဒီအချက်ကိုပင် Zhang က အသုံးချကာ မိဘတွေဆီကို ခြေရာခံနိုင်ခဲ့ပါတယ်။
ဖခင်မိခင်၊ အစ်မ၊ ညီမ၊ ညီလေးတို့နဲ့ Zhang
ဒီတွေ့ဆုံမှုအတွက်လည်း Baobei Huijia အမည်ရ NGO အဖွဲ့က အချက်အလတ်နဲ့ ဒေတာတွေ ရယူပေးပြီး၊ ရဲတပ်ဖွဲ့ကလည်း လှိုက်လှိုက်လှဲလှဲ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံး မိခင်ဖခင်တို့ရဲ့ DNA တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာတော့ ကံကောင်းထောက်မစွာ တူညီနေတာကို တွေ့ခဲ့ရလို့ အခုဆိုရင် မိသားစု ပြန်ဆုံနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နတ်စည်တော် (Shwemom)
source : thesun.co.uk