Breaking News

ေနာက္ဆုံးရ ဓါတ္ပုံတြင္ ေအာင္ခန္႔ နဲ႔ အတူရွိေနတာ ဘယ္သူလဲဆိုတာေျပာၿပီ News



ဇန္နဝါရီ ၂၁ ရက္ေန႕က အျမန္လမ္း ၄ မိုင္ ၂ ဖာလုံ၌ HiAce အမ်ိဳးအစား ေမာ္ေတာ္ယာဥ္တစ္စီး မီးေလာင္ကာ လူ(၈)ဦး ေသဆုံးခဲ့ရမႈတြင္ ေအာင္ခန႔္ဆိုသူ တစ္ဦးတည္း လြတ္ေျမာက္လာခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီ (၇)ရက္ေန႕တြင္ “The Speaker” ဂ်ာနယ္တြင္ ကားမီးေလာင္ရာမွ လြတ္ေျမာက္လာသူမွာ ေအာင္ခန႔္ အျပင္ေနာက္ထပ္ အမ်ိဳးသားတစ္ဦးပါ ရွိေနေသးေၾကာင္း ဓါတ္ပုံမ်ားႏွင့္ ေဖာ္ျပခဲ့သည္။




ဗီဒီယိုထဲမွ ရယူထားေသာ အဆိုပါပုံတြင္ ေအာင္ခန႔္အနီး၌ ဂ်င္းေဘာင္းဘီဝတ္ထားေသာ အမ်ိဳးသားတစ္ဦး အတူရွိေနခဲ့ျခင္းျဖစ္သည္။ ထို႔ကဲ့သို႔ ဓါတ္ပုံမ်ားပ်ံ့ႏွံ႕ခဲ့ၿပီး စြပ္စြဲေျပာဆိုမႈမ်ားအေပၚ ေအာင္ခန႔္ အနီးတြင္ ရွိေနခဲ့ေသာ လူငယ္အမ်ိဳးသား၏ ညီမျဖစ္သူ “နန္းဆုမြန္ေထြး” က သူမ၏ လူမႈကြန္ယက္ ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွ ေအာက္ပါအတိုင္း ျပန္လည္းရွင္းလင္းျပခဲ့ၿပီး တုန႔္ျပန္ေျပာဆိုသူမ်ားျပားခဲ့သည္။

ဆက္စပ္ဖတ္ရႈရန္ >>>>ကားမီးေလာင္မႈ ျပႆ     နာ ကားေပၚကေနဆင္းလာတဲ့သူ ႏွစ္ဦးရွိတယ္ ဆိုတဲ႔ သက္ေသေတြရဲ႕ထြက္ဆိုခ်က္ ကုိ စီအိုင္ဒီ ဘယ္လိုေျပာလဲ 

အဲ့ဒါ ငါ့အစ္ကိုပါဟယ္ အဲ့ေန႕အေဖရယ္အေမရယ္အစ္ကိုရယ္ ရန္ကုန္ကေန ဒိုက္ဦးကိုျပန္တာ လမ္းမွာကားအက္ဆီးဒင့္ဖစ္တာေတြ႕လို႔ (အေဖတို႔ေရာက္သြားေတာ့ကားကမီးေလာင္ေနပီတဲ့) ကားရပ္ပီးကူညီတာ အဲ့ဒီေအာင္ခန႔္ဆိုတဲ့လူက သူ႕အိမ္ကိုဖုန္းဆက္ခ်င္လို႔ပါဆိုပီး အကူညီေတာင္းလို႔ ဖုန္းေပးဆက္ေနတာပါဟယ္ လူေတကလည္းေလ ေသခ်ာတိတိက်က်မသိပဲေတြ႕ရာျမင္ရာေျပာခ်င္ရာ စြပ္စြဲပီး ေလ်ာက္ေျပာ ေနာက္ဆို သူမ်ားဒုကၡေရာက္ရင္ေတာင္ မကူညီရဲေတာ့ေလာက္ေအာင္ပဲ
****သတင္းကိုလည္းမွန္လားမမွန္လားမသိပဲ အဲ့လိုပဲ ဂ်ာနယ္ေတထဲေလ်ာက္ထည့္ၾကတာပဲလား *****
လူေတလည္းေနာ္ ရမ္းတုပ္ဖို႔ေလာက္ပဲတတ္တယ္ ဒုကၡေရာက္လို႔မကူညီျပန္ရင္လည္း မေကာင္း
ကူညီျပန္ရင္လည္း အမႈပတ္ဦးမယ္ အဲ့တာေၾကာင့္ ကိုယ္နဲ႕မဆိုင္ရင္ဝင္မပါနဲ႕ဆိုတာေလ အဲ့လိုဖာသိဖာသာစိတ္မ်ိဳးထားတာပဲေကာင္းတယ္ 
ေနာင္မ်ားဆို ေဝါင္ေဝါင္ေရွးပဲ ေၾကာက္သြားပီ

ဟု ရွင္းလင္းေျပာဆိုခဲ့သည္။
ေအာင္ခန႔္ႏွင့္ အတူရွိခဲ့သူမွာ သူမ၏ အစ္ကိုျဖစ္ၿပီး အကူအညီေပးရန္ ေရာက္သြားခဲ့သည့္အခ်ိန္တြင္ လမ္းေပၚမွ ျဖတ္သြားခဲ့ေသာ အျခားကားတစ္စင္းမွ ဗီဒီယိုမွတ္တမ္းတင္ခဲ့ဟန္တူၿပီး အဆိုပါ မွတ္တမ္းဗီဒီယိုမွ ဓါတ္ပုံမ်ား အြန္လိုင္းေပၚ ပ်ံ့ႏွံ႕ကာ စိတ္ဝင္စားမႈမ်ား ျမင့္တက္ခဲ့ရသည္။
သူမ၏ အစ္ကိုဆိုသူအား ပိုပိုေလးမွ ဆက္သြယ္ခဲ့ေသာ္လည္း ယခုသတင္း တင္ခ်ိန္အထိ အေၾကာင္းမျပန္ၾကားခဲ့သျဖင့္ ထိုပုဂၢိဳလ္အား စာနယ္ဇင္းက်င့္ဝတ္အရ ေဖာ္ျပနိုင္ျခင္း မရွိခဲ့ပါ။ 
လက္ရွိတြင္ ေအာင္ခန႔္အား စစ္ေဆးမႈမ်ားျပဳလုပ္ေနသည့္ CID မွလည္း ကားမီးေလာင္မႈမွ လြတ္ေျမာက္လာသူမွာ ေအာင္ခန႔္အျပင္ အျခားတစ္ဦး ရွိေနေသးသည္ဆိုေသာ သတင္းမွာ မမွန္ကန္ေၾကာင္း သတင္းဌါနမ်ားသို႔ တရားဝင္ေျပာၾကားခဲ့သည္။
 popolay

Unicode
ဇန်နဝါရီ ၂၁ ရက်နေ့က အမြန်လမ်း ၄ မိုင် ၂ ဖာလုံ၌ HiAce အမျိုးအစား မော်တော်ယာဉ်တစ်စီး မီးလောင်ကာ လူ(၈)ဦး သေဆုံးခဲ့ရမှုတွင် အောင်ခန့်ဆိုသူ တစ်ဦးတည်း လွတ်မြောက်လာခဲ့ပြီးနောက် ဖေဖော်ဝါရီ (၇)ရက်နေ့တွင် “The Speaker” ဂျာနယ်တွင် ကားမီးလောင်ရာမှ လွတ်မြောက်လာသူမှာ အောင်ခန့် အပြင်နောက်ထပ် အမျိုးသားတစ်ဦးပါ ရှိနေသေးကြောင်း ဓါတ်ပုံများနှင့် ဖော်ပြခဲ့သည်။
ဗီဒီယိုထဲမှ ရယူထားသော အဆိုပါပုံတွင် အောင်ခန့်အနီး၌ ဂျင်းဘောင်းဘီဝတ်ထားသော အမျိုးသားတစ်ဦး အတူရှိနေခဲ့ခြင်းဖြစ်သည်။ ထို့ကဲ့သို့ ဓါတ်ပုံများပျံ့နှံ့ခဲ့ပြီး စွပ်စွဲပြောဆိုမှုများအပေါ် အောင်ခန့် အနီးတွင် ရှိနေခဲ့သော လူငယ်အမျိုးသား၏ ညီမဖြစ်သူ “နန်းဆုမွန်ထွေး” က သူမ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှ အောက်ပါအတိုင်း ပြန်လည်းရှင်းလင်းပြခဲ့ပြီး တုန့်ပြန်ပြောဆိုသူများပြားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် >>>>ကားမီးလောင်မှု ပြဿ     နာ ကားပေါ်ကနေဆင်းလာတဲ့သူ နှစ်ဦးရှိတယ် ဆိုတဲ့ သက်သေတွေရဲ့ထွက်ဆိုချက် ကို စီအိုင်ဒီ ဘယ်လိုပြောလဲ 

အဲ့ဒါ ငါ့အစ်ကိုပါဟယ် အဲ့နေ့အဖေရယ်အမေရယ်အစ်ကိုရယ် ရန်ကုန်ကနေ ဒိုက်ဦးကိုပြန်တာ လမ်းမှာကားအက်ဆီးဒင့်ဖစ်တာတွေ့လို့ (အဖေတို့ရောက်သွားတော့ကားကမီးလောင်နေပီတဲ့) ကားရပ်ပီးကူညီတာ အဲ့ဒီအောင်ခန့်ဆိုတဲ့လူက သူ့အိမ်ကိုဖုန်းဆက်ချင်လို့ပါဆိုပီး အကူညီတောင်းလို့ ဖုန်းပေးဆက်နေတာပါဟယ် လူတေကလည်းလေ သေချာတိတိကျကျမသိပဲတွေ့ရာမြင်ရာပြောချင်ရာ စွပ်စွဲပီး လျောက်ပြော နောက်ဆို သူများဒုက္ခရောက်ရင်တောင် မကူညီရဲတော့လောက်အောင်ပဲ
****သတင်းကိုလည်းမှန်လားမမှန်လားမသိပဲ အဲ့လိုပဲ ဂျာနယ်တေထဲလျောက်ထည့်ကြတာပဲလား *****
လူတေလည်းနော် ရမ်းတုပ်ဖို့လောက်ပဲတတ်တယ် ဒုက္ခရောက်လို့မကူညီပြန်ရင်လည်း မကောင်း
ကူညီပြန်ရင်လည်း အမှုပတ်ဦးမယ် အဲ့တာကြောင့် ကိုယ်နဲ့မဆိုင်ရင်ဝင်မပါနဲ့ဆိုတာလေ အဲ့လိုဖာသိဖာသာစိတ်မျိုးထားတာပဲကောင်းတယ် 
နောင်များဆို ဝေါင်ဝေါင်ရှေးပဲ ကြောက်သွားပီ

ဟု ရှင်းလင်းပြောဆိုခဲ့သည်။
အောင်ခန့်နှင့် အတူရှိခဲ့သူမှာ သူမ၏ အစ်ကိုဖြစ်ပြီး အကူအညီပေးရန် ရောက်သွားခဲ့သည့်အချိန်တွင် လမ်းပေါ်မှ ဖြတ်သွားခဲ့သော အခြားကားတစ်စင်းမှ ဗီဒီယိုမှတ်တမ်းတင်ခဲ့ဟန်တူပြီး အဆိုပါ မှတ်တမ်းဗီဒီယိုမှ ဓါတ်ပုံများ အွန်လိုင်းပေါ် ပျံ့နှံ့ကာ စိတ်ဝင်စားမှုများ မြင့်တက်ခဲ့ရသည်။
သူမ၏ အစ်ကိုဆိုသူအား ပိုပိုလေးမှ ဆက်သွယ်ခဲ့သော်လည်း ယခုသတင်း တင်ချိန်အထိ အကြောင်းမပြန်ကြားခဲ့သဖြင့် ထိုပုဂ္ဂိုလ်အား စာနယ်ဇင်းကျင့်ဝတ်အရ ဖော်ပြနိုင်ခြင်း မရှိခဲ့ပါ။ 
လက်ရှိတွင် အောင်ခန့်အား စစ်ဆေးမှုများပြုလုပ်နေသည့် CID မှလည်း ကားမီးလောင်မှုမှ လွတ်မြောက်လာသူမှာ အောင်ခန့်အပြင် အခြားတစ်ဦး ရှိနေသေးသည်ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း သတင်းဌါနများသို့ တရားဝင်ပြောကြားခဲ့သည်။
 popolay