Breaking News

မှော်ပညာကျောင်းက ဆရာနှစ်ဦးကို အင်းစိန်မြို့နယ်တရားရုံးက ဒီနေ့စစ်မယ် News


play

အင်းစိန် ပေါက်တောဝမှာ မှော်ပညာသင်တန်းကျောင်းဖွင့်ခဲ့တဲ့ ဆရာနှစ်ဦးကို အင်းစိန်မြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၁၀ ရက် (ယနေ့) စစ်ဆေးမယ်လို့ သိရပါတယ်။
ဖန်ချက်စက်ရုံအနီး မုဒိတာ အိမ်ရာ တိုက်ခန်းတစ်ခန်းမှာ ဖွင့်လှစ်သင်ကြားခဲ့တဲ့ မှော်ပညာသင်တန်းကျောင်းဟာ အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှု အမိန့်နဲ့ချိတ်ပိတ်ကာ သင်တန်းဆရာနှစ်ဦးကို ဖမ်းဆီးပြီး မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူတို့သင်ပေးတဲ့ ပညာတွေက မြန်မာ့လူမှုဘဝနဲ့ဆန့်ကျင်တာကြောင့် ရပ်ကွက်ကလူတွေ သဘောမကျတဲ့အတွက် စွဲတာပါလို့ အင်းစိန်မြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောထားကြောင်း The Voice ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
play

မှော်ပညာကျောင်း သင်တန်းဆရာနှစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ဟိန်းမင်းအောင် (ခ) လင်းညှို့တာရာ နဲ့ အသက် ၁၈ နှစ်အရွယ် ကျော်သီဟ (ခ) လပြည့်ဝန်းတို့ကို ခြေချုပ်နဲ့ ခံဝန်ဥပဒေ ပုဒ်မ ၅ (၁)(စ)(ဆ) နဲ့ စတင်စစ်ဆေးမှာဖြစ်ပြီး ပညာရပ်တွေဟာ အများအမြင်အားဖြင့် အောက်လမ်းပညာလို့ ထင်မှတ်နေကြပေမဲ့ ကောင်းကျိုးအတွက် အသုံးပြုနိုင်တယ်လို့ ဟိန်းမင်းအောင် (ခ) လင်းညှို့တာရာက ပြောထားပါတယ်။
play

အဆိုပါ မှော်ပညာသင်တန်းကျောင်းမှာ အရှေ့တိုင်းရုပ်သွင်းနာမ်ထားသင်တန်းအောက်မှာ (၁) ရုပ်သွင်းနာမ်သွင်းပညာ၊ (၂) မြန်မာ့ရိုးရာ ဓာတ်တိုက်နဲ့ နတ်ပညာအချို့(၃) မြန်မာ့အရုပ်ပညာ (၄) အရုပ်အပ်စိုက်ပညာ (၅) နာမ်သွင်းဆေး အတတ်ပညာ (၆) နာနာရုပ် အတတ်ပညာ (၇) သပြေချိုး အပင်ခုတ်ပညာ (၈) အကာအကွယ်ပညာ (၉) ပြုစားခြင်း အတတ်ပညာရပ်တွေကို သင်ကြားပေးတာ ဖြစ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်မယ့် သတင်း -အင်းစိန်က မှော်ပညာကျောင်းကို ရဲတွေက ချိတ်ပိတ်လိုက်ပြီ )
Source: The Voice
Photos: News Watch