Breaking News

မယုံနိုင်လောက်အောင် ခါးလေးသေးသွယ်နေတဲ့ ခိုင်လီဂျန်နာ"News,


မျက်စိရှေ့မှာ ခန္ဓာကိုယ်အချိုးအစား တစ်နေ့ထက်တစ်နေ့ ပိုလှလာတဲ့ ခိုင်လီဂျန်နာ နောက်ထပ်အံ့သြစရာ ပုံစံတစ်မျိုးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထပ်ပြလိုက်ပြန်ပါတယ်။
play

Snapchat ဗီဒီယိုမှာ သူမရဲ့ချစ်သူ တိုင်ဂါနဲ့အတူ အိပ်ရာပေါ်မှာ ထိုင်နေတဲ့ ခိုင်လီဂျန်နာရဲ့ခါးဟာ မယုံနိုင်စရာကောင်းလောက်အောင် သေးသွယ်နေတာကို မြင်တွေ့ရပါတယ်။
အနက်ရောင်ဝတ်စုံကို ဝတ်ထားတဲ့ သူမရဲ့ခန္ဓာကိုယ်ဟာ သဲနာရီလို တကယ့်ကို ခါးလေးက သေးလွန်းနေပါတယ်။
HealthyCelebrity.com မှာတော့ သူမရဲ့ခန္ဓာကိုယ်အချိုးအစားဟာ ၃၇-၂၇-၃၆ လို့ ဖော်ပြထားပါတယ်။
play

သူမရဲ့ခန္ဓာကိုယ် ကောက်ကြောင်းဟာ နေ့ချင်းညချင်းဆိုသလို ပိုမိုပြည့်ဖြိုးလာတဲ့အတွက် ရင်သားခွဲစိတ်ထားတယ်လို့ စွပ်စွဲခံထားရပေမဲ့ ခိုင်လီကတော့ ဆေးလည်းမထိုးသလို ရင်သားပြုပြင်ထားခြင်းလည်း မရှိဘူးလို့ ဆိုပါတယ်။
စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာရဲ့ညီမငယ် အသက် ၁၉ နှစ်အရွယ် ခိုင်လီဂျန်နာဟာ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ခြင်းနဲ့ သန်းကြွယ်သူဌေးမလေးဖြစ်နေတဲ့အပြင် အခုနောက်ပိုင်းမှာ သူမရဲ့တစ်နေ့တစ်ခြား ပြောင်းလဲလာတဲ့အလှကြောင့် နာမည်ကြီးလာသူဖြစ်ပါတယ်။
Source & Photos : Daily Mail