Breaking News

သင် ဒီလို ခံစားနေရတယ်ဆိုရင် ကောင်းကောင်းမွန်မွန် အနားယူသင့်ပါပြီ News,


တစ်နေကုန်အလုပ်ပင်ပန်းတဲ့အခါ စိတ်ရှုပ်ထွေး၊ စိတ်ဖိစီးမှုတွေကြောင့် ညရောက်တဲ့အခါ အိပ်ခါနီးကျမှ ခေါင်းဆိုးဆိုးရွားရွားကိုက်ခဲတာမျိုးတွေ ဖြစ်လာတယ်။ ခဏခဏ ခေါင်းကိုက်လာပြီဆိုရင် ခေါင်းတစ်ခြမ်းခဲတဲ့ ဝေဒနာ စွဲကပ်တာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင် ဘယ်လောက်ပဲ အလုပ်များများ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။
ကြွက်တက်တယ်
လမ်းလျှောက်ရလွန်းတဲ့အခါ၊ စိတ်ဖိစီးမှု များလွန်းတဲ့အခါ ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေ မညီမမျှဖြစ်လာတာမို့ ကြွက်တက်တာကို နာနာကျင်ကျင် ခံစားရနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း (သို့မဟုတ်) ယောဂကျင့်စဉ်ကို သင်ယူလေ့ကျင့်သင့်ပါတယ်။
မေးရိုးနာကျင်နေတယ်
စိတ်ဖိစီးမှုတွေများလွန်းတဲ့အခါမှာ ညအိပ်နေရင်းမသိလိုက်ဘဲ  သွားကြိတ်မိလွန်းရာကနေ နာကျင်လာတာဖြစ်ပါတယ်။
အိပ်နေရာမှ လန့်နိုးခြင်း
play

တစ်ခုခုကို စိတ်ပူတဲ့အခါ၊ စိတ်မချဖြစ်တာမျိုး ရှိနေတဲ့အခါ ညအိပ်ပျော်နေရင်း တစ်ခါတစ်လေ ဆတ်ခနဲ လန့်နိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သင့်ကို စိတ်ပူပန်စရာတွေက လန့်နိုးနေတာပါ။ တစ်နေ့ကို (၇) နာရီ မှ (၈) နာရီလောက် အိပ်ပါ။ အိပ်ခါနီးအချိန်မှာ ကော်ဖီသောက်တာ၊ အရက်နဲ့ အခြားသစ်သီးများ စားသုံးတာကို ရှောင်ကြဉ်ပါ။
နာကျင်ကိုက်ခဲခြင်း
play

စိုးရိမ်ပူပန်စရာတွေနဲ့ စိတ်ဖိစီးမှုတွေများတဲ့အခါ ခေါင်းကိုက်တာ၊ ခါးနာတာ၊ အိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ကိုဖြေလျှော့တတ်အောင် လေ့ကျင့်ထားပါ။ တိတ်ဆိတ်အေးငြိမ်းရာနေရာမှာ တရားထိုင်ပါ။
Source : Webmd 

Credit :duwun