Breaking News

ရွှေတိဂုံစေတီတွင် ထိုင်းမော်ဒယ်တစ်ဦး၏ အမြင်မသင့်တော်သော ဓာတ်ပုံရိုက်ကူးမှုအတွက် တာဝန်ကျလုံခြုံရေးဝန်ထမ်းများကို အရေးယူမည်ဟုဆို News,



ထိုင်းမော်ဒယ်က ရွှေတိဂုံစေတီတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံများထဲမှ တစ်ပုံ(nisamanee_nutt)

 ရွှေတိဂုံစေတီတော်ရင် ပြင်ပေါ်၌ အမြင်မသင့်လျော်သည့် အလှဓာတ်ပုံအချို့ကို ထိုင်းမော်ဒယ်တစ်ဦးက ရိုက်ကူးခဲ့ခြင်း ကြောင့် တာဝန်ကျလုံခြုံရေးဝန်ထမ်းများကို အရေးယူမည်ဟု ရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။

‘‘သူတို့က ဘုရားပေါ်တက် လာတုန်းက ထိုင်မသိမ်းပတ်ထဘီ လိုမျိုး လုံလုံခြုံခြုံနဲ့ဆိုတော့ ခွင့်ပြု ပေးခဲ့တာပါ။ အနောက်ဘက် စောင်းတန်းနားမှာ ဓာတ်ပုံရိုက် တော့မှ ခြေထောက်ကို ရှေ့ထုတ် လိုက်တဲ့အခါမှာ ပေါင်အထိ ပေါ် သွားတာပါ။ တာဝန်ကျဝန်ထမ်း က သွားပြောတော့ ပုံစံပြောင်း ထိုင်ပေးတယ်။ အဓိကကတော့ ရိုက်နေတုန်း မတားလိုက်နိုင်တဲ့ အတွက် တာဝန်ကျဝန်ထမ်းကို အရေးယူမှာပါ’’ဟု ဦးထွန်း အောင်ငွေကပြောသည်။

ထိုင်းမော်ဒယ်သုံးဦးက ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်၌ အချိန်တစ်နာရီခန့်ကြာ  ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ မော်ဒယ် သုံးဦး အနက် Nisamanee Lertvo-rapong ကသာ အမြင်မသင့် လျော်သည့် ပုံအချို့ရိုက်ကူးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


‘‘ဘုရားပေါ်တက်လာတုန်း က သုံးယောက်ပါတယ်။ သူတို့ က ရိုးရိုးကင်မရာနဲ့ပဲ ဓာတ်ပုံ ရိုက်ကူးတာကြောင့် ဂေါပက အဖွဲ့ကို ကြိုတင်အသိပေးပြော တာတော့မရှိဘူး။ ဒီလိုအ၀တ်အ စားမျိုးက ဂေါပကအဖွဲ့က ခွင့်ပြု လို့ရိုက်ခဲ့တာ မဟုတ်ပါဘူး’’ဟု ဦးထွန်းအောင်ငွေကပြောသည်။

ယင်းသို့ စေတီတော်အတွင်း အဂါရ၀ဖြစ်စေပြီး အမြင်မတင့် တယ်သော အလှဓာတ်ပုံရိုက် ကူးမှုများ ဆက်လက်မဖြစ်ပေါ်စေ ရန် တာဝန်ကျလုံခြုံရေးဝန်ထမ်း များကို သေချာစွာ ကြပ်မတ်စစ် ဆေးဂရုစိုက်ရန် ညွှန်ကြားထား ကြောင်း ၎င်းက ဆိုသည်။

ရွှေတိဂုံစေတီရင်ပြင်တော် ပေါ်တွင် မိသားစုအလှဓာတ်ပုံ များ၊ အမှတ်တရဓာတ်ပုံရိုက်ကူး ခြင်းကိုသာ ခွင့်ပြုပေးထားပြီး စီး ပွားဖြစ်ရိုက်ကူးသည့် Pre Wed-ding အလှဓာတ်ပုံများ၊ ကြော်ငြာဓာတ်ပုံများ​ရိုက်ကူးခြင်းတို့ကို ဂေါပကအဖွဲ့ရုံးသို့ ကြိုတင်အသိပေးရမည်ဟုဆိုသည်။

အဆိုပါမော်ဒယ်က မြန်မာ နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရွှေတိဂုံစေတီအပြင် ဗိုလ်တ ထောင်ဘိုးဘိုးကြီးနှင့်ကျိုက်ထီးရိုး ဘုရားသို့ သွားရောက်ခဲ့သောဓာတ်ပုံများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာများတွင် တင် ထားခဲ့သည်။

Credit :7Day News Journal