Breaking News

လိင်ပညာပေးဝက်ဘ်ဆိုက်အသွင် ဖြန့် ချိသွားတော့မယ့် Pornhub


လိင်ပညာပေးဝက်ဘ်ဆိုက်အသွင် ဖြန့် ချိသွားတော့မယ့် Pornhub ဒီတစ်ခါမှာတော့ ထူးထူးခြားခြား ကဏ္ဍတစ်ရပ်အဖြစ် ကမ္ဘာကျော် အပြာဇာတ်ကားများကို တင်ဆက်နေတဲ့ Pornhub ဟာ ကိုယ်ပိုင် လိင်မှုအသိပညာပေးစင်တာတစ်ခုကို တည်ထောင်သွားတော့မှာပါ။ အများက အဆင့်နိမ့်တဲ့ ဖျော်ဖြေရေးအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ Pornhub ဟာ အရွယ်ရောက်ပြီးသူများအတွက် လိင်မှုအကြောင်း သိကောင်းစရာများကို ပညာပေးအစီအစဉ်အသွင်နဲ့ အခမဲ့ လိင်မှုကဏ္ဍသစ်တစ်ခု တင်ဆက်သွားတော့မှာ ဖြစ်ပါတယ်။
play

SWC လို့ အတိုကောက်ခေါ်တဲ့ Pornhub ရဲ့ လိင်မှုပညာပေးအစီအစဉ်ဟာ လိင်ပိုင်းဆိုင်ရာ အသိပညာတိုးပွားဖို့ နဲ့ ပညာပေးသွားအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာတော့ Play party တွေ တက်မယ်ဆိုရင် ဘာဖြစ်နိုင်သလဲ ၊ ဒေါက်တာ လော်ရီနှင့် မျိုးဆက်ပွားကျန်းမာရေး အမေးအဖြေကဏ္ဍ ၊ စိတ်ချရအောင် ဘယ်လို လိင်ဆက်ဆံကြမလဲ ၊ ဘယ်လို ရက်ခြားပြီး နှစ်ပါးသွားကြမလဲ စတာတွေ အပါအဝင် အရွယ်ရောက်သူတိုင်း သိထားသင့်သည့် လိင်ပညာပေးကဏ္ဍများကို ထည့်သွင်းပေးထားပါတယ်။ လိင်တူချင်းကြိုက်သူများအတွက် အနှိုးဆွနိုင်ဆုံး ခန္ဓာကိုယ်အနေအထားအကြောင်းလိုမျိုး ထူးထူးဆန်းဆန်း ကဏ္ဍများမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ဇီဝကမ္မပညာရှင်နှင့် လိင်ကုထုံးကျွမ်းကျင်ပညာရှင် ဒေါက်တာ လော်ရီရဲ့ အပတ်စဉ်အမေးအဖြေ ကဏ္ဍဟာ ဆရာမိဘတွေကနေ စနစ်တကျ မသင်ပေးနိုင်တဲ့ ပညာရပ်အကြောင်း အကျယ်တဝင့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ကောင်းမွန်ပြီး စနစ်ကျတဲ့ လိင်ပညာပေးမှု အားနည်းခြင်းကြောင့် လူ့ အဖွဲ့ အစည်းမှာ ဆိုးဝါးတဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နေရပါတယ်။ယဉ်ကျေးမှုအရ ရှက်စရာဟု ယူဆယုံကြည်ထားခြင်းကြောင့် မဖြစ်သင့်သည်များ ဖြစ်မလာစေဖို့ SWC ကို ထူထောင်လိုက်တာဖြစ်တယ်လို့ Pornhub မှ ထုတ်ဖော်ထားပါတယ်။Pornhub ရဲ့ ကိုယ်ပိုင် SWC ရဲ့ ဒိုမိန်း လိပ်စာကတော့ pornhub.com/sex ဖြစ်ပါတယ်။
Pornhub ကို web developer တစ်ဦးဖြစ်သူ မော့တ်ကီဇာကနေ ဝက်ဘ်ဆိုက်အသွင်နဲ့ ၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။၂၀၁၀ ခုနှစ်မှာ ကုမ္ပဏီကို MindGeek ကနေ ဝယ်သွားခဲ့ပါတယ်။Pornhub ဟာ ကမ္ဘာ့ပေါ်မှာရှိတဲ့ လူအကြည့်များဆုံး ဝက်ဘ်ဆိုက်များထဲမှာ ပါပြီး နေ့ စဉ် ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုသူ သန်း ၇၀ နီးပါးရှိတဲ့ ဝက်ဘ်ဆိုက်ကြီးတစ်ခု ဖြစ်ပါတယ်။
play

ဒီလို ကမ္ဘာကျော်ဝက်ဘ်ဆိုက်ကြီးကနေ လူငယ်များအတွက် မျိုးဆက်ပွား အသိပညာပေးကဏ္ဍသစ် ဖွင့်လှစ်သွားမယ့်အစီအစဉ်ဟာ အားလုံးအတွက် အကျိုးများမယ်လို့  ယူဆစရာ ဖြစ်နေပါတယ်။
Source: Engadget