Breaking News

မိတ်ကပ်ခြယ်သသူတွေဟာ မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုတဲ့ sponge တွေကို ကွန်ဒုံးထဲထည့်ပြီး လိမ်းခြယ်လာကြ Love



မိတ်ကပ်အလှဖန်တီးရှင်နဲ့ ဘလော့ကာတွေဟာ မိတ်ကပ်လိမ်းခြယ်တဲ့အခါ အသုံးပြုလေ့ရှိကြတဲ့ beautyblender sponge တွေကို ကွန်ဒုံးတွေထဲထည့်ပြီး မျက်နှာကို လိမ်းခြယ်လာကြတယ်လို့ သိရပါတယ်။ ဒီလိုပြောလိုက်လို့ မှားများ ဖတ်မိသလားရယ်လို့ ထင်ကြပါလိမ့်မယ်။ ဟုတ်ပါတယ် ကွန်ဒုံးပါ။

အလှအပရေးရာ ဘလော့ကာတစ်ယောက်ဖြစ်တဲ့ Laila Tahri ဆိုသူဟာ ခုနပြောထားတဲ့နည်းကို အသုံးပြုပြီး မိတ်ကပ်လိမ်းခြယ်ရာမှာ တော်တော်လေး အံ့အားသင့်စရာကြုံတွေ့ခဲ့ရပါတယ်တဲ့။

"ဒီလိုအိုင်ဒီယာကို ကျွန်မဘာလို့ရခဲ့သလဲဆိုရင် ကျွန်မတို့ဟာ မိတ်ကပ်လိမ်းတဲ့အခါ sponge တွေကို အသုံးပြုပေမယ့် အဲ့ဒီ sponge တွေက မိတ်ကပ်သားတွေကို တော်တော်လေး စုပ်ယူလိုက်သလို ခံစားရပါတယ်။ အဲ့ဒါနဲ့ ကွန်ဒုံးထဲကို အဲ့ဒီ sponge ကိုထည့်ပြီး လိမ်းကြည့်လိုက်တဲ့အခါမှာ မိတ်ကပ်သားကို သူက မစုပ်ယူတော့ပဲ လိမ်းရတာလည်း ပိုချောမွေ့သွားတယ်"လို့ သူမရဲ့ instagram အကောင့်မှာ ရှင်းပြထားပါတယ်။

သင့်အနေနဲ့ ဒီနည်းကိုစမ်းကြည့်ချင်တယ်ဆိုရင်တော့ သတိထားရမယ့်အချက်က မျက်နှာပေါ်ကွန်ဒုံးမတင်ခင် ကွန်ဒုံးမှာ ချောဆီတွေ ဘာတွေ ဘာမှကပ်မနေအောင် သန့်ရှင်းရေးအရင်ဆုံးလုပ်ပေးရမယ်ဆိုတာပါပဲ။

Credit :Trend Myanmar