Breaking News

ဝတ်လစ်စလစ် ကိုယ်ကာယလေ့ကျင့်မှုသင်တန်းကို ဗြိတိသျှ trainer တစ်ဦး စတင်ဖွင့်လှစ် News



အသက် ၃၅ နှစ်အရွယ် ကိုယ်ကာယလေ့ကျင့်ခန်း လေ့ကျင့်သင်ကြားပေးသူတစ်ဦးဖြစ်တဲ့ Helen Smith ဟာ ယူကေနိုင်ငံ ဆောက်သမ်တန်မြို့မှာ ခေတ်တစ်ခေတ်ဆန်းစေတဲ့ ကိုယ်လုံးတီး ကိုယ်ကာယလေ့ကျင့်မှုသင်တန်းတွေ ဦးဆောင်ဖွင့်လှစ်ထားပါတယ်။

သင်တန်းသားတွေဟာ ၃၃ နဲ့ ၇၀ ကြားအရွယ်တွေဖြစ်ကြပြီး Helen နဲ့အတူ မိနစ် ၆၀ ကြာကိုယ်ကာယလေ့ကျင့်မှုမလုပ်ခင် gym အခန်းတံခါးပေါက်ဝမှာ အဝတ်အစားတွေ စစ်ဆေးမှုခံယူကြပါတယ်။ ဒါပေမယ့်လို့ အမျိုးသမီးတွေအနေနဲ့ ဆန္ဒရှိရင် အားကစားဘရာစီယာတွေ ဝတ်ဆင်နိုင်ပါတယ်။

"လွန်ခဲ့တဲ့ ၂ နှစ်က ပြင်သစ်နိုင်ငံက ဝတ်လစ်စားလစ်ဖြင့်နေရတဲ့ ကမ်းခြေတစ်ခုမှာ ညနေခင်းအချိန်လေး ဖြတ်သန်းကုန်ဆုံးပြီးတဲ့နောက် ဝတ်လစ်စားလစ်ဖြင့် နေထိုင်တဲ့ အလေ့အကျင့်ကို ကျင့်သုံးဖို့ သူမ စိတ်ကူးရရှိခဲ့တာလို့ Helen က ပြောဆိုခဲ့ပါတယ်။ သူမ အားကစားမှာ လက်တွေ့အသုံးချခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်လုံးတီးနေတာက ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ရာမှာ တွေ့နေကျ အမှားအယွင်းတချို့ကို ထုတ်ဖော်ပေးနိုင်ပါတယ်။ ဥပမာ- အရေးကြီးလေ့ကျင့်ခန်းတစ်ခုခုဆောင်ရွက်နေသည့်တိုင် အဝတ်အစားပွပွတွေ ဝတ်ဆင်ထားပါက သင့်ကိုယ်ကာယလေ့ကျင့်ခန်း နည်းလမ်းကျမကျ ပြောဖို့ ခဲယဉ်းကြောင်း သူမရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Credit :Trend Myanmar