Breaking News

Valentines Day မှာ ထူးထူးခြားခြား တောင်တက်ခဲ့တဲ့စုံတွဲ



အားပေးသူ ပရိသတ်တွေအများအပြားရှိတဲ့ တောင်တက်ကျွမ်းကျင်စုံတွဲ (၂)တွဲဖြစ်ပါတယ်။ မနေ့က ကျရောက်ခဲ့တဲ့ ချစ်သူများနေ့မှာတော့ ထိုစုံတွဲ(၂) တွဲက ထူးထူးခြားခြား တောင်တက်ပြီး ချစ်သူများနေ့ကိုကျင်းပခဲ့ပါတယ်။
ထိုအတွဲနှစ်တွဲဟာ မင်္ဂလာဝတ်စုံများဝတ်ဆင်ပြီး Hunan ဒေသ၏ မြစ်ကမ်းဘေးတွင်ရှိသည့် ကျောက်တောင်ကို ခက်ခက်ခဲခဲတက်ခဲ့တာဖြစ်ပါတယ်။ တောင်၏ အမြင့်ဆုံး နေရာထိအရောက်တက်နိုင်ခဲ့ပြီး ချစ်သူများနေ့တွင် ထူးခြားသည့် မှတ်တမ်းတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Credit :သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)