Breaking News

ချစ်သူများနေ့အတွက် Victoria's Secret ကြော်ငြာ"Love,


Valentine's Day ကြော်ငြာအတွက် VS နတ်မိမယ်တွေလည်းဖြစ်တဲ့ စူပါမော်ဒယ် ဂျက်စမင်တွတ်ခ်၊ ဂျို့စဖင်းစခရီဗာ၊ ရိုမီစထရီး၊ တေလာဟေးနဲ့ လီလီအဲဒရစ်ခ်ျတို့ကို အလန်းဆုံး အတွင်းခံလေးတွေ ဝတ်လို့ ရိုက်ကူးခဲ့ကြပါတယ်။
play

ဂျို့စဖင်းကတော့ သူ့ရဲ့ချစ်သူများနေ့အစီအစဉ်ကို ပြောပြခဲ့ပါတယ်။
ဂျို့စဖင်းက သူမရဲ့ချစ်သူအတွက် အဝတ်အစားလှလှ ဝတ်ဆင်မယ်လို့ ဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ် သူမဟာ အဲဒီနေ့ကို ရောက်ဖို့ စောင့်မျှော်နေသူဖြစ်ပြီး အလှဆုံးဝတ်ဆင်လို့ ချစ်သူကို အံ့သြအောင်လုပ်ဖို့ ပြင်ဆင်ထားပါတယ်။
"ချစ်သူကို ပေးဖို့ ဆက်စီအကျဆုံးလက်ဆောင်က သူတို့အတွက် အလန်းဆုံး ဝတ်ဆင်ဖို့ပါပဲ။ ကျွန်မအဝတ်အစားတွေရဲ့အောက်မှာ Victoria's Secret အတွင်းခံတွေ ဝတ်ထားရင် သူအရမ်းအံ့သြသွားမယ်" လို့ သူမက ပြောခဲ့ပါတယ်။
play

ဂျက်စမင်န့အတူ နောက်ကျောအလှကိုပြထားတဲ့ ဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ ဆာရာကတော့ အမျိုးသားတွေကို တိုက်တွန်းထားပါတယ်။
ချစ်သူများနေ့မှာ ဆိုင်တစ်ဆိုင်သွားပြီး ချစ်သူကို လက်ဆောင် မဖြစ်မနေ ဝယ်ပေးဖို့ပါ။
play

"ရှင့်ချစ်သူက သေတ္တာကို ဖွင့်လိုက်ချိန်မှာ ထင်မှတ်မထားတဲ့ လက်ဆောင်ကို မြင်သွားရင် သူပျော်ရွှင်သွားလိမ့်မယ်" လို့ သူမက ဆိုထားပါတယ်။
Source & Photos : the Sun   Credit :duwun