Breaking News

ရည်းစားဦးဖြစ်တဲ့ The Weeknd ကို အမြဲချစ်နေမယ်ဆိုတဲ့ ဘယ်လာဟက်ဒီး

အသက် ၂၀ အရွယ် စူပါမော်ဒယ် ဘယ်လာဟက်ဒီးဟာ ပထမဆုံးအကြိမ် အသည်းကွဲခြင်းလို့ ဝန်ခံလျက် The Weeknd အပေါ် သူမရဲ့ခံစားချက်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ကြောင်း ရဲရဲဝံ့ဝံ့ ဖွင့်ဟခဲ့ပါတယ်။
play

အဆိုတော် The Weeknd နဲ့ မော်ဒယ် ဘယ်လာဟက်ဒီးတို့ဟာ ၁၈ လအကြာတွဲခဲ့ပြီးနောက်  နိုဝင်ဘာလ ၁၀ ရက်နေ့မှာ People မဂ္ဂဇင်းက အတည်ပြုခဲ့ပါတယ်။ မချစ်တော့လို့ မဟုတ်ကြဘဲ နှစ်ဦးစလုံး အလုပ်တွေအရမ်းလွန်းတဲ့အတွက် လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
"ကျွန်မရဲ့ ပထမဆုံး လမ်းခွဲခြင်းပဲ။ ပြီးတော့ လူတိုင်းသိခဲ့တယ်။ အပြင်လူတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ကျွန်မက စိတ်ခိုင်တဲ့သူလို့ ထင်ချင်ထင်မှာပေါ့။ ဒါပေမဲ့ အဲဒါဟာ ကျွန်မနှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ အဲဒါကြောင့် အရမ်းလေးလံနေသလိုလည်း အမြဲခံစားရတယ်။ ခဏတာတော့ ခက်ခဲနေဦးမှာပဲ။ အချစ်ဆိုတာ နာကျင်ရပါတယ်။ ဒါပေမဲ့ ဒီလိုပဲ ကျော်ဖြတ်ရမှာပဲလေ။ ဒါပေမဲ့ ကျွန်မ သူ့ကို အမြဲလေးစားနေမယ်။ အမြဲလည်း ချစ်နေမှာပါ" လို့ ဘယ်လာက Teen Vogue ကို ရင်ဖွင့်ခဲ့တာပါ။
play

ဘယ်လာက ခံစားနေရပေမဲ့ The Weeknd ကတော့ အချစ်သစ်ဖြစ်တဲ့ ဆယ်လီနာဂိုးမက်စ်နဲ့ ပျော်နေပါပြီ။ သူဟာ ဆယ်လီနာကို အရူးအမူးချစ်နေတယ်လို့လည်း ဆိုကြပါတယ်။
"သူက ဆယ်လီနာကို တကယ်သဘောကျတာပါ။ နေ့တိုင်း စာတွေအပြန်အလှန်ပို့တယ်။ သူတို့ရဲ့အချစ်ရေးက တကယ့်ကို ကြည်နူးစရာပါ။ သူတို့ရဲ့ပုံစံကို အပြန်အလှန် ရယ်မောကြပြီး သဘောလည်း ကျကြပါတယ်" လို့ သတင်းပေးတစ်ဦးက ပြောပါတယ်။
ဆယ်လီနာဟာ လုံခြုံမှုကိုခံစားရတဲ့အတွက် ချစ်သူသစ်နဲ့ ပျော်ရွှင်နေတယ်လို့လည်း ဆိုကြပါတယ်။
ှSource & Photos : Mirror   Credit :duwun