လက်စွပ်လေး နှစ်ကွင်းနဲ့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ မြတ်သူသူဇင်တို့စုံတွဲ

အွန်လိုင်းပေါ်မှာ လက်ထပ်လက်စွပ်တွေ ကိုယ်စီဝတ်ဆင်ထားတဲ့ ပုံလေးတစ်ပုံနဲ့ စနောက်နေကြတဲ့ သူတွေတော်တော်များများကို တွေ့ရပါတယ်။ မထင်မှတ်ပဲ လက်မှတ်ထိုးလိုက်ရတာကြောင့်မို့ ခေါင်းစဉ်တပ်ပြီး စနောက်ထားတဲ့ စာတစ်ပုဒ်ကြောင့် ဖတ်ရသူတွေအားလုံး စိတ်လှုပ်ရှားခဲ့ရတာပဲဖြစ်ပါတယ်။

အထူးသဖြင့် အနုပညာရှင်တွေ စနောက်နေကြတာကြောင့် ပရိသတ်တွေက အဟုတ်ထင်ပြီး ထိတ်လန့်သွားခဲ့ရတာဖြစ်ပါတယ်။ ထို လက်တစ်စုံပုံပါတဲ့ ပိုင်ရှင်အစစ်အမှန်ကတော့ မြတ်သူသူဇင်တို့အတွဲရဲ့ ပုံဖြစ်ပြီး သူမတို့ကိုယ်တိုင်ကလည်း လက်ထပ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း စနောက်ခဲ့ကြတာဖြစ်ပါတယ်။

MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကြားရေပန်းစားလာတဲ့ မင်းသမီးလေး မြတ်သူသူဇင်တို့ ချစ်သူစုံတွဲဟာ ယခုဆိုရင်တော့ ချစ်သူသက်တမ်း ၅ နှစ်ပြည့် သွားခဲ့ပါပြီ။ သူမတို့ချစ်သူစုံတွဲဟာ ၅ နှစ်ပြည့်ချစ်သူသက်တမ်းအဖြစ် လက်စွပ်လေးတွေကိုယ်စီလုပ်ခဲ့ကြတာဖြစ်ပြီး ဓာတ်ပုံရိုက်ပြီးနောက် ပရိသတ်တွေကို စနောက်ခဲ့ကြတာဖြစ်ပါတယ်။ ထိုမှတဆင့်သူမတို့ရဲ့ လက်ထပ်လက်စွပ်ပုံလေးပြန့်သွားခဲ့တာဖြစ်ပါတယ်။ မြတ်သူသူဇင်ကတော့ သူမတို့ အမှန်တကယ်လက်ထပ်စာချုပ်ချုပ်တာမဟုတ်ဘဲ နဲ့ ၅ နှစ်ပြည့်လက်စွပ်လေးသာလုပ်တဲ့အကြောင်း စနောက်ခဲ့တာလေးကို ဒီနေ့မှာ အသိပေးဖြေရှင်းပေးထားပါတယ်နော်။

We Love Cele
Source-Myat Thu Thu Zin

Loading...

Facebook Comments