အသက်၁၂နှစ်ပဲ ရှိသေးတဲ့ မယားပါသမီးလေးအား ပထွေးက ယုတ်မာတဲ့ ဖြစ်ရပ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့ ဝက်လာကျေးရွာအုပ်စု ဇီးငူကျေးရွာတွင် 5.12.2018ရက်နေ့ 21:00အချိန်ခန့်တွင် မ………၏ သမီး မ………အသက်(၁၂)နှစ် အိမ်ချင်းကပ်လျှက်နေထိုင်သော အဖွားဖြစ်သူဒေါ်………၏နေအိမ်ကိုသွားရောက်၍ခြင်ထောင်ထောင်ကာအိပ်နေစဉ်အချိန်တွင်ပထွေးဖြစ်သူ(ဘ)ဦးရွှေလှော်၏သားမောင်စန်းအသက်၄၇နှစ်ရောက်လာပြီးအိပ်ပျော်နေသော မ…………အားသားမယားပြုကျင့်ရန်ပြုလုပ်နေစဉ်မ……မှာလန့်နိုးသွားပြီးအဖွားဖြစ်သူအားအော်ခေါ်မည်ပြုစဉ်

ပထွေးဖြစ်သူမောင်စန်းမှ မ………၏လည်ပင်းအားညှစ်ထားပြီး အတင်းအဓမ္မသားမယား ပြုကျင့်ပြီးနေအိမ်ပေါ်မှဆင်းသွားကြောင်း မ………မှအမေဖြစ်သူအားပြန်ပြောပြသဖြင့် အမေဖြစ်သူမှတရားလိုပြုလုပ်၍့်6.12.2018ရက်နေ့6:35အချိန်ခန့်တွင် အသုတ်နယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် စခန်းမှူးရဲအုပ်အောင်ကြည်သိန်းမှအမှုလက္ခံစစ်ဆေးပြီး ပ၂၀၁/၁၈အမှုကြီးအမှတ်၎/၁၈ရာဇသတ်ကြီးပုဒ်မ၃၇၆ဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရပြီး

ယခုဖြစ်စဉ်မဖြစ်ပွါးမှီ(၇)ရက်ခန့်ကပထွေးဖြစ်သူမောင်စန်းနှင်မ………တို့နှစ်ဦးသည်ဦးလေးများနှင့်အတူကွင်းထဲသို့ငါးရှာရင်းကန်စွန်းရွက်ခူးရန်လိုက်သွားစဉ်ဦးလေးများနှင့်လူစုကွဲသွားချိန်တွင် ရွာနှင့်၂မိုင်ခန့်ဝေးသောကျွဲရဲအင်းအနီးလျိုချောက်ထဲတွင်ပထွေးဖြစ်သူမောင်စန်းမှ မ………အား

တွန်းလှဲပြီးအဓမ္မသားမယားပြုကျင့်ခဲ့ကြောင်းမ..……မှပြောပြ၍ပြူကျင့်ခံရသည့်နေရာအားကိုယ်တိုင်လိုက်လံပြသပြီးပြောပြသဖြင့်သိရှိခဲ့ရသည်။

Credit: KoMoe

Loading...

Facebook Comments