သရုပ်ဆောင် ဝေဠုကျော်က ကျပ်သိန်းတစ်သောင်းနဲ့ လာရောက်ညှိနှိုင်းတယ်လို့ ဖွင့်ဟလိုက်တဲ့ အလှမယ်သင်းသင်း

အလှမယ်သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုတော့မယ့်အကြောင်းကို မီဒီယာတွေကနေ တဆင့်ဖြေကြားလိုက်တာဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်တွေအပေါ်မှာလည်း ဝေဠုကျော်က တရားရင်ဆိုင်သွားမှာဖြစ်ပြီးတော့ ဒီအကြောင်းတွေကြောင့် နောက်နှစ်အတွင်းမှာ အိမ်ထောင်ပြုရတော့မယ်လို့ဆိုပါတယ်။

သူအိမ်ထောင်ပြုမယ့် အမျိုးသမီးကလည်း သူ့အပေါ်နားလည်မှုအပြည့်ရှိတဲ့အမျိုးသမီးဖြစ်ရမယ်လို့ ဆိုပြီးတော့ နောက်နှစ်ထဲမှာ အိမ်ထောင်မဟုတ်ရင် ထောင်တော့ တစ်ခုခုကျမှာပါလို့ မီဒီယာတွေကနေတဆင့် ဖြေရှင်းလိုက်တာဖြစ်ပါတယ်။

သရုပ်ဆောင် ဝေဠုကျော် နဲ့ အလှမယ်သင်းသင်းတို့ရဲ့ ပြသာနာရပ်တွေဟာ ယနေ့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေစိတ်ဝင်စားနေခဲ့တဲ့ ပြသာနာဖြစ်နေခဲ့ပါတယ်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွှဲပိုင်းလောက်မှာ အလှမယ် သင်းသင်းက ပွဲတစ်ခုကနေပြီး Live လွှင့်ခဲ့တာဖြစ်ပါတယ်။ သူမပွဲတွေသွားခဲ့တဲ့တလျှောက် သူမရဲ့ မည်သည့်ပစ္စည်းမှပျောက်ရှခြင်းမရှိခဲ့ပေမယ့် ယနေ့မှာတော့ သူမရဲ့ အထုပ်အပိုးတစ်ခုခိုးခံရတယ်လို့ဆိုပါတယ်။

အထုတ်တွေအများကြီးရှိတဲ့ထဲမှာမှ သူမရဲ့အထုတ်တစ်ထုတ်သာခိုးခံရခြင်းဖြစ်ပြီးတော့ အဲဒီအထုတ်မှာလည်း ဖိနပ်နဲ့ အဝတ်အစားတွေသာပါသွားတာကြောင့် ဘာမှမရှိဘူး မရှာပါနဲ့လို့ Live ကနေတဆင့်ပြောခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ ယခုလိုမျိုးပစ္စည်းတွေခိုးယူခံရနေပြီဖြစ်တာကြောင့် နောက်နောင်မှာလည်း သူမကိုယ်တိုင် သတိထားပြီးသွားလာရတော့မယ်လို့ စိတ်ပူပန်စွာ ပြောခဲ့ပါတယ်။

အလှမယ်သင်းသင်းကတော့ ပရိသတ်တွေကို အချိန်အတိုင်းအတာတစ်ခုထိ စောင့်ပြီး အမှန်တရားကို ကြည့်ခိုင်းခဲ့ပါတယ်။ သူမအနေနဲ့ တိုင်းသိပြည်သိဖြစ်အောင် နာမည်အပျက်ခံပြီး တရားစွဲဆိုရခြင်းဟာလည်း အများသူငှာ စွပ်စွဲနေသကဲ့သို့ ငွေကြေးကြောင့်မဟုတ်ဘဲ မဟုတ်မခံ စိတ်ဓာတ်တစ်ခုတည်းကြောင့်လို့ဆိုပါတယ်။

သူမအနေနဲ့ တရားစွဲဆိုလို့ရတဲ့အနေအထားထိရှိတာကြောင့် တရားစွဲဆိုခြင်းဖြစ်ပြီးတော့ လုပ်ချင်တာလုပ်ပြီး ပစ်ချသွားလို့ရတဲ့သူမဟုတ်တာကြောင့် တရားစွဲဆိုခြင်းဖြစ်တယ်လို့ဆိုပါတယ်။ သူမဟာ အမှန်တရားဘက်မှာရှိတာကြောင့် အားငယ်ခြင်းတစိုးတစိမှ မရှိဘဲ ရှေ့ဆက်သွားမယ်လို့ဆိုပါတယ်။

ထို့အပြင် ဒီကိစ္စရပ်ကိုလည်း ကာယကံရှင်ဖြစ်တဲ့ သူတို့ (၂) ဦးထက်ပိုပြီး ဘယ်သူမှမသိနိုင်တာကြောင့် အမှန်တရားပေါ်ပေါက်လာဖို့ အချိန်တစ်ခုကို စောင့်ပေးပါလို့ အလှမယ်သင်းသင်းက ဆိုပါတယ်။ သူမဟာ ငွေမက်တဲ့သူမဟုတ်ဘဲ မဟုတ်မခံစိတ်ရှိသူဖြစ်ကြောင်းနဲ့ သူမကို သရုပ်ဆောင် ဝေဠုကျော်က ကျပ်သိန်းတစ်သောင်းနဲ့ လာရောက်ညှိနှိုင်းခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။

သူမကတော့ ရှေ့ဆက်ပြီးတော့ ဆက်သွားမှာဖြစ်ကြောင်းနဲ့ သူမကို ဆိုးဆိုးဝါးဝါးတိုက်ခိုက်နေသူများကိုလည်း အပြစ်မမြင်ပါဘူးလို့ဆိုပါတယ်။We Love Cele

သူမရဲ့ Live လေးကိုဖော်ပြပေးလိုက်ပါတယ်။

Loading...

Facebook Comments