မင်းသွေးကို သတိရနေတဲ့အကြောင်း ထုတ်ပြောလာတဲ့ ​နေတိုး

ပရိသတ်တွေအရမ်းချစ်ကြတဲ့ အနုပညာရှင် ညီအကိုတွေဖြစ်ကြတဲ့ နေတိုးနဲ့ မင်းသွေးတို့နှစ်ဦးကတော့ အနုပညာပိုင်းမှာ ထူးချွန်တာကြောင့် အားပေးကြတဲ့ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုကိုယ်စီ ပိုင်ဆိုင်ထားသူတွေပဲ ဖြစ်ပါတယ်။ မမြဲတဲ့ ကံအကြောင်းတရားကြောင့် ရုတ်တရက်ဆိုသလို ချစ်ရတဲ့ မိသားစုကိုရော၊ ပရိသတ်တွေကိုပါ ခွဲခွာသွားတဲ့ မင်းသွေးကတော့ သူချစ်ရတဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိတော့ပါဘူး။ အကိုဖြစ်သူ နေတိုးကတော့ ညီလေး မင်းသွေးကို ရင်ထဲမှာ အမြဲသတိတရရှိနေပေမယ့် မနေ့ကပဲ သတိရနေတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ထုတ်ပြောလာတာ တွေ့ရပါတယ်။

နေတိုးကတော့ “ကြိုမမြင်နိုင်သော မနက်ဖြန်များစွာအတွက် သတိရခြင်းများစွာဖြင့် ……. နေတိုး” ဆိုပြီး ညီဖြစ်သူ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သတ်ကွင်းရုပ်ရှင်ကပုံရိပ်လေးနဲ့အတူ မင်းသွေးကို သတိရနေတဲ့အကြောင်း ရေးသားထားတာပါ။

မင်းသွေးကိုယ်တိုင် ဖြစ်ချင်တဲ့ ကာရိုက်တာကို ရာနှုန်းပြည့် အကောင်းဆုံးပုံဖော်သရုပ်ဆောင်ခဲ့တဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသနေပြီပဲ ဖြစ်ပါတယ်။

“သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နေတိုးကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့် သရုပ်ဆောင်ထားပါသေးတယ်။

သရုပ်ဆောင် အဆိုတော်တစ်ဦးဖြစ်တဲ့ မင်းသွေးကတော့ ပြီးခဲ့တဲ့ ​အောက်​တိုဘာလ ၇ရက်​​နေ့မှာ ချစ်ရခင်ရသူတွေ၊ ပရိသတ်တွေနဲ့ မိသားစုတွေကို စွန့်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသွေးရဲ့ပရိသတ်တွေကတော့ မင်းသွေးအကောင်းဆုံးကြိုးစားထားတဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးဖို့ အဆင်သင့်ရှိနေကြပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မင်းသွေးအများကြီးမျှော်လင့်ထားတဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ပိတ်ကားထက်မှာ ကိုယ်တိုင်ကိုယ်ကျ အားပေးကြည့်ရှုကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nay Toe’s Facebook

Credit : momolay

Loading...

Facebook Comments