အဆို​တော်​တစ်​​ယောက်​နဲ့ တွဲ​နေတယ်​ဆိုတဲ့ သတင်းကို ပထမဦးဆုံး အကြိမ်​ ​တုန့်​ပြန်​လိုက်​တဲ့ ယွန်းယွန်း

ချစ်​စရာ​ကောင်းတဲ့ ချိုမြမြ အပြုံးနုနု​လေး​တွေကို ပိုင်​ဆိုင်​ထားတဲ့ ချစ်​စရာ​ကောင်​မ​လေး ယွန်းယွန်းက​တော့ က​လေးသရုပ်​​ဆောင်​ဘဝကတည်းက ပရိသတ်​​တွေရဲ့ နှလုံးသား​လေးကို ဖမ်းစားထားနိုင်​သူ​လေးပါ။ အရွယ်​​ရောက်​လာ​လေ ပိုပိုလှလာ​လေ ဖြစ်​တဲ့ ယွန်းယွန်း​လေးက​တော့ အခုဆိုရင်​ မင်းသမီးတစ်​ဦးအ​နေနဲ့ သရုပ်​​ဆောင်​​နေရပြီပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ယွန်းယွန်းက ​အဆို​တော်​တစ်​​ယောက်​နဲ့ ချစ်​သူ​တွေဖြစ်​​နေကြပြီဆိုတဲ့ သတင်းတစ်​ခုက လူမှုကွန်​ယက်​​ပေါ်မှာ ပြန့်​နှံ့​နေတာ​ကြောင့်​ ပရိသတ်​​တွေက အရမ်းကို စိတ်​ဝင်​စား​နေကြတာပါ​နော်​။

အဆိုပါသတင်းနဲ့ ပတ်​သတ်​ပြီး​တော့ ယွန်းယွန်းက ပထမဦးဆုံး အကြိမ်​အ​နေနဲ့ ပြန်​လည်​​ဖြေရှင်းခဲ့တာ ​တွေ့ရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ ယွန်းယွန်းရဲ့ ​ဖြေရှင်းချက်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ယွန်းယွန်းက​တော့ “Yoon ကျန်တာတွေခေါင်းထဲမထည့်ပါဘူးနော်.. ဘယ်သူ့ကိုမှလည်း မမုန်းပါဘူး..😔 ဒီချိန်လေးမှာ ပြောဆိုခံရမယ့်ကံပါလို့လို့ပဲတွေးပါတယ်.. နောက်တော့လည်းပြီးသွားမှာပါနော်။ စိတ်ပူပေးကြလို့လည်း ကျေးဇူးများကြီးတင်ပါတယ်ရှင့် 🙏🏻” ဆိုပြီး ပညာသားပါပါနဲ့ ​ဖြေရှင်းခဲ့တာ ​တွေ့ရပါတယ်​။

ယွန်းယွန်းက​တော့ လတ်​တ​လောမှာ ဇာတ်​ကား​တွေ ဆက်​တိုက်​ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ကိုင်​ဖြစ်​​နေတာ ​တွေ့ရပါတယ်​။ သရုပ်​​ဆောင်​ ပီပြင်​လွန်းတာ​ကြောင့်​လည်း က​လေးဘဝမှာကတည်းက အကယ်​ဒမီဆုကို ပိုင်​ဆိုင်​ခဲ့သ​လေးဆိုရင်​လည်း မမှားပါဘူး။

Myint Myat
Source:Yoon Yoon’s Fcebook

Credit : momolay

Loading...

Facebook Comments