နှစ်သစ်မှာ သူမရဲ့ အကယ်ဒမီရွှေကြယ်လေးကို ဘုရားမှာလှူဒါန်း ခဲ့တဲ့ ခိုင်သင်းကြည်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သူမက ခုချိန် ထိ နုပျိုလှပဆဲဖြစ်ပြီး အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ချစ်ရတဲ့ မိသားစုလေးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူလေးပါ။ ခိုင်သင်းကြည်တို့ မိသားစုလေးက New Year မှာ ငွေဆောင်ကမ်းခြေမှာ အပန်းဖြေအနားယူနေတာပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီးအတွက် ခိုင်သင်းကြည် ရဲ့ နှစ်သစ်မှာ အကယ်ဒမီ ရွှေကြွယ်ကိုလှူဒါန်းခဲ့တဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေး လိုက်ပါတယ်နော်။

ခိုင်သင်းကြည် က ” ပဌာန်းရွတ်ဖတ်ပူဇော်🙏🙏🙏
ရွှေကြယ်ကပ်လှူပူဇော်🙏🙏🙏ဒီနေ့ မှနှစ်သစ်အလှူလေးလုပ်ဖြစ်တယ်ရှင်😬မနေ့ ကခရီးကအပြန်လမ်းမှာကားတွေပိတ်ပြီးနောက်ကျသွားလို့ ဘုရားလည်းမသွားလိုက်ရ,သုသုလေးရဲ့ မင်္ဂလာပွဲလဲမသွားလိုက်ရဘူး😩ဒီအကယ်ဒမီရွှေကြယ်လေးကိုနှစ်သစ်မှာလှူဖို့ အတွက်ရက်စွဲလေးထိုးထားတာပါ😊(ဒီကြယ်ကပထမဦးဆုံးရတဲ့ကြယ်ပါဒုတိယရတဲ့ကြယ်ကတော့အောင်ဇဗ္ဗူဘုန်းကြီးကျောင်းကဘုရားမှာလှူထားပါတယ်ရှင့်)အဲ့ဒီ့တုံးကပရိသတ်တွေအရမ်းရစေချင်ပြီးဆုတောင်းပေးခဲ့ကြ,အားပေးခဲ့ကြလို့ ရခဲ့တယ်လို့ ထင်ပါတယ်,ဒါကြောင့်ပရိတ်သတ်တွေရဲ့ အလှူလို့ လဲပြောလို့ ရပါတယ်ရှင့်😍ချစ်ပရိတ်သတ်များကျန်းမာ,ချမ်းသာပြီးပျော်ရွှင်ကြပါစေရှင့်🙏” ဆိုပြီးပြောထားပါတယ်။

ခိုင်သင်းကြည်က new year မှာ ငွေဆောင် ကို မိသားစု သွားခဲ့ပြီး အပြန်လမ်းတွေပိတ်နေတာကြောင့် ဘုရားကိုလည်း မသွားခဲ့ရသလို ပိုင်ဖြိုးသု မင်္ဂလာဆောင်ကို လည်း မသွားခဲ့ရဘူးလို့ ပြောထားပါသေးတယ်။

ခိုင်သင်းကြည် ရဲ့ အလှူပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သတို့သမီးရုပ်ရှင်ဇာတ်ကားကိုကြည့်ပြီး အလင်းရောင်ကိုသတ်ပစ်ချင်တယ်ဆိုတဲ့ ခင်ဝင့်ဝါ

သရုပ်ဆောင် ခိုင်သင်းကြည် ရဲ့ အကယ်ဒမီ ရွှေကြွယ် လှူဒါန်းခဲ့တဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;khin thin kyi’s facebook

Credit : momolay

Loading...

Facebook Comments