မန္တလေးမှာ အာမခံနဲ့လွတ်လာတဲ့ ဒေါ်နန္ဒမာလာကို ဖမ်းဝရမ်းဖြင့် လှိုင်မြို့မရဲစခန်း မှပြန်လည်ဖမ်းဆီး

ဒေါ်နန္ဒမာလာကို ဖမ်းဝရမ်းဖြင့် လှိုင်မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထား ။ ငွေကြေးအရှုပ်အရှင်းကိစ္စများနှင့် ပတ်သက်၍ အမှုဖွင့် တရားစွဲဆိုခြင်းများ ခံထားရသည့် အကြားအမြင်ရ ပုဂ္ဂိုလ်ဟုဆိုသည့် ဒေါ်နန္ဒမာလာကို လှိုင်မြို့မရဲစခန်း၌ တရားရုံးဦးတိုက်လျှောက်ထားသည့် ဖမ်းဝရမ်းဖြင့် ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။

လှိုင်မြို့မရဲစခန်း၌ ရွှေကိန္နရာ ခရီးသွားလုပ်ငန်းပိုင်ရှင် ဦးနေမျိုးနိုင်က ငွေကြေးရလိုမှုဖြင့် ၎င်းကိုအမှုဖွင့်ထားခြင်းဖြစ်ပြီး လက်ရှိတွင် တရားရုံး၏ ဖမ်းဝရမ်းထုတ်မှုဖြင့် စခန်း၌ ထိန်းသိမ်းထားလျက်ရှိကြောင်း လှိုင်မြို့မစခန်းမှူးက ပြောသည်။

“တရားရုံး ဖမ်းဝရမ်းအရ ကျွန်တော်တို့ စခန်းမှာပဲ ထိန်းသိမ်းထားလိုက်တယ်။ အဲဒါကို ရုံးဖွင့်ရက်(တနင်္လာနေ့)ကျမှ လှိုင်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေမှာဖြစ်ပြီး အခုအဲဒါတွေကို စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျ” ဟု စခန်းမှူး သိန်းဆွေမြင့် က အကုန်သိသတင်းဌာနသို့ ယနေ့(ဇန်နဝါရ်ီလ ၅ ရက်)နေ့လယ် ၁ နာရီခွဲတွင် ပြောသည်။

အလားတူယနေ့တွင်လည်း တောင်ကြီးမြို့မှ လုပ်ငန်းရှင် ၃ ဦး မင်္ဂလာဒုံမြို့မရဲစခန်းသို့ ရောက်ရှိကာ ၎င်းတို့အား ဒေါ်နန္ဒမာလာမှ ငွေကြေးလိမ်လည်သည့်အတွက် ငွေကြေးပြန်လည်ရလိုမှုဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါ်နန္ဒမာလာကို မည်သည့်ဖမ်းဝရမ်းဖြင့် ဖမ်းဆီးထားသည်ကို မသိရှိကြောင်း

ယခုဖမ်းဝမ်းရမ်းမှာလည်း ရွှေကိန္နရာခရီးသွားလုပ်ငန်းပိုင်ရှင် ဦးနေမျိုးနိုင်ကိုယ်တိုင်အမှုဖွင့် တိုင်တန်းထားသည့် ပုဒ်မ-၄၂၀ နှင့်လည်း မသက်ဆိုင်ကြောင်း မယ်တော်ကြီး၏သားတပည့် ကိုစွမ်းအောင် က ပြောသည်။

“ကျွန်တော်တို့ ဘက်ကထွက်ပြေးတာလည်း မဟုတ်ဘူး။ ကိုယ်တိုင်လာရှင်းမှာလို့ ပြောထားပြီးသားကို တရားရုံးရဲ့အာဏာနဲ့ ညတွင်းချင်း ဖမ်းဝရမ်းထုတ်တယ်ဆိုတာကို လုံးဝနားမလည်နိုင်ဘူး။ ကျွန်တော်တို့ မန္တလေးကနေ ရန်ကုန်ကိုလာတဲ့အချိန်မှာ လှိုင်မြို့နယ်တရားရုံးကနေ ဘယ်အချိန်က ထုတ်ထားမှန်းမသိတဲ့ ဖမ်းဝရမ်းနဲ့ အခုဖမ်းဆီးထားတယ်။

အဲဒါတွေကို နားမလည်နိုင်ဘူး။ ဒါပေမဲ့ တနင်္လာနေ့ ရုံးချိန်းမှာ အားလုံးချပြသွားဖို့ရှိတယ်။ အဲဒီနေ့ကျရင်ပြန်လာခဲ့ပါ” ဟု ကိုစွမ်းအောင် က ပြောသည်။လာမည့် ဇန်နဝါရီလ ၇ ရက်တွင် အကြားအမြင်ရမယ်တော်ကြီး နန္ဒမာလာကို လှိုင်မြို့နယ်တရားရုံးမှာ စတင်ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။-

ဒါးဇ၊ ထက်ဝေလင်း(အကုန်သိသတင်းဌာန)

Credit : http://newswatch-mm.com

Loading...

Facebook Comments