ဖွားဖွားဒေါ်ခင်လေးဆွေ စိတ်ချမ်းသာအောင် တစ်အိမ်လုံးကို စံပယ်ပန်းတွေနဲ့ အလှဆင်ပေးလိုက်တဲ့ စမိုင်းလ်

စမိုင်းလ်​ဆိုတာက တစ်​ခါကအနုပညာ​လောကမှာ နာမည်​ကြီးထိပ်​တန်းမင်းသမီးတစ်​ဦးပါ။ ​ကြော်​ငြာ​လောကမှာ​တော့ စမိုင်းလ်​မပါတဲ့​ကြော်​ငြာဆိုတာမရှိသ​လောက်​ပါပဲ။ သူမက​တော့ အိမ်​​ထောင်​ကျပြီး​နောက်​ပိုင်း ခင်​ပွန်းဖြစ်​သူနဲ့ နိုင်​ငံခြားမှာသွား​ရောက်​​နေထိုင်​ခဲ့ပြီး အနုပညာအလုပ်​​တွေနဲ့ အလှမ်း​ဝေးခဲ့တာဖြစ်​ပါတယ်​။ သူမက လွန်​ခဲ့တဲ့နှစ်​အနည်းငယ်​ကမှ မြန်​မာနိုင်​ငံ​ကို ပြန်​လည်​​ရောက်​ရှိလာခဲ့တာဖြစ်​ပါတယ်​။

စမိုင်းလ်​က​တော့ အခုဆိုရင်​ သူမရဲ့ချစ်​ခင်​ပွန်းနဲ့ သမီး​လေးနှစ်​​ယောက်​နဲ့အတူတူ သာယာ​ပျော်​ရွှင်​တဲ့ မိသားစုဘဝ​လေးကို တည်​​ဆောက်​ထားတာပဲဖြစ်​ပါတယ်​။ စမိုင်းလ်​က ခင်​ပွန်းဖြစ်​သူနဲ့ အလုပ်​​တွေကို ကူညီလုပ်​ကိုင်​​ပေးရင်း ချစ်​ရတဲ့ မိသားစု​တွေကို အချိန်​​ပေးရင်း ဘဝကို​အေးချမ်းစွာ ဖြတ်​သန်း​နေပါတယ်​။

စမိုင်းလ်​ဟာ မင်းသမီးကြီး ​ဒေါ်ခင်​​လေး​ဆွေရဲ့ အချစ်​ဆုံး​မြေး​လေးလဲဖြစ်​ပါတယ်​။ စမိုင်းလ်​ကလဲ ဖွားဖွားကြီး ​ဒေါ်ခင်​​လေး​ဆွေကို အရမ်းကိုချစ်​ပြီး ဖွားဖွားကြီးအတွက်​ လို​လေ​သေးမရှိ ဂရုစိုက်​တတ်​တဲ့ ​မြေးအလိမ္မာ​လေးလဲဖြစ်​ပါတယ်​။

ဒီ​နေ့မှာ​တော့ စမိုင်းလ်​က ချစ်​ရတဲ့ ဖွားဖွားကြီး စိတ်​နှလုံး​အေးချမ်း​စေဖို့ ပန်းလှလှ​လေး​တွေကို တစ်​အိမ်​လုံး​ဝေ​နေ​အောင်​ အလှဆင်​​ပေးခဲ့ပါတယ်​။ ​ဒေါ်ခင်​​လေး​ဆွေကလဲ ပန်း​လေး​တွေကိုကြည့်​ပြီး သ​ဘော​တွေကျ​နေတဲ့ ဗီဒီယို​လေးကို ပရိသတ်​​တွေအတွက်​ မျှ​ဝေ​ပေးလိုက်​ပါတယ်​​နော်​။

လက်​ဖက်​​တွေခိုးစားတာ လူမိသွားတဲ့ ဖွားဖွားကြီး ​ဒေါ်ခင်​​လေး​ဆွေ

ပန်း​လေး​တွေကြည့်​ပြီး စိတ်​ချမ်းသာ​နေတဲ့ စမိုင်းလ်​ရဲ့ဖွားဖွား

ပရိသတ်​ကြီးလဲ စမိုင်းလ်​နဲ့ ဖွားဖွားကြီး ​ဒေါ်ခင်​​လေး​ဆွေရဲ့ ချစ်​စရာ​ကောင်းတဲ့ ​ဗီဒီယို​လေး​ကို သ​ဘောကျနှစ်​ခြိုက်​ကြမယ်​ထင်​ပါတယ်​။ဒီပိုစ့်​​လေးကို သ​ဘောကျကြိုက်​နှစ်​သက်​ရင်​ Like & Share လုပ်​ဖို့မ​မေ့ပါနဲ့​နော်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကို ကျေးဇူးအထူးတင်​ရှိပါတယ်​။

Credit-Momolay

Loading...

Facebook Comments