AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ ယာယီစခန်းတစ်ခု သိမ်းပိုက်ရရှိ

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ ယာယီစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ (၅၀၀၀)ခန့် အကွာက ယာယီစခန်းကို ဇန်န၀ါရီလ (၁၆)ရက် မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်စဉ် အဲဒီယာယီစခန်းမှာ အင်အား(၅၀)ခန့် အခြေပြုနေ တယ်ဆိုတာကိုတွေ့ရှိရတာကြောင့် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ထိတွေ့တိုက်ခိုက်ရာမှာ တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာမရဘဲ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အလောင်းငါးလောင်း၊ အမ် (၂၂)သေနတ်တစ်လက်၊ အမ်(၁၄)သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ၊ တစ်ယောက်ပစ်ကျင်း (၅၀)ကျင်း၊ နှစ်ယောက် ပစ် ကျင်းငါးကျင်းတို့အား သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်လက်ပြီးတော့ တပ်မတော်အနေနဲ့ AA အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းရေး ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Credit : 5 PLUS NEWS

Loading...

Facebook Comments