ဆံပင်ပုံစံအသစ်လေးနဲ့ လန်းနေကြတဲ့ ​မေ​မေယွန်ဝတီလွင်​မိုးနဲ့ သားသား​ Liam ​လေးတို့ရဲ့ဗီဒီယို

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးလေးကတော့ ချစ်ရသူနဲ့အတူ လက်ထပ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပါ။ လတ်တလောမှာတော့ ​ခေး​လေးယွန်းက ဆံပင်​ပုံစံ​ပြောင်းထားကြတဲ့ သူမနဲ့ Liam ​လေးတို့ရဲ့ ချစ်​စရာ​ဗီဒီယို​လေး​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ​မေ​မေ​ရော သားသား​လေးပါ ဆံပင်​ပုံစံအသစ်​​လေးနဲ့ အရမ်းကိုလန်း​နေတာပါ​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ ယွန်းဝတီလွင်မိုးနဲ့ သားသားလေး Liam တို့ရဲ့ ချစ်​စရာဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ချစ်​စရာ​ကောင်းတဲ့ သားသား​လေး လွင်​ထက်

မေ​မေယွန်းကလည်း လုံးဝအလန်​​နော်

ဆံပင်​ပုံစံအသစ်​​လေးနဲ့ အရမ်းချစ်​စရာ​ကောင်းတဲ့ သားသား​လေး Liam

တစ်​​နေ့ တခြား ပိုပိုလှလာတဲ့ ​ခေး​လေးယွန်း

ယွန်းဝတီလွင်မိုးရဲ့ ချစ်မဝတဲ့ သားသားလေး Liam (လွင်ထက်) ကတော့ အခုဆိုရင် ၄ လကျော်သွားပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက ချစ်ရသူနဲ့ ထိမ်းမြားလက်ထပ်ခဲ့တဲ့ ယွန်းဝတီလွင်မိုးလေးကတော့ သြဂုတ်လ ၆ရက်နေ့မှာ သားဦးလေး liam ကို မွေးဖွားသန့်စင်ခဲ့တာပါ ။ ယွန်းဝတီလွင်မိုးလေးကတော့ မကြာခင်မှာပဲ ကျောင်းတက်ဖို့အတွက် ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျကို ပြန်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Myint Myat
Source:Yunwaddy’s Instagram

Credit : momolay

Loading...

Facebook Comments