တောင်ငူမှာ အသတ်ခံရတဲ့ ဇနီးမောင်နှံရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်နဲ့ သူမကြုံခဲ့ရတဲ့ အဖြစ်အပျက် ကို ပြောလာတဲ့ နန်းသူဇာ

ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး ဖြစ်တဲ့ နန်းသူဇာ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်လေးပဲ ဖြစ်ပါတယ်။ နန်းသူဇာ က ကြော်ငြာများစွာကိုလည်း ရိုက်ကူးထားသလို သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားခဲ့တာပါ။ဒီတစ်ခါမှာတော့ချစ်ပရိသတ်တွေ အတွက် နန်းသူဇာ က လတ်တလောနာမည်ကြီးနေတဲ့ တောင်ငူမှာ အသတ်ခံရတဲ့ လူသတ်မှု နဲ့ ပတ်သက်ပြီးပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းသူဇာက ”ဟိုးတလောက ဆိုင်တစ်ဆိုင်သွားတာ ဆိုင်ဝမှာ ချော်လဲကျဖူးတယ်တော်တော် ဆိုးဆိုးလဲတာပါ… အဲနေ့က ဝတ်တဲ့ Jeans ဘောင်းဘီ ဒူးပွန်းသွားလို့ ပြန်ဝတ်လို့တောင်မရတော့ဘူးဖြစ်ချင်တော့ တစ်ယောက်ထဲ ကိုကျော်က ကားထဲမှာ ကျန်ခဲ့တယ် မိန်းကလေးတစ်ယောက် လဲသွားတယ်နော်ဘေးမှာ လူအများကြီးနော်ခြေထောက်နာလွန်းလို့ ခဏထိုင်ပြီးထဖို့ ကြိုးစားရတယ် သူတို့ ကပြုံးစိစိကြည့်တယ် မကူညီဘူးထဖို့ ကုန်းရုံးနေတဲ့အချိန် အတွဲ တစ်တွဲ ရောက်လာတယ်ကိုယ့် ကိုပတ်ခွကျော်ပြီး ကြည့်ပြီး ဆိုင်ထဲ ဝင်သွားတယ် မကူညီဘူး ကိုယ်နဲ့ သူတို့နဲ့ တော်တော်နီးပါတယ် ကူညီစိတ်မရှိကြတာပါ လူဝိုင်း ရိုက်သတ်ရင်နေရင်တော့ စဉ်းစားကြည့်ပါတော့ ဒီတိုင်းပါပဲ ဟိုမိသားစုကြောင်းလေးစဉ်းစာရင်း အရမ်းသနားလာလို့…. ကြောက်စရာကောင်းလိုက်တဲ့ ပတ်ဝန်းကျင်ပါလားလို့ ”လို့ပြောထားပါတယ်။

နန်းသူဇာက လတ်တလော နာမည်ကြီးနေတဲ့ တောင်ငူမှာရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ဇနီးမောင်နှံအကြောင်းနဲ့ ပတ်သက်ပြီး သူမကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးနဲ့ ယှဉ်ပြီး ဒုက္ခရောက်နေတဲ့ အခါ တစ်ချို့လူတွေက မြင်ကြပေမယ့် မမြင်ချင်ယောင်ဆောင်နေကြတဲ့ အကြောင်းကို တောင်ငူမှာ ရက်ရက်စက်စက် သတ်ခံလိုက်ရတဲ့ ဇနီးမောင်နှံအတွက် စိတ်မကောင်းစွာ ပြောထားတာပဲ ဖြစ်ပါတယ်။

နန်းသူဇာပြောပြထားတဲ့ ကြောင်းအရာလေးတွေကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit:nanmalgyi

Loading...

Facebook Comments